Voice In My Ears { 4 }

2.5K 263 22
                                    

Unicode ❄️❄️❄️❄️❄️❄️❄️❄️❄️❄️

" Ban ဒီနေ့ ဘက်စကက်ဘော ပြိုင်ရမှာဆို "

" အင်း "

" ဖြစ်ပါ့မလား ခြေထောက်ကအခုမှ သက်သာတာမလား "

Lisa ရဲ့ ခြေထောက်ပေါ်မှာ ပတ်တီးကိုမမြင်ရတော့ပေမယ့် တစ်ခုခုမတော်တဆထပ်ဖြစ်မိကို Jennie စိတ်ပူမိ၍ တားလိုက်ခြင်းဖြစ်သည်။

" ဖြစ်ပါတယ် ကောင်းသွားပြီ "

" ဒါပေမယ့် ... "

" Jane လိုက်ပြီး အားပေးပါလား "

" Ban ကိုတို့ လာအားမပေးလည်း အား‌ပေးမယ့် ကောင်မလေးတွေ ရှိနေတာပဲ တို့လာစရာမလိုပါ
ဘူး "

Jennie စိတ်ဆိုးမိသည်။ စိတ်ပူ၍တားသည်ကို စကားနားမထောင်သည့်အပြင် လိုက်အားပေးဖို့ခေါ်နေသေးတာ ဘယ်လောက်တောင်အမြင်ကပ်စရာကောင်းလိုက်သည်လဲ ...

" မတူဘူးလေ ဘယ်လိုပြောရမလဲ ..... "

" အင်း ပြောကြည့်ပါဦး "

" သူတို့ကို ကိုယ်ကမလာစောချင်ဘူး သူတို့အားပေးတာ စိတ်ရှုပ်ဖို့ကောင်းတယ် Jane ကျ ငြိမ်ငြိမ်လေးထိုင်ကြည့်ပြီး အားပေးနေတာဆိုတော့ "

စိတ်ဆိုး၍ ဂျစ်ကန်ကန်ပြောသည်ကို Lisa ကသတိမထားမိသလို ပြန်ပြောလာတာ ... ထပ်ပြီးအမြင်ကပ်ချင်စရာ ...

" လိုက်ခဲ့မယ်မလား လိုက်ခဲ့နော် .... ကြာပါတယ် "

Jennie ပြန်ပြောလာမည့်စကားကိုမစောင့်ပါပဲ လက်ကနေဆွဲပြီး ခေါ်သွားတော့ စိတ်ကသာ စိတ်ဆိုး၍မလိုက်ချင်ဘူး ပြောနေတာ ခန္ဓာကိုယ်ကတော့ Lisa ခေါ်ဆောင်ရာနောက် အလိုလို လိုက်ပါသွားပြီ။ Jennie မှာ Lisa ဆွဲကိုင်ထားသည့်လက်လေးကြည့်ရင်း ရင်ခုန်လာရသည်။ နှုတ်ခမ်းတွေကလည်း ပြုံးလျက်ရှိသည်ကို ရှေ့က လျှောက်သွားသည့် Lisa ကတော့ သိမှာမဟုတ်ပါဘူး ...

မလွှတ်တမ်းဖမ်းဆုပ်ထားချင်စရာကောင်းလိုက်တာ

" Jane ဒီခုံမှာထိုင်ပြီးစောင့်နေနော် ကိုယ် အဝတ်အစားသွားလဲလိုက်ဦးမယ် "

" အင်း "

Jennie ကို ပွဲကြည့်စင်ရဲ့ ရှေ့ဆုံးတန်းမှာ နေရာချထားပေးလိုက်ရင်း ထွက်လာခဲ့သည်။ Jennie လက်ကလေးကို ဆုပ်ကိုင်ထားတဲ့တစ်လျှောက်လုံး ထူးဆန်းတဲ့ခံစားချက်တွေကို ခံစားမိနေပေမယ့် ထိုခံစားချက်တွေဟာ ဘာဆိုတာတော့ Lisa ကိုယ်တိုင်လည်းမသိချေ။ တွေးလေတွေးလေ အဖြေမရလေဖြစ်ရသည်။ ထပ်ပြီးတွေးနေရင်းပဲ Jennie မျက်နှာလေးကိုမြင်ယောင်လာရင်း ရင်ခုန်နှုန်းတွေက ပြိုင်ပွဲကျင်းပနေပြန်ပြီ ...
အဝတ်ဘီရိုကို မှီရင်း လေပူတွေမှုတ်ထုတ်လိုက်တာ လွင့်ထွက်နေတဲ့စိတ်တွေကို ပြန်စုစည်းလိုက်သည်။

Voice In My EarsWhere stories live. Discover now