Part - 14

1.3K 46 9
                                    

[Unicode]

မင်းထက်နှင့်အတူချိန်းထားသည့်နေရာသို့ရောက်ရှိလာလေတော့...ဆိုင်ရဲ့တည်နေရာကတော့ဆိတ်ငြိမ်ရပ်ကွက်အတွင်းမို့အဆင်ပြေသည်။ ထို့နောက်အထဲဝင်လိုက်တော့ Coffee အနံသင်းသင်းလေးလေးကြောင့်ပင်ကိုကို့ကိုသတိရသွားမိသည်...။

"Boss... ဟိုဘက်ထောင့်ဆုံးဝိုင်းကအကျီအဖြူနဲ့တစ်ယောက်ပါ "

"အင်း...သိပြီ "

"ဒီကဒုရဲအုပ်မျိုးမင်းဆွေလားမသိဘူး "

"ဟုတ်ပါတယ်...ကြည့်ရတာဒီဘက်ကMahar Ceo  "

"ဟားဟားးးဟုတ်ပါတယ်ဗျာ
ကိုမျိုးမင်းကကျွန်တော့်ကိုသိနေမယ်လို့မထင်ထားမိတာအမှန်ပါ "

"ကျွန်တော်မသိတာမှထူးဆန်းနေပါအုံးမယ်ကိုမဟာရဲ့...ဒါဆိုထိုင်ပါအုံး "

မဟာလဲစကားတွေအရှည်ကြီးမပြောချင်တာကြောင့်မင်းထက်ကိုမျက်သပစ်ပြလိုက်သည်...။ထိုအခါမင်းထက်မှာဒုရဲအုပ်ရှေ့သို့ File တစ်ချို့ချပေးလိုက်လေသည်။

"ကျွန်တော်ဒီနေ့လာရတဲ့ကိစ္စကိုကြိုခန့်မှန်းမိမယ်လို့ထင်ပါတယ်..."

"အွန်း...ကျွန်တော်လဲရိပ်စားမိပါတယ်
ဒါပေမဲ့ဒီလောက်မြန်မယ်လို့မထင်ထားခဲ့မိတာ "

"ဟားဟားးးမြန်ရမှာပေါ့ဗျာ...တော်ကြာကိုမျိုးမင်းတို့အလုပ်ရှုပ်နေမှဖြင့်ကျွန်တော်တွေ့ခွင့်မရဘဲနေပါအုံးမယ် "

"ကိုမဟာကတော့နောက်ပြီဗျာ...ကျွန်တော့်ကို
ဒီကညီလေးဆက်သွယ်ထဲကကျွန်တော်စဥ်းစားပြီးပါပြီ "

ထိုလူပြောချင်သည့်အဓိပ္ပါယ်ကတော့မင်းထက်သူ့ကိုဆက်သွယ်စဥ်ကတည်းကသူလက်ခံဖို့ဆုံးဖြတ်ပြီးသားဟုပြောချင်သည်ကိုသွယ်ဝိုက်နေခြင်းသာ...။

"အတော်ဘဲပေါ့ဗျာ...ကဲဒါဆိုကျွန်တော်တို့အလုပ်ကိစ္စလေးပြောကြရအောင် "

"ဟုတ်ကဲ့ "

"ခုကိုမျိုးမင်းတို့လက်ထဲမှာရှိနေတဲ့ပစ္စည်းတွေထဲကသုံးပုံနှစ်ပုံကိုကျွန်တော့်လက်ထဲပြန်ထည့်ပေးဖို့ရယ်...ကျန်တဲ့တစ်ပုံကတော့ပိုင်ရှင်မဲ့စာရင်းထဲသွင်းပြီးနိုင်ငံတော်ကိုတင်ပြပေးပါ "

You've reached the end of published parts.

⏰ Last updated: Jul 14, 2022 ⏰

Add this story to your Library to get notified about new parts!

Perfect First LoveWhere stories live. Discover now