Voice In My Ears { 11 }

2.2K 200 14
                                    

Unicode ❄️❄️❄️❄️❄️❄️❄️❄️❄️❄️

" တွေ့ရတာဝမ်းသာပါတယ် ကျွန်တော်က စုံထောက် Gang Ji Sok ပါ "

" ဟုတ်ကဲ့ပါ ကျမက LaLisa Manoban ပါသူက Park Chaeyoung "

Jisoo ခေါ်လာပေးသည့် စုံထောင်နှင့် မျက်နှာချင်းဆိုင်ရပ်နေရင်း လက်ဆွဲနှုတ်ဆက်လိုက်ကာ ထိုင်လိုက်သည်။ အပြင်မှာတွေ့ရင် စိတ်မချရတာကြောင့် အိမ်ကိုသာ ချိန်းဆိုလိုက်ရသည်။

" Jisoo shi ပြောတုန်းက မင်းတို့ကို ဒီလောက်ထိအသက်ငယ်မယ်ထင်မထားဘူး ဘာပဲဖြစ်ဖြစ် အခုလို ဒီအမှုကိုကူညီပေးမယ်ပြောလို့ ကျေးဇူးတင်ပါတယ် "

Lisa နှင့် Chaeyoung ကို သေချာအကဲခက်ရင်း ပြောလာသည့်စကားကို Lisa အသိအမှတ်ပြုရုံပြန်ပြောလိုက်သည်။

" ရပါတယ် "

" ဒါပေမယ့် မင်းတို့က ဘယ်လိုလုပ်ဖို့စီစဉ်ထားလဲ"

အစီအစဉ်အားလုံးကို စုံထောက်ကိုသေချာရှင်းပြရင်း အချိန်တွေဟာ ကုန်မှန်းမသိ ကုန်သွားရသည်။

" ဟုတ်ပါပြီ ဒီအတိုင်းပဲလုပ်ကြတာပေါ့ .... ညလည်းနက်နေပြီ ကျွန်တော်ပြန်တော့မယ် "

" ဟုတ်ကဲ့ပါ "

" Lisa ငါလည်း မ ကို ပြန်လိုက်ပို့လိုက်ဦးမယ် "

" အေး "

အခန်းထဲကထွက်လာလိုက်ပြီး နံရံက နာရီကို ကြည့်လိုက်တော့ 11 နာရီဖြစ်နေတာကြောင့် Jennieဆီဖုန်းဆက်မယ့် လက်တွေကိုရပ်တန့်လိုက်သည်။ အိပ်ပျော်နေတာကို အနှောင့်အယှက်မပေးချင်တာကြောင့် ...

ဝရန်တာမှာရပ်နေရင်း အနာဂတ်ကိုတွေးမိတော့ Jane ဆိုတဲ့အမျိုးသမီးလေးက ပါဝင်နေသည်မို့ အတွေးတွေဟာလှပ‌လို့နေသည်။ အကယ်၍အနာဂါတ်မှာသာ ယခုတွေးနေသလို Jane သာမပါဝင်နေရင် အသက်ရှူခြင်းက ရပ်တန့်သွားမလားပဲ ...

                              ❄️❄️❄️

" ရောက်လာပြီလား ‌ထိုင်ကြဦးလေ "

" မထိုင်တော့ဘူး ဒီမှာပိုက်ဆံ Chaeyoung အကြွေးတွေအကုန်ပဲ "

" တကယ်စကားတည်ကြတာပဲ .."

ခုံပေါ်ကိုအထပ်လိုက်ရောက်လာသည့် ပိုက်ဆံတွေကို သေချာကိုင်ကြည့်ရင်း အနတ်ရောင်ဝတ်ထားသည့် လူဟာ ပြုံးလျက်ပြောလာသည်။ Lisa ကသာစကားဆိုနေပမယ့် Chaeyoung မှာတော့ Lisa မှားထားသည့်အတိုင်းဘာစကားမှမဆိုပဲ ရပ်လျက်ရှိနေသည်။

Voice In My EarsWhere stories live. Discover now