Part _ 2

4.2K 353 46
                                    

[Unicode]

ထိုင်းနိုင်ငံ၊ဖူးခက်မြို့၊ ပသောင်ကမ်းခြေရှိ
Mahar Hotel ရုံးခန်းအတွင်း၌စကားပြောနေကြတဲ့လူနှစ်ဦး...။ထိုသူများတော့အခြားသူမဟုတ်...Mahar Hotel ပိုင်ရှင် အံ့မဟာတော်ဝင်နဲ့သူ၏ဦးလေးတော်စပ်သူ မဟာဘုန်းမြင့်...။

"မဟာ...သားသွားဖို့အဆင်သင့်ဖြစ်ပြီလား "

"ဟုတ်...အဆင်သင့်ဖြစ်ပါပြီဦးငယ် "

"အင်းးးရန်ကုန်မှာနေဖို့အတွက်အကုန်စီစဥ်ပြီးပြီ...Mahar Company အခြေတကျဖြစ်ဖို့မင်းထက်ကိုလွှတ်ပေးထားတာမို့...သားလဲအဆင်ပြေမှာပါ "

ဦးမဟာဘုန်းမြင့်တစ်ယောက်သူ၏တူတော်မောင် ရန်ကုန်သွားဖို့အတွက်ပြင်ဆင်စရာရှိတာတွေပြင်ဆင်ပေးထားမိသည်...။

မိဘနှစ်ပါးလုံးကားမှောက်ရင်းတိမ်းပါးသွားတာကြောင့်ငယ်စဥ်ထဲကသူ့လက်ထဲမှာကြီးပြင်းလာတဲ့မဟာလေးကိုသားအရင်းသဖွယ်သူချစ်ရပါသည်...။မဟာ့အဖေ...သူ့အစ်ကိုကြီးထားရှိခဲ့တဲ့အမွှေတွေကိုမဟာ၁၈နှစ်ပြည့်တဲ့အချိန်မှာလွှဲပြောင်းပေးခဲ့တယ်..။

ထိုအချိန်မှစပြီးမဟာလေးကစီးပွားရေးမှာသူမတူအောင်ကြိုးစားနိုင်ခဲ့ပြီးအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်လာခဲ့သည်...။နောက်ထပ်ကြိုးစားရတဲ့အကြောင်းရင်းကတော့သူချစ်ရတဲ့သူနဲ့အမြန်ဆုံးနီးစပ်နေဖို့တဲ့...။

"နယ်စပ်က ကိစ္စတွေအဆင်ပြေရဲ့လားသား "

"ဟုတ်...အဆင်ပြေပါတယ်ဦးငယ် "

"အင်းးးဦးငယ်ကတော့ဂရုစိုက်စေချင်တယ်...
ဒီလောကကြီးကသိပ်ကိုမာယာများလွန်းလို့...
ကိုယ်ယုံကြည်ရပါတယ်ဆိုတဲ့သူကတောင်
ကိုယ့်နောက်ကျောကိုဓားနဲ့ထိုးနိုင်တယ်သား.."

"ဟုတ်...သားဂရုတစိုက်နဲ့လုပ်နေပါတယ်.. "

"HYPEN နဲ့ကောအဆက်သွယ်ရလား..."

"ကိုသစ်နဲ့အဆက်သွယ်ရတယ်...စာချုပ်မှာလက်မှတ်ထိုးပြီးရင်လုပ်ငန်းချဲ့ထွင်ဖို့အဆင်ပြေပြီ..ဦးငယ် "

"ဟုတ်ပြီ...ဒါဆိုသားသွားဖို့လုပ်တော့လေ...
လေယာဥ်ချိန်နောက်ကျနေအုံးမယ် "

Perfect First LoveWhere stories live. Discover now