Voice In My Ears { 3 }

2.8K 293 21
                                    

Unicode ❄️❄️❄️❄️❄️❄️❄️❄️❄️❄️

" ကိုယ်က Jane ကို ပျော်စရာအကြောင်းတွေပဲပြောပြချင်တာ Jane ရဲ့ ... "

စကားလုံးတွေ ပျောက်ကွယ်ကာ တစ်ယောက် မျက်ဝန်းတွေ တစ်ယောက်စိုက်ကြည့်နေမိသည်။ သဘောကျလွန်းလို့ ထပ်ခါထပ်ခါနားထောင်မိတဲ့ letter သီချင်းက အခုတော့ Lisa နှင့်တိုက်ဆိုင်နေသလိုခံစားရသည်။ ထို့ပြင် Jennie မျက်ဝန်းတွေကိုကြည့်ရင်းပဲ ဝမ်းနည်းလာရသည်။ Jennie နဲ့မှ ဘာကြောင့် အခုလိုတွေ နားလည်ရခက်တဲ့ ခံစားချက်တွေ ခံစားနေရတာလဲဆိုတာ မေးနေမိသည်။

Jennie လည်း Lisa မျက်ဝန်းထဲမှ ဝမ်းနည်းရိပ်တွေကြောင့် ကိုယ်တိုင်ပါ ဝမ်းနည်းလာရသည်က ဘာကြောင့်ဆိုတာ မေးနေမိသည်။ Lisa မျက်လုံးလေးတွေ ခုနကလို တောက်ပနေစေဖို့ Lisa နှုတ်ခမ်းလေးတွေ အနွေးထွေးဆုံးပြုံးနေနိုင်ဖို့ ဘယ်လိုလုပ်ပေးရင်ရနိုင်လောက်မလဲ ....

" Lisa တို့သွားတော့မယ် "

" အော် ... အင်း "

Jennie နောက်လှည်မကြည့်ပဲ ပြေးထွက်သွားသည်ကို Lisa ရပ်လျက်ကြည့်နေမိသည်။ Jennie ကျောပြင်လေးမြင်ကွင်းထဲမှပျောက်ကွယ်သွားတော့မှ ဖုန်းနံပါတ်တောင်းရန်သတိရလိုက်သည်။ Jennie နောက်ကိုအပြေးလိုက်ကာ မျက်စိတွေကို အလုပ်‌ပေးလို့ ရှာဖွေနေပေမယ့် Jennie ရဲ့ အရိပ်အယောင်လေးတောင် မတွေ့ရတော့တာကြောင့် Lisa ခေါင်းငိုက်စိုက်ကျကာ အတန်းသို့ပြန်လာခဲ့သည်။

                             ❄️❄️❄️

" Jennie နင်ဘာဖြစ်နေတာလဲ "

" ဘာမှမဖြစ်ပါဘူး "

" ဘာမှမဖြစ်ဘူးသာပြောတယ် တစ်ခုခုဖြစ်နေတာသိသာတယ်‌ "

Lisa မျက်ဝန်းတွေကိုကြည့်ရင်း နှလုံးသားက ရင်ခုန်လွန်းနေတာကြောင့် မောလို့ပင်နေသည်။ မျက်နှာချင်းဆိုင်တွေ့ရသည် မဟုတ်တောင် နစ်မြောပါသွားသည့် ထိုမျက်ဝန်းအစုံကို မြင်ယောင်လိုက်တိုင်း Jennie နှလုံးသားဟာ ရင်ခုန်ခြင်းပြိုင်ပွဲတွေကျင်းပလို့နေလေသည်။

ခံစားချက်တွေအားလုံးဟာ မျက်နှာပေါ်မှာထင်ဟပ်နေတော့ Na Eun ကသတိထားမိသွားတာ ဆန်းသလား

Voice In My EarsWhere stories live. Discover now