part 3

306 34 2
                                    

________My Cutest Little Boy_______

ဘေးက ခုံလေးနဲ့အတူ လစ်ဟာနေသော ဘတ်ဟျွန်း၏ ရင်ဘတ်ကြီးတစ်ခုလုံးကို ပတ်ချန်းယောလ်ဆိုတဲ့ ကောင်လေးကသာ ကွက်လပ်ဖြည့်ပေးနိုင်ပါလိမ့်မည်။

စာကို အေး‌အေးဆေးဆေး သင်ပြီး နှုတ်ဆက်ကာအခန်းထဲမှ ထွက်ရန်ပြင်နေသော Sam ကို ဘတ်ဟျွန်း အော်ခေါ်လိုက်သည်။

"Sam ဒီဘေးက သူငယ်ချင်း ဘာလို့ကျောင်းမလာတော့တာလဲ"

"ချန်းယောလ်လား
သူနေမကောင်းလို့ ရက်အကန့်အသတ်မရှိကျောင်းနားထားတယ်"

ပြောပြီးထွက်သွားတဲ့ ဆရာ့ရဲ့ နောက်ကျောပြင်ကို ကြည့်ရင်း ဘတ်ဟျွန်း စိတ်တွေအတော်ပူလာခဲ့သည်။ မိုးရွာထဲမှာ အကာအကွယ်မရှိ ပြေးလွှားနေတဲ့ ချန်းယောလ်ကို အရမ်းသတိရနေသလို၊ စိတ်ပူနေသလို ဒွိဟဖြစ်နေတဲ့ ခံစားချက်ကြီးက တိုးဝင်လာသည်။

"ရက်အကန့်အသတ်တောင်မရှိရအောင် ဘယ်လောက်ဖျားနေတာလဲကွာ"

ထိုင်ခုံပေါ် စိတ်ပျက်လက်ပျက် ထိုင်ချမိတော့ ဆယ်ဟွန်းက မေးလေးထောက်ပြီး သက်ပြင်းချနေလေသည်။

"ဒီလောက်ဖြစ်နေရင် လိုက်သွားပါလား
အနည်းဆုံးကတော့ သူကမင်းကိုကြည်ဖြူတယ်လေ"

ဆယ်ဟွန်းအပြောကြောင့် ဘတ်ဟျွန်း ရင်ထဲလေးပင်သွားသည်။

"ဆယ်ဟွန်း မင်းရဲ့စကားကလည်း
ဘယ်သူက မင်းကိုမကြည်ဖြူတာလဲပြော...!"

"ဟင့်အင်း ဘာမှမဟုတ်တော့ဘူး"

ဟု ပြောပြီး နားကြပ်ကိုတပ်ကာ ဆယ်ဟွန်းတစ်ယောက် ဂိမ်းစဆော့ပါတော့သည်။ ဆယ်ဟွန်းက ရုပ်ချောပြီး စကားနည်းသည်။ လူအများကြားထဲမှာဆို ခပ်တည်တည်ပုံစံဖြင့်သာ နေတတ်သည်။ ရုပ်ချောသလောက် ချစ်သူရည်းစားဟူသည် သူ့တွင် တစ်ယောက်မျှ မရှိခဲ့ဖူးပါ။

"ဆယ်ဟွန်းနား ဂိမ်းတော်ရုံပဲဆော့ပါကွာ...
မင်းကိုကြည့်လိုက်တိုင်း အမြဲတမ်းအားရင်
ဂိမ်းပဲ"

ဘတ်ဟျွန်းပြောလိုက်တော့ ဆယ်ဟွန်း ပျော်သွားသည်။ ဘာလို့လဲဆိုတော့ ဘတ်ဟျွန်းက အမြဲသူဂိမ်း‌ဆော့နေတာကို သတိထားမိခြင်းကြောင့်ပင်။

My Cutest Little Boy [ COMPLETED ]Kde žijí příběhy. Začni objevovat