part 15

284 32 0
                                    

🚨This part includes Baekyeol kiss🚨

~☘️

ဘတ်ခ်ဟျွန်း ညတိုင်း ချန်းယောလ်ဆီဖုန်းခေါ်ပြီးဘာတွေပြောဖြစ်လဲ။

မနက်ဖြန် ဘယ်နှစ်နာရီထမှာလဲ၊ ဘာလုပ်မှာလဲ၊ ဘာစားချင်လဲ၊ အခုဘာလုပ်နေလဲ စသဖြင့် အရိုးရှင်းဆုံးအကြောင်းအရာလေးတွေပါပဲ။ ဒါပေမယ့် ဘတ်ဟျွန်းအတွက်ကတော့ ဘယ်တော့မှမရိုးနိုင်မယ့် စကားလေးတွေဖြစ်နေတယ်။ နေ့တိုင်းဒါတွေ မေးရလို့ငြီးငွေ့သွားလားဆိုတော့ ပိုလို့တောင်ပျော်လာသေးတယ်။

BAEKHYUN's Diary Note

ချန်းယောလ်နဲ့ ဒီနေ့လည်းဖုန်းပြောခဲ့တယ်။ အသံကမနေ့ကလို မခြောက်ကပ်တော့ဘူး။ ဒါပေမယ့် ‌သူ့အသံကိုနားထောင်ရတာ အားမရှိသလိုပဲ။ ချန်းယောလ်ရေ မင်းစကားတွေထစ်နေလည်းရပါတယ်....အဲ့တာလေးတွေကြောင့်သာမဟုတ်ရင် ငါလည်းမင်းကိုသဘောကျမိမှာမဟုတ်ဘူး...

USမှာငါးနှစ်နေလာတဲ့အတောအတွင်း ဘတ်ဟျွန်း ညတိုင်း၊ မနက်တိုင်း၊ အချိန်တိုင်း Chan ကိုလွမ်းရတယ်။ အစကတော့ ဆိုးလ်မှာပဲ ကျောင်းတက်ရင်း အဖေ့ company မှာအလုပ်ဝင်ဖို့တွေးထားပေမယ့် တကယ့်လက်တွေ့မှာရော ဘတ်ဟျွန်းနေနိုင်ပါ့မလားလို့ တွေးကြောက်မိခဲ့တယ်။ ချန်းယောလ်ကို ထိုအိမ်မှာတစ်ယောက်ထဲချန်ထားရပြီး အေးအေးဆေးဆေး ကျောင်းတက်နိုင်ပါ့မလား။သေချာပေါက် ဘတ်ဟျွန်းလုပ်ဖို့မဖြစ်နိုင်ဘူး။

ထိုနေ့က ဘတ်ဟျွန်းရဲ့ omma ကပြောခဲ့တယ်။

'ယွန်ဟီးရဲ့ သားကလေ US ကိုဆေးကျောင်းသွားတက်မှာတဲ့ သူများသားသမီးတွေများ လိမ္မာလိုက်တာ...ဘတ်ဟျွန်း မင့်အကျင့်နဲ့ စီးပွားရေးဘက်မှာအဆင်မပြေပါဘူး ဆရာဝန်လေးဘာလေး မဖြစ်ချင်ဘူးလား'

စားလက်စ မနက်ထမင်းဝိုင်းမှာ တူကိုင်ထားတဲ့လက်တစ်စုံရပ်တန့်သွားခဲ့တယ်။

'Company က မင်းအစ်ကိုရှိနေတာပဲ
မင်းအမေဖြစ်စေချင်တာ
လုပ်ပေးလိုက်စမ်းပါ' 

ဘတ်ဟျွန်းရင်တွေ တင်းကြပ်ပြီး ဝမ်းနည်းလာရတယ်။ အဟက် ငါ့ကိုဘယ်လိုဖြစ်စေချင်ကြတာလဲ အားလုံးက။

My Cutest Little Boy [ COMPLETED ]Where stories live. Discover now