Part _ 7

2K 152 39
                                    

[Unicode]...;

" မောင် "

" ... "

မျက်လုံးလေးပြူးကာမဟာ့ရဲ့အခေါ်ဝေါ်ကိုအံ့သြနေတဲ့ကိုကိုတစ်ယောက်...။ဒီစကားလုံးဟာကိုကိုတစ်ယောက်ထဲခေါ်ဝေါ်ဖို့ရည်ညွှန်းသည်မို့ခုထဲကခေါ်ရန်မဟာပြောပြမိသည်...။

"မောင်လို့ခေါ်ပါနော်ကိုကို "

သနားစဖွယ်အနေထားနဲ့မဟာတောင်းဆိုမိလေတော့...အားကြီးနဲ့ကိုကိုပြန်ပြောသည်က

"ဘောမို့မောင်လို့ခေါ်ရမှာလားမအေဘေးလေးရဲ့...အိက်စ့်...ပြောရင်းနဲ့ကြက်သီးတောင်ထတယ်..."

"ချီးဘဲ...မခေါ်နိုင်ဘူးဟျောင့် "

"ဟာ...အဲ့လိုနော် "

"အေး...အဲ့လိုဘဲ "

ကွာကွာအပြောကြောင့်ငိုမဲ့မဲ့ဖြစ်လာတဲ့မဟာ...သေချာတယ်ဒီကလေးဟာသူလိုချင်တာမရရင်ငိုတော့မယ်ဆိုတာဘဲ...။

"ကိုကိုမခေါ်ရင်...ငိုမှာနော်...အဟင့် "

"အေးကွာ...ခေါ်မယ်...ခေါ်မယ်
ငိုတော့မငိုလိုက်နဲ့ "

တကယ်ကြီးငိုတော့မဲ့အနေထားနဲ့မို့ကွာကွာအမြန်တားလိုက်ရသည်...။နောက်မို့ဆိုဒင်းလေးကတကယ်ငိုမဲ့ရုပ်...

"အွန်း...အာ့ဆိုခေါ် "

" ဟို...ဟို..."

"ကိုကိုကလဲ...ဟို..ဟို နဲ့မပြီးတော့ဘူးလား...မောင်...​မောင်လို့ခေါ်​ရမှာလေ "

" အရှိန်ယူနေလို့ပါ...မင်းကလဲ "

"အွန်းးးကိုကို့သဘော "

" မောင် "

"ခင်မျာ "

ကိုကိုရဲ့အသံကချိုသာလိုက်တာနားထဲကိုပျားရည်လောင်းချလိုက်သလိုဘဲ။ ဒီလောက်ထိနားထောင်လို့ကောင်းမှန်းသိရင်အစောကြီးထဲကသူခေါ်ဖို့တောင်းဆိုမိမှာ...။

" ချစ်ဖို့ကောင်းလိုက်တာကွာ..."

ပြောပြီးတာနှင့်တစ်ပြိုင်နက်သူ့အားတင်းကြပ်စွာဖက်ထားတဲ့မဟာကြောင့်ကွာကွာလည်းပြန်လည်ကာဖက်တွယ်ထားလိုက်တယ်...။

"ချစ်တယ်ကိုကို..."

"မောင်မြင်မြင်ချင်းချစ်မိသွားတဲ့ကိုကို့အချစ်ကိုမောင်ပိုင်ဆိုင်ခွင့်ရတယ်ဆိုတာမောင်ဖြင့်မယုံနိုင်သေးဘူး...ဒါပေမဲ့ချစ်တယ်သိလား...မောင်ကိုကို့ကိုအများကြီးချစ်တာမို့
မောင့်ကိုမထားခဲ့ပါနဲ့နော် "

Perfect First LoveWhere stories live. Discover now