Part_8

1.7K 132 39
                                    

[Unicode]

စိုင်းသူရနဲ့ကွာကွာနှစ်ယောက်စလုံးဟိုကောင်တွေချိန်းတဲ့နေရာဆီရောက်လာလေတော့ဆိုင်ကယ်တွေကိုယ်စီနဲ့၁၀ယောက်လောက်ရှိပုံရတယ်...အဖွဲ့အင်အားတောင့်တာပေါ့။
ကြည့်ရတာအုပ်စုလိုက်ဖွဲ့နေရတာကြိုက်တဲ့ခွေးတွေလိုဘဲ...။

"စိုင်း...မင်းပြောတာအဲ့ကောင်တွေလား "

"အေး...အဲ့ကောင်တွေဘဲ...
အလယ်ကတစ်ယောက်ကိုမင်းသိတယ်မဟုတ်လား...ခန့်သတ္တိနဲ့မရှင်းမရှင်းတွေလေ "

စိုင်းသူရအပြောကြောင့်အဲ့ကောင်တွေလူအုပ်ထဲမျက်စိကစားကြည့်မိတော့ခန့်သတ္တိတစ်ခါမိတ်ဆက်ပေးဖူးတဲ့မုန်းလမင်းမောင်​ဆိုတဲ့ကောင်လေးကိုတွေ့လိုက်မိသည်...။

တစ်ဆက်ထဲမှာဘဲကျော်ထက်ရဲ့ကောင်မလေးမြနန္ဒာလွင်ကိုထိုအဖွဲ့ထဲတွင်တွေ့လိုက်ရတော့ဒေါသထောင်းခနဲထွက်သွားမိသည်မှာအမှန်...။

ဆေးရုံရောက်နေတဲ့ကျော်ထက်မျက်နှာကိုတောင်တစ်ချက်သွားမကြည့်ဘဲဒီမှာလာပြီးဖောက်ပြန်နေတဲ့မိန်းမ...။ကျော်ထက်သာမတားရင်ဒီကောင်မကွာကွာလက်ချက်နဲ့အရင်သေနေလောက်ပြီ...။

"သူ့ဟာသာသူရှင်းရှင်း...မရှင်းရှင်း
ငါကတော့သွားရှင်းပြီးဟျောင့်ရေ..."

သူ့ကိုမစောင့်ဘဲလက်ဗလာနဲ့ဆင်းသွားတဲ့
ကွာကွာကြောင့်စိုင်းသူရလည်းအပြေးဆင်းလိုက်လာရသည်...။

"နှစ်ယောက်ထဲပါလားကွ...ဘာလဲအရမ်းကိုသူငယ်ချင်းကောင်းပီသပြီးဟီးရိုးကြီးလုပ်ပြချင်နေတယ်ပေါ့ "

"မင်းတို့ကောင်ကြီးတောင်ဟီးရိုးအလုပ်ကောင်းလို့ခေါင်းကွဲပြီးဆေးရုံမှာနော်...
ဟားးးဟားးး "

တစ်ဖက်ကကျော်ထက်နဲ့ပြသနာတက်တဲ့ကောင်ရဲ့ခနဲ့သလိုအပြောကြောင့်ကွာကွာလက်သီးကိုတင်းတင်းစုပ်ထားမိသည်...။ဒေါသထွက်နေပေမဲ့လက်လွတ်စပယ်မလုပ်တတ်တဲ့အကျင့်ကြောင့်ပထမဆုံးစကားအရာနဲ့သာအနိုင်ယူဖို့ပြင်လိုက်တယ်...။

"ဟားးးဟားးးး..."

"မင်းကဘာကိစ္စလိုက်ရီတာလဲ "

ကွာကွာရဲ့ရီသံအဆုံးနဲ့ကြောင်တောင်တောင်မေးခွန်းဖြစ်သည့်ထိုကောင်ရဲ့အမေး
ကြောင့်...

Perfect First LoveWhere stories live. Discover now