Part _10

1.3K 98 17
                                    

[Unicode]...

"အာ့..."

"ဟို...အဆင်ပြေရဲ့လားမသိဘူးခမျ "

ခက်လွန်းသျှန်တစ်ယောက်ဆေးထည့်ပေးနေရင်းနဲ့ငြီးငြူသံကြားတာကြောင့်ထိုအစ်ကိုအားအဆင်ပြေရဲ့လားမေးမိသည်...။ သူ့ကြောင့်ဒဏ်ရာရသွားတာမို့သူ့အပြစ်လဲမကင်းပေ...။

"ပြေပါတယ်...ဒါနဲ့ပတ်တီးကစည်းထားမှဖြစ်မှာလား "

"ဗျာ...ဟုတ်..."

"လက်ကအဆစ်လွဲသွားတာမို့ပတ်တီးစည်းထားမှအဆင်ပြေမှာခမျ...နောက်တစ်ပတ်လောက်နေရင်ပတ်တီးကိုဆေးရုံမှာလာဖြည်လို့ရပါပြီ "

"ဟင်း...ဆေးရုံကိုသိပ်မုန်းပါတယ်ဆိုတဲ့ငါနဲ့တော့သံယောဇဥ်ကြိုးတွေထပ်ချည်နှောင်ရပြန်ပြီ "

ထိုအစ်ကိုရဲ့စကားတွေကိုလွန်းသျှန်သေချာနားမလည်ပေ...။ဆေးရုံနဲ့သံယောဇဥ်ကြိုးတွေချည်နှောင်ရအောင်...မသိရင်သူကဆေးရုံနဲ့ရည်းစားတွေကျလို့...။

"အဟမ်း...အစ်ကိုစိတ်မပူပါနဲ့နော်
သိပ်မကြာခင်မှာအစ်ကို့လက်ကပတ်တီးဖြည်လို့ရမှာပါ...လက်ကကျိုးမသွားပါဘူးအဆစ်လွဲရုံလောက်လေးမို့ "

" ဘာ "

လွန်းသျှန်တစ်ယောက်အမြင်ကတ်ကတ်နဲ့ပြောပြီးကာမှထိုအစ်ကို့ရဲ့အော်သံကြောင့်ဇက်ကလေးပုဝင်သွားမိသည်...။စိတ်ထဲကစကားတွေဟာအပြင်ကိုထွက်လာလေတော့တစ်ယောက်ထဲဘာပြန်ပြောရမှန်းလွန်းသျှန်မသိတော့ပေ...။

"ဟို...လွန်းသျှန်ပြောချင်တာကအစ်ကိုလက်ကမကြာခင်သက်သာလာမယ်လို့ပြောတာပါ...ပတ်တီးဖြည်မဲ့နေ့ကျရင်လွန်းသျှန်ဆေးရုံမှာရှိနေမှာမို့အစစအရာရာတာဝန်ယူပေးပါ့မယ်ခမျ "

"အင်းး...ဒါဆိုချာတိတ်ဖုန်းနံပါတ်ပေးထားလေ "

"ခင်ဗျာ "

"အဟမ်းးးတစ်ခြားကိစ္စကြောင့်တောင်းတာမဟုတ်ပါဘူး...ဟို...လက်...လက်ကပြန်နာလာရင်ဖုန်းဆက်ပြီးအကျိုးသင့်အကြောင်းသင့်ပြောလို့ရအောင်ပါ "

"အော်...ဟုတ်...09xxxxxxxxx
အဲ့ဒါလွန်းသျှန်ရဲ့ဖုန်းနံပါတ်ပါ... အဆင်မပြေတာရှိရင်ဖုန်းဆက်လို့ရပါတယ် "

Perfect First LoveDove le storie prendono vita. Scoprilo ora