Part _ 11

1.8K 120 47
                                    

[Unicode]

မဟာရေမိုးချိုးပြီးလို့အပြင်ထွက်လာချိန်မှာတော့ကိုကိုတစ်ယောက်အိမ်မက်ကမ္ဘာထဲတောင်အလည်သွားနေလေပြီ...။ အိပ်သွားလို့တော်ပါသေးရဲ့ဟုဘဲဆိုရမလား...မဟုတ်ရင်
မဟာ့ကိုလိုက်စပြီးဇာတ်လမ်းကလက်တွေ့တွေဖြစ်လာမှဖြင့်...အမလေး...မတွေးရဲစရာဘဲ ။

မဟာလဲညအိပ်ဝတ်စုံလဲလိုက်ပြီးကုတင်ဘေးသို့သွားကာကိုကိုအားစောင်ခြုံပေးလိုက်သည်... ။ မှန်တင်ခုံကိုကြည့်မိတော့လဲနွားနို့နဲ့ကိတ်မုန့်ကကုန်နေပြီမို့မဟာလည်းကိုကိုဘေးတွင်ဝင်လှဲလိုက်ပြီး...ကိုကို့နဖူးလေးအားနမ်းကာ

'Goodnight ပါကိုကို...အိမ်မက်လှလှမက်ပါစေနော်မနက်ဖြန်တိုင်းမှာမောင်နဲ့အတူပျော်ရွှင်စွာနိုးထနိုင်ဖို့အေးချမ်းစွာအိပ်စက်ပါမောင့်ပိုင်ဆိုင်မှုလေး '

ထို့နောက်မှာတော့မဟာလည်းချစ်လှစွာသောပိုင်ဆိုင်မှုလေးအားရင်ခွင်ထဲသို့ထည့်ထားလိုက်ပြီး...တစ်နေ့တာရဲ့အနားယူချိန်တွေကိုရင်ခွင်ထဲကအနွေးဓာတ်လေးနှင့်အတူအေးချမ်းစွာဖြတ်သန်းပါတော့သည်...။

~~~~~~~~~~~~~~~~~~~~~~~~~~~
~~~~~~~~~~

အချိန်တွေရဲ့တိုက်စားမှုကြောင့်တစ်ဖြည်းဖြည်းပြောင်းလဲလာတဲ့နှစ်၊လရာသီတွေ...။မိုးကုန်လို့ဆောင်းတောင်ရောက်ခဲ့ပြီဘဲ...အေးစိမ့်စိမ့်နဲ့နေလို့ကောင်းတဲ့ရာသီမို့မောင်ကတော့ဆောင်းရာသီကိုသိပ်သဘောကျဟန်...။

" ကွာကွာငါ့ကိုပို့ပေးလေကွာ "

ထမင်းစားနားချိန်မို့ထမင်းကောင်းကောင်းစားရမလားအောင့်မေ့မိပါတယ်...စိုင်းသူရတစ်ယောက်နားပူလို့မပြီးတော့ဘူး။ မောင်ကလည်းအလုပ်ကိစ္စနဲ့မို့အပြင်မှာနေ့လည်စာစားနေရတာမို့...ဒီနေ့တော့သူတစ်ယောက်ထဲသာနေ့လည်စာစားနေရခြင်းကိုအလိုက်ကန်းဆိုးမသိဒင်းကလိုက်ရှုပ်နေခြင်း...။

"ဟျောင့်ကွာကွာ...ပို့ပေးလို့ "

"ဘယ်ကိုပို့ရမှာလဲသတောင်းစားရဲ့ "

"မင်းနော်သိရဲ့သားနဲ့ "

"အေးအေး...ပို့ပေးမယ်ဖာတန်းကို "

Perfect First LoveWhere stories live. Discover now