part 13

268 27 0
                                    

~🌷

ဆေးရုံမှာ ချန်းယောလ် နေခဲ့ရတဲ့အတောအတွင်း ဘတ်ဟျွန်းက အစစအရာရာဂရုစိုက်ပေးခဲ့လို့ ပျော်ရတယ်။
မှောင်မိုက်နေတဲ့ အိမ်လေးထဲကို နေရောင်ခြည်အလင်းတန်းက တိုးဝင်လာခဲ့သလို၊ ညအချိန်မှာ ပျောက်ချင်းမလှပျောက်သွားခဲ့တဲ့ ကောင်းကင်ပြာကြီးလို၊ မှောင်မိုက်နေပေမယ့် ပိုးစုန်းကြူးလေးတွေရဲ့ အလင်းလို ဘတ်ဟျွန်းက ချန်းယောလ်အတွက် မျှော်လင့်ခြင်းရောင်ခြည်လေးသာဖြစ်၏။

မနက်ခင်းဆိုရင် ဘတ်ဟျွန်းက ဘေးမှာအဆင်သင့်ထိုင်ပြီး ချန်း‌ယောလ်နိုးလာတဲ့အထိစောင့်တယ်။ နိုးလာရင် ထုံးစံအတိုင်း ချန်းယောလ်ကို ဘုကန့်လန့်ပြောပြီး စနောက်မယ်။ စိတ်ဆိုးသွားတဲ့ သူ့ရဲ့ချစ်စရာအမူအရာတွေက ဘတ်ဟျွန်းရဲ့တစ်နေ့တာအတွက် အားဖြစ်စေလောက်အောင် ချစ်စရာကောင်းနေ‌တယ်။

သူအိပ်ပျော်နေတဲ့အချိန်ဟာ ကလေးလေးတစ်ယောက်လိုပဲ။ အရမ်းချစ်စရာကောင်းလွန်းလို့ ဘတ်ဟျွန်းက ချန်းယောလ်ကို ဓာတ်ပုံခနခနခိုးရိုက်ဖြစ်တယ်။ တစ်ယောက်ယောက်မြင်ရင် stalker လို့ထင်ချင်စရာပင်။ ဆေးရုံရှေ့က ပန်းခြံဆီကို သူ့ကိုခနခနခေါ်သွားဖြစ်တယ်။ ချန်းယောလ်ကို စိတ်ပျော်ရွှင်လာအောင် ဘတ်ဟျွန်းအကောင်းဆုံးအခိုက်အတန့်တွေကို ဖန်တီးတယ်။

သူရဲ့က‌လေးလေး အများကြီးပြောင်းလဲသွားတယ်ဆိုတာ ဘတ်ဟျွန်းသိပေမယ့် ချန်းယောလ်ရဲ့ မျက်မှန်အောက်က မျက်ဝန်းလေးတွေက လွန်ခဲ့တဲ့ငါးနှစ်ကလို သူ့ကိုဆွဲ‌ဆောင်နေတုန်းပဲ။ စီးကရက်စွဲသောက်ထားတဲ့ ချန်းယောလ်ရဲ့ နှုတ်ခမ်းထူထူက ညိုနေပေမယ့် ဘတ်ဟျွန်းအတွက်ကတော့ သူအကြိုက်ဆုံး စတော်ဘယ်ရီသီးလေးတွေလို မြင်မိတိုင်းစားသုံးချင်စရာ။

"နိုးပြီလား"

ချန်းယောလ်ရဲ့ မနက်ခင်းက ဘတ်ဟျွန်းရဲ့အသံလေးနဲ့အတူ စတင်ခဲ့တယ်။

မျက်မှန်ကို ဘတ်ဟျွန်းက အလိုက်သင့်တပ်ပေးတော့ ချန်းယောလ်ကငြိမ်ခံနေရတာပေါ့။ မြင်မှမမြင်ရဘဲကို။

"ဘတ်ဟျွန်း....!"

"အင်း"

ချက်ချင်းပြန်ထူးလာတယ်ဆိုတော့ စကားဆက်ပြောဖို့အဆင်ပြေတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့။

My Cutest Little Boy [ COMPLETED ]Where stories live. Discover now