part 18 * Final

425 26 0
                                    

အရင်က တိတ်ဆိတ်ခြောက်ကပ်နေတဲ့ ချန်းယောလ်ရဲ့အိမ်ဟာလည်း တစ်စတစ်စပြောင်းလဲစပြုလာတယ်....

ဘတ်ဟျွန်းကဝရံတာမှာ အိုးတွေ စနစ်တကျလေးစီရီကာ ပန်းတွေအများကြီးလာစိုက်ထားပေးတယ်။ ပန်း‌ပွင့်သေး‌သေးလေးတွေ အရောင်စုံပြီးတော့ တစ်ချို့ပန်းတွေကတော့ အဖြူစပ်စွပ် မထိရက်စရာ.....

"ချန်းယောလ် ဒီပန်းတွေကို ရေသေချာဖြန်းပေးနော် မသေစေနဲ့"

"ဒီဗူးလေးရဲ့ ဒီနားကိုလက်နဲ့ဖိရင် ‌ဖြန်းလို့ရပြီ"

"ချန်း ဘာပန်းထပ်စိုက်ချင်လဲ ပြောလေ"

တစ်ခါတစ်ခါဆို ဘတ်ဟျွန်းက သူ့ပန်းတွေနဲ့သူအလုပ်ရှုပ်နေတာပဲ....

ချန်းယောလ်မပျင်းရအောင် ခွေးလေးနှစ်ကောင်ကိုခေါ်လာပေးသေးတယ်။ ခွေးမမွေးဖူးတဲ့ ချန်းယောလ်အတွက်က ထိုအကောင်လေးတွေက မိသားစုလိုပဲ အရမ်းချစ်ဖို့လည်းကောင်းတယ်။

"သူက Mongryoong တဲ့
ဒီအ‌သေးလေးက‌ Zzar တဲ့
ချစ်ဖို့ကောင်းတယ်မလား"

"ဝါးးး အရမ်းချစ်တာပဲ"

ဝကစ်ပြီး တင်ပါးလုံးလေးက အသည်းပုံလိုဖြစ်နေတဲ့ Mongryoong လေးက လုံးဝမငြိမ် တော့ ချန်း ခင်မျာ လိုက်ဖမ်းရတာ အမောတွေဆို့နေရှာသည်။
ခွေးလေးနှစ်ကောင်နဲ့ဆို ချန်းယောလ်က တကယ့်ကလေးလေးအတိုင်းပဲ...ဒါကိုကြည့်ပြီး ဘတ်ဟျွန်း ပီတိဖြစ်ရတယ်။

ချန်းယောလ်အတွက်ဆို အချက်အပြုတ်နဲ့ ကျန်းမာရေးမှအစ အကုန်ဂရုစိုက်ပေးနိုင်တဲ့ ဘတ်ဟျွန်းကို ချန်းယောလ်အရမ်းလည်းကျေးဇူးတင်သလို ချစ်လည်းချစ်တယ်

ချစ်တယ်မပြောလည်း သိသာနေတဲ့ဆက်ဆံရေးကို ချန်းယောလ်သဘောကျတယ်။

ချစ်တယ်ဆိုတဲ့ စကားကိုဖွဖွပြောနေဖို့
လိုအပ်ဘူးလေ မသိစိတ်ထဲမှာ ငြီးငွေ့သွားရင်လည်း ငြီးငွေ့သွားနိုင်တာမို့...
ချစ်တယ်ဆိုတာ ဒီအတိုင်း စကားလေးတစ်ခွန်းပါပဲ ဘာမှထူးခြားဘူး

My Cutest Little Boy [ COMPLETED ]Where stories live. Discover now