Part -13

690 42 3
                                    

[Unicode ]

မဟာအိမ်ကထွက်လာပြီးမင်းထက်နှင့်ချိန်းထားသည့်နေရာသို့သွားရသည်...။မင်းထက်နဲ့သူတွေ့မှအကြောင်းစုံကိုသိရမည်လေ...။

"Boss "

"အခြေနေဘယ်လိုရှိလဲ "

"လက်ရှိဖမ်းထားတဲ့သူတွေကိုအာမခံလုပ်လို့မရဘူး Boss...  ကျွန်တော်တို့ပစ္စည်းတွေကိုဖမ်းလိုက်တာကဒုရဲအုပ်မျိုးမင်းဆွေတဲ့...သူ့ကပြောင်းလာတာသိပ်မကြာသေးဘူး...မိသားစုဝင်သုံးယောက်ရှိပြီးသမီးလေးကလက်ရှိနှလုံးအစားထိုးဖို့ဆေးရုံတင်ထားရတယ် Boss "

"ဟုတ်ပြီ...ဒါဆိုနှလုံးအစားထိုးဖို့အလှူရှင်အ
သင့်ရှာပေးထား..."

"ဟုတ်ကဲ့...  Boss "

"အဲ့ရဲအုပ်နဲ့မနက်ကျတွေ့လို့ရအောင်လုပ်ထား...Company မှာမဟုတ်ဘဲတခြားတနေရာရာမှာ "

"ဟုတ် "

"ခုလောလောဆယ်ဟိုကောင်မကိုရပြီလား..."

"မြို့ပြင်ကBoss ဝယ်ထားတဲ့ခြံအဟောင်းထဲမှာရှိတယ်Boss...သူနဲ့အတူတူနောက်ထပ်ယောကျာ်းလေးတစ်ယောက်ပါဖမ်းထားလိုက်တယ်... "

"အင်း...ခုအဲ့ကိုသွားကြမယ် "

အရမ်းကိုတည်ငြိမ်လွန်းတဲ့ Boss ကြောင့်မင်းထက်လဲစိတ်သက်သာရာရသွားတယ်...။ဒါပေမဲ့ဒီကိစ္စကိုBoss ဘယ်လိုဖြေရှင်းမလဲဆိုတာသူလဲမသိနိုင်ပေ...။သူ့အလုပ်ကBoss ခိုင်းသမျှအကောင်းဆုံးဖြစ်အောင်လုပ်ပေးဖို့သာ...။

"Boss ကျွန်တော်ကားမောင်းပေးရမလား..."

"ရတယ်...ငါ့ဘာသာမောင်းလိုက်တော့မယ်"

ထို့နောက်မဟာနဲ့မင်းထက်ဟာမြို့ပြင်ဘက်သို့ဦးတည်ပြီးထွက်လာခဲ့ကြသည်...။မဟာအိမ်ကထွက်လာတဲ့အချိန်ထဲကနေခုချိန်ဆိုအတော်ကြာနေပြီ...မြို့ပြင်ရောက်သွားတဲ့အချိန်ဟာလဲညဥ့်နက်သန်းခေါင်ယံဖြစ်နေပြီမို့ကိုကို့ဆီတော့ဖုန်းမဆက်တော့ဘဲ message သာရိုက်လိုက်သည်။

~~မောင့်အချစ်ဆေးသောက်ပြီးသေချာအိပ်နော်...မောင်air con လဲလျော့ထားပေးခဲ့တယ်
မောင်ကတော့အရှုပ်တွေရှင်းရအုံးမှာမို့နည်းနည်းကြာမယ်နော်...
Good night ပါမောင့်အချစ်လေးရေ~~

Perfect First LoveWhere stories live. Discover now