Part _ 6

2.3K 177 36
                                    

[ Unicode ] ...;

ကွာကွာတစ်ယောက်မဟာနဲ့အတူနေတာသုံးလကျော်သွားပြီ...။သူ့ကိုအမြဲလိုလိုဂရုစိုက်စောင့်ရှောက်ပေးတတ်တဲ့မဟာကြောင့်သူပျော်ရပါတယ်...။

အတူနေတဲ့အချိန်ကြာလာတာနှင့်အမျှတစ်ဆတစ်ဆနဲ့ချည်နှောင်လာတဲ့သံယောဇဥ်ကြိုးတွေ...မဟာပြောဖူးသလိုဘဲ 'သူ့ကိုနားလည်ဖို့မကြိုးစားနဲ့ ၊ ကိုကိုသာသူ့ကိုချစ်ရင်အရာရာနားလည်လာလိမ့် ' ဆိုတဲ့စကားဟာလက်တွေ့မှာတော့ထင်ထားတာထက်ပိုမှန်နေခဲ့သည်...။

နောက်ဆုံးတော့သူ မဟာ့ကိုနားလည်ခဲ့ပြီဒါပေမဲ့သူမပြောပြချင်သေး...။ မတွေ့ရတဲ့ရက်တွေမှာအလွမ်းတွေပိုလာခဲ့ပြီ...တစ်မှိုင်မှိုင်တစ်တွေတွေနဲ့သူသတိရနေတတ်ခဲ့ပြီ...။အရာရာကိုသူ့ဆီစိတ်ရောက်အောင်ပြုစားနိုင်ခဲ့တဲ့မဟာ...။ဘာလို့ဆိုသူ့ကိုပစ်ပြီး Hotelကိစ္စနဲ့ထိုင်းသို့ရောက်သွားတဲ့ကောင်ဆိုးလေးကိုမသိမသာတော့အပြစ်ပေးချင်မိသည်...။

ထိုစဥ်ကွာကွာဖုန်းထဲသို့ဝင်လာခဲ့တဲ့ noti သံလေး...ဘယ်သူလဲဆိုတာပြောပြနေစရာတောင်မလိုပေ...။

~ ကိုကို... Morning...ရုံးရောက်နေပြီလား
မနက်စာရောစားခဲ့ရဲ့လား? ~

ဖုန်းထဲဝင်လာတဲ့ စာတစ်ခုနဲ့တင်ခြူးဝီရဦးရဲ့အပြုံးတွေအသက်ဝင်လာဖို့လုံလောက်တဲ့ပမာဏဖြစ်နေပြီ...။မဟာသွားတဲ့တစ်ပတ်လုံးမှာ...မနက်တိုင်းလိုလိုကွာကွာဖုန်းရဲ့ Ringtone သံလေးမြည်နေတတ်ပြီ...။

သိပ်မကြာခင်မှာဘဲ Vc ခေါ်လာတဲ့မဟာ...
ကြည့်ရတာသူ့စာကို Seen ပြပြီးစာမပြန်လို့နဲ့တူပါရဲ့...

"Hello...ကိုကို "

" ... "

"ဘာလို့စာမပြန်တာလဲ...ကျွန်တော်ကိုပြစ်ထားတာလား "

Screen ထက်၌နေရာယူထားတဲ့မဟာ့ရဲ့မျက်နှာ...တစ်နေရာရာသို့သွားနေပုံရတာ
ကြောင့်မေးဖို့ပြင်လိုက်ပေမဲ့ဆူပုတ်ပုတ်မျက်နှာလေးကြောင့်ကွာကွာမသိမသာလေးခိုးရီမိသေး...။

" မဟုတ်ပါဘူးကွာ...စာပြန်ဖို့လုပ်နေတာဘဲအတင်းဖုန်းခေါ်လာတာဘယ်သူလဲ "

"ဟုတ်လို့လား "

"ဟုတ်ပါတယ်ဆို "

"ဟုတ်တယ်ဆိုလဲထားပါ...ကိုကိုမနက်စာသေချာစားခဲ့ရဲ့လား... ကိုကို့ကိုကြည့်ရတာပိန်သွားသလိုဘဲ "

Perfect First LoveWhere stories live. Discover now