Part _ 1

18.8K 515 60
                                    

(Unicode)

ကျေးငှက်လေးတွေရဲ့တေးသံနှင့်အတူမနက်ခင်းရဲ့နေရောင်ခြည်လေးကတစ်ဆတစ်ဆနဲ့အခန်းပြတင်းမှဖြာကျလျက်ရှိသည်...။ညဉ့်နက်တဲ့အထိ Bl series တွေထိုင်ကြည့်နေတဲ့တစ်ယောက်သောသူကတော့ခုချိန်ထိမနိုးလာသေးပေ...။

တီ...တီ...တီ (Alarm)

"နားငြီးတယ်ကွာ...အင့် "

ကုတင်ပေါ်၌အိပ်ပျော်နေတဲ့ကောင်ငယ်လေးမှာနှိုးစက်အသံကြောင့် အိပ်မှုန်စုံဖွားနဲ့
ပွစိပွစိပြောနေကာ...နှိုးစပ်ကိုပိတ်ပြီးပြန်အိပ်နေလေရဲ့...။သိပ်မကြာခင်မှာဘဲ

ဒေါက်...ဒေါက်...ဒေါက်

"သားရေ...မနိုးသေးဘူးလား "

" ... "

"ပါးပါးဝင်လာပြီနော် "

ရှင်းပိုင်လည်းသားကြီးအခန်းထဲသို့ဝင်လာလိုက်တော့...ထင်တဲ့အတိုင်းဘဲခေါင်းရင်းနဲ့ခြေရင်းမှားကာအိပ်ပျော်နေတဲ့ကွာကွာကိုတွေ့လိုက်ရတယ်...။ရှင်းပိုင်တစ်ယောက်ကုတင်ဘေးသို့သွားကာ...

'ဖတ်...'

"အားးးနာတယ်လေပါးပါးရာ "

ငယ်ငယ်တုံးကလိုအဆီစုနေတဲ့ဖင်လေးကိုဘဲခပ်ဆတ်ဆတ်ရိုက်လိုက်ကာနိုးလေတော့..အောက်နှုတ်ခမ်းတစ်တောင်လောက်ထွက်လာပြီးအော်ပါလေတော့တယ်...။

"ဟွန့်...ဘာမှန်းမသိဘူး
သူများရဲ့လှတပတ ဖင်လေးကိုဘဲလိုက်ရိုက်နေကြတယ်...တကယ်ဘဲ "

ပြောပြီးတာနဲ့မှောက်လျက်ပြန်အိပ်ဖို့လုပ်နေတဲ့ကွာကွာကြောင့်...ရှင်းပိုင်လည်းဂုတ်ကနေဆွဲထားကာဖင်လေးကိုနောက်တစ်ချက်ထပ်ရိုက်လိုက်ပြန်တယ်။

"အားးးး ပါးပါးရေ...နာတယ်လို့ "

"နာတယ်လုပ်မနေနဲ့...အချိန်ကိုလဲကြည့်အုံး
ပြောတော့ဒီနေ့ စာမေးပွဲဖြေရမှာဆို "

"အာ...ဟုတ္သားဘဲ
သားမေ့နေတာ...အချိန်ဘယ်လောက်ရှိပြီလဲပါးပါး "

ထိုအခါမှအချိန်ကိုအသည်းအသန်မေးတဲ့
ကွာကွာကြောင့်...ရှင်းပိုင်သက်ပြင်းသာချမိလိုက်တော့သည်။

"၈နာရီထိုးတော့မယ်...Daddy နဲ့သစ်လေးတောင် Company သွားဖို့ပြင်ဆင်နေကြပြီ "

Perfect First LoveWhere stories live. Discover now