Part _ 5

2.4K 198 53
                                    

[Unicode] ...

Company ရောက်သော်အစည်းဝေးလုပ်ဖို့ပြင်ဆင်နေရတဲ့မဟာ...။အရင်ရက်တွေမှာကိုကို့ကိုအချိန်ဦးစားပေးထားရတာကြောင့် Company သို့ဒီနေ့မှရောက်ဖြစ်သည်...။ Company ရောက်တာနဲ့မျက်နှာအနေထားတစ်မျိုးပြောင်းသွားတဲ့ကိုကိုဟာ...အလုပ်ကိုအလုပ်နဲ့တူအောင်စည်းစနစ်နဲ့လုပ်တဲ့သူမျိုးပင်...။

မင်းထက်ဆီကဖိုင်တွဲတွေကိုယူကာ...မဟာခြေလှမ်းတွေထက်နောက်မကျတဲ့ခြေလှမ်းတွေနဲ့အပြိုင်လျှောက်နိုင်တဲ့ကိုကို...။မဟာတစ်ယောက်လမ်းလျှောက်နေရင်းနဲ့မင်းထက်ပေးတဲ့ဖိုင်ကိုလက်မှတ်ထိုးကာ...

"မင်းထက်..."

"ဗျာ...Boss "

"ငါပြောထားတဲ့မြေနေရာအခြေနေဘယ်လိုရှိလဲ "

"ဟုတ်...နောက်တစ်ပတ်နေရင်စာချုပ်ချုပ်ဖို့ပြင်ထားပါတယ် Boss "

"ဒါဆိုအဆင်ပြေပြီပေါ့...ဒီနေ့အတွက် Schdule တွေငါ့ကိုပြောပြ "

လမ်းလျှောက်နေရင်းနဲ့တောက်လျှောက်အလုပ်လုပ်အကြောင်းပြောနေတဲ့မဟာ...ထို့အတူကွာကွာမှာလဲလက်ထဲတွင်ဖိုင်တွဲကိုကိုင်ထားကာ...ပါးစပ်မှလဲ

"နောက်နှစ်နာရီနေရင်...ရှယ်ယာရှင်တွေနဲ့မိတ်ဆက်ရမယ်...ပြီးရင်စက်ရုံဘက်မှာပစ္စည်းတွေသွားစစ်ရမယ် "

"ခုတော့ဝန်ထမ်းတွေနဲ့အရင်ဆုံးမိတ်ဆက်ပြီးဆက်ခံသူဖြစ်ကြောင်းပြောရပါမယ်...Boss "

မဟာတစ်ယောက်ကိုကိုပြောသမျှကိုနားထောင်ရင်းနောက်ဆုံးစကားရောက်တော့...လမ်းလျှောက်ရာကိုရပ်လိုက်မိသည်...။ထိုအခါသူ့နောက်ကျောဘက်ကိုဝင်တိုက်တဲ့ခေါင်းသေးသေးလေး...။

"အ့.."

"ကိုကိုအရမ်းနာသွားတာလား ...ကျွန်တော်တမင်တကာလုပ်တာမဟုတ်ပါဘူး "

"ရပါတယ် Boss... ကျွန်တော်ဘာမှမဖြစ်ပါဘူး "

ကိုကို့ကိုစိုးရိမ်နေတဲ့မဟာ့စိတ်တောင်ကိုကို့အပြောကြောင့်ကြက်ပျောက်ငှက်ပျောက်...။တစ်ခုခုကိုအလိုမကျတိုင်းတွန့်ချိုးသွားတဲ့မျက်ခုံးတန်းတွေဟာဒီချိန်မှာလဲသူ့အလိုလိုတွန့်ချိုးနေမှာအမှန်...။ဒါကိုမြင်မိတဲ့ကွာကွာမှာတော့သူ့ရဲ့ Boss အလိုမကျမှုကဘာလဲဆိုတာကိုမေးမြန်းရတော့သည်။

Perfect First LoveWhere stories live. Discover now