part 16

296 25 0
                                    

ဒီနေရာက ဘတ်ဟျွန်းအတွက် အရမ်းပြည့်စုံနေပေမယ့် ဆိုးလ်မှာလောက်ပျော်ရွှင်မှုကိုမဖြစ်စေဘူး။ စိတ်ပင်ပန်းရင် သွားစရာ club တွေမှာ အပန်းဖြေလို့ရပေမယ့် ဘတ်ဟျွန်းမသွားဖြစ်။ ထိုအရာတွေက တကယ့်တမ်းတော့ ဘတ်ဟျွန်းပင်ပန်းတာကို ခနတာမေ့ပျောက်သွားစေရုံပဲလေ။

ဆယ်ဟွန်းဆီက ဖုန်းလာတယ်။

"အင်း ဆယ်ဟွန်း"

"ဘတ်ဟျွန်း နေနိုင်လိုက်တာကွာ
ဖုန်းလေးတော့ဆက်သင့်တယ်"

"ငါနေကောင်းပါတယ်
မင်းတို့ကောင်တွေကိုသတိရနေတာ"

"အဲ့တာထက်ကို ငါ ချန်းယောလ်ကိုတွေ့လိုက်တယ်လို့‌လှမ်းပြောတာ"

အိပ်ပျော်နေတဲ့ ဘတ်ဟျွန်း နှလုံးသားကို ထိုအမည်နာမလေးက နှိုးလိုက်ပုံပါပဲ။

"အဲ့ဒီတော့...."

"အဲ့ဒီတော့ဘာဖြစ်ရမှာလဲ
ငါတွေ့တာ Luhan hyung ရှိတဲ့ဆေးရုံမှာ"

ဆေးရုံတဲ့လား။ Chan ဘာများဖြစ်တာလဲ။

"သူ့ပုံစံက လူမမာလိုပဲကွာ
မင်းသိချင်မလားလို့ပြောပြတာ"

"ဪ အင်း ငါအလုပ်ရှိသေးလို့
ဖုန်းချပြီနော် ဆယ်ဟွန်း"

ဖုန်းကိုဘယ်လက်ကကိုင်ပြီး ညာလက်က ရင်ဘတ်ကိုဖိထားလိုက်တယ်။ ဘာလဲ...
ဒီတင်းကြပ်မှုကြီးက။ ဘတ်ဟျွန်းက နာမည်ကြားလိုက်ရုံနဲ့ အဲ့ဒီ့လောက်ကို ဖြစ်ခဲ့တာပါ။

~☘️

"ရူးတော့မှာပဲ....တကယ်"

ဘတ်ဟျွန်းဆံပင်တွေကိုဆွဲဖွာလိုက်ရင်း ညကအကြောင်းအရာတွေကို series ကြည့်နေရသလိုပြန်မှတ်မိလာခဲ့တယ်။ ညက နှုတ်ဆက်ပွဲမှာ အရက်တော်တော်သောက်ခဲ့မိတယ်။ လူကမူးဝေဝေဖြစ်လာတဲ့အချိန်
ဘတ်ဟျွန်း, ချန်းယောလ်ရဲ့အိမ်ဆီသွားဖို့ပဲ စိတ်ရောက်နေခဲ့တယ်။

အဲ့လိုတွေကြောင့် ချန်းယောလ်သူ့ကိုစိတ်ပျက်သွားလေမလားလို့ ဘတ်ဟျွန်းကြောက်မိတယ်။ ဘယ်လိုပြန်တည်ဆောက်ခဲ့ရတဲ့ ဆက်ဆံရေးလဲ....လုံးဝတော့အပျက်စီးမခံနိုင်ဘူး။ ရှင်းပြတာတစ်ခုခုတော့လုပ်ရမယ်။ ချက်ချင်းပဲအိပ်ရာကထကာ တံခါးဆီအမြန်ထပြေးသော်လည်း တံခါးရှေ့မှာ ဘတ်ဟျွန်းခြေထောက်တွေက ဘရိတ်အုပ်သလိုရပ်သွားတယ်။

My Cutest Little Boy [ COMPLETED ]Where stories live. Discover now