Part _ 3

3.7K 375 56
                                    

[Unicode] ...;

Daddy ဆီကနေထွက်လာပြီး...Night Bar ကိုဦးတည်လိုက်သည်...။ဖြစ်ချင်တော့ငစိုင်းနဲ့ကျော်ကြီးကလဲထိုဆိုင်တွင်ငြိမ့်နေသည်ဟုဖုန်းဆက်ကာလှမ်းခေါ်တာကြောင့်...ရေကန်အသင့်ကြာအသင့်ဖြစ်သွားသလိုပင်...။

အမှန်တော့အလုပ်လုပ်ရမယ်ဆိုတာကြောင့်ကွာကွာထွက်လာခြင်းမဟုတ်ပါ...ဒီတိုင်းဂျစ်ကန်ကန်လုပ်ချင်ရုံလေးကြောင့်ထွက်လာမိသည်...။ဘာဘဲဖြစ်ဖြစ်ပါ...မသောက်ရတာကြာတော့လဲတစ်ခွက်လောက်သောက်ချင်မိသည်ကြောင့်လဲပါတာပေါ့... ။အိမ်ပြန်ရင် Daddyကိုမူးပြီးရစ်မယ်ဆိုတဲ့အကြံနဲ့...။

"ဟျောင့်...ကွာကွာ
ငါတို့ဒီမှာ "

Bar ထဲဝင်ဝင်ချင်းစောက်သံပြဲနဲ့အော်တဲ့
ငစိုင်းနဲ့ကျော်ကြီးကြောင့်ကွာကွာလဲသူတို့အနားသို့သွားလိုက်တယ်...။အလိုက်သိတဲ့သူငယ်ချင်းကောင်းပီသစွာနဲ့ကွာကွာအတွက် Cocktialတစ်ခွက်မှာပေးထားလေသည်...။စိတ်ညစ်ညစ်နဲ့ဘဲတစ်ခွက်လုံးမော့ချလိုက်ရင်း...

"ကွာကွာ...မင်းအခြေနေဘယ်လိုလဲ"

"ပြောမနေနဲ့...Daddy ကတော့အလုပ်သင်ဆိုပြီးMahar Group ကိုစေလွှတ်တော်မူနေတယ် "

"ဟားဟားးးနောက်ဆုံးတော့ငါတို့ကောင်ကြီး...အလုပ်လုပ်ရတော့မှာဘဲ "

"ဒီဖေ...ငါဆဲလိုက်ရ
သတောင်းစားအဲ့တာမင်းကြောင့်လဲပါတယ်..."

"အမ်...ငါဘာလုပ်လို့လဲ "

ခုမှမျက်လုံးလေးကလည်ကလည်နဲ့မသိချင်ယောင်​ဆောင်နေတဲ့ငစိုင်း...နရင်းကိုနှစ်ချက်လောက်ပိတ်ရိုက်လိုက်သည်မို့စိုင်းသူရရေချိန်ကိုက်နေတာလေးတောင်ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားရလေတယ်...။

"ကာတွန်းကား...မဖြစ်မနေဝင်ကြည့်ပါဆို
သေချင်းဆိုး...မသာ "

"ခွီးးးးဟားဟားးးးမင်းတကယ်ဝင်ကြည့်တယ်ပေါ့ "

ကျော်ထက်ကပါရီနေသည်မို့...ဒီ
သတောင်းစားနှစ်ကောင်အလိုတူအလိုပါမှန်းသိလိုက်တယ်...။စပ်စလူးစိုင်းသူရနဲ့အမွှေစိန်ကွာကွာတို့ကြား...အနေအေးပြီးဒေါသကြီးသူကကျော်ထက်...။သုံးယောက်လုံးကသူ့အနေထားနဲ့သူတော့ဟုတ်နေသည်ဘဲ...။

Perfect First LoveWhere stories live. Discover now