Part -12

585 38 5
                                    

[Unicode]

' မောင် '

ကွာကွာရဲ့နှုတ်ဖျားကနေခေါ်ဆိုလိုက်မိတဲ့နာမ်စားလေးဟာတော့တိုးညင်းလွန်းတာ
ကြောင့်ဘယ်သူမှပင်ကြားလိုက်မည်မထင်...။ဒေါသတကြီးနဲ့စိုက်ကြည့်နေတဲ့မောင့်အကြည့်ကြောင့်ခပ်ရေးရေးလေးသာပြုံးနိုင်တော့သည်။

" မဟာ "

"Boss "

မဟာတစ်ယောက်သူ့ကိုခေါ်နေတဲ့သူတွေကိုလျစ်လျူရှုကာချစ်ရသူအားကြည့်မိတော့...ခပ်ရေးရေးသာပြုံးပြလာပြီးစူးရှလွန်းတဲ့မျက်ဝန်းတစ်စုံဟာသူ့အားသတ်နေသယောင်။

"မဆိုင်တဲ့သူတွေဒီနေရာကနေထွက်သွားသင့်တယ်လို့မထင်ဘူးလား..."

အကုန်လုံးရဲ့အာရုံဟာအံ့မဟာတော်ဝင်ထံသို့ရောက်လာကြသည်မို့မလိုအပ်တဲ့သူတွေကိုအပြင်သို့ထုတ်ပစ်လိုက်သည်။တစ်ဆက်ထဲမှာဘဲမင်းထက်ကိုမျက်စပစ်လိုက်တာကြောင့်ထိုဝန်ထမ်းမလေးနှစ်ယောက်တော့သူများတွေပြန်ရမဲ့အချိန်မပြန်ရဖြစ်နေအုံးမှာအမှန်ပင်။

"မဟာ...မြတ်ကိုကယ်ပါအုံး
ကိုခြူးကလေမြတ်ကိုစကားလုံးတွေနဲ့စော်ကားတာတင်အားမရလို့ကိုယ်ထိလက်ရောက်အထိ...အဟင့် "

"ကိုကိုသူပြောတာဟုတ်လားဟင်... "

မောင့်အနောက်မှာကွယ်ပြီးမတ်တပ်ရပ်နေတဲ့မြတ်အိန္ဒြေဟာသိပ်ကိုမာယာများတာတော့လက်ခံသွားပြီ...။မောင့်အရှေ့မှာကျငိုပြနေပြီးမောင့်ကွယ်ရာရောက်သွားတော့ကွာကွာကိုအောင်နိုင်သူသဖွယ်ပြုံးပြနေပါရောလား...။

' ဖြန်း '

ထိုမိန်းမအားမောင့်အနောက်မှဆွဲထုတ်လိုက်ကာပါးသို့အားပြင်းပြင်းနဲ့ရိုက်လိုက်တယ်...။ခြူးဝီရဦးရဲ့ဒေါသကဒီနေရာမှာဘဲရပ်တန့်နေတယ်ဆိုတာလုံးဝမဖြစ်နိုင်ဘူးမဟုတ်လား။

"ကိုခြူးဘာလို့မြတ်ကိုရိုက်ရတာလဲဟင်...မဟာ...မြတ်ကိုကယ်ပါအုံး "

"မောင်အိပ်နေတာမို့...ကိုယ်မင်းကိုစကားတိုးတိုးပြောဖို့သတိပေးခဲ့တယ်မဟုတ်လား...မင်းအသံသိပ်ကျယ်တာဘဲ "

မထင်ထားတဲ့ရိုက်ချက်ကြောင့်ထိုမိန်းမလန့်
ဖြန့်သွားသော်လဲအံ့မဟာတော်ဝင်ရှေ့မှာတော့သူဟန်ဆောင်ကောင်းနေသေးတယ်...။သို့သော်မောင်ကတော့မည်သည့်ပုံစံမျှမပြပေမဲ့သူ့အားစိုက်ကြည့်နေသည်ကိုတော့တွေ့ရပေသည်။ထို့နောက်ကွာကွာလဲမောင့်ဘက်သို့လှည့်လိုက်ကာ...

Perfect First LoveWhere stories live. Discover now