Voice In My Ears { 12 }

2.1K 216 12
                                    

Unicode ❄️❄️❄️❄️❄️❄️❄️❄️❄️❄️

တစ်လခန့် လူဆိုးဂိုဏ်ရဲ့ လှုပ်ရှားမှုအားလုံးကို စောင့်ကြည့်ရင်း လီဆာလေ့လာနေခဲ့တာ အရာအားလုံးနီးပါး သိနေပြီဖြစ်ပေမယ့် နောက်ကွယ်က ကြိုးကိုင်နေတဲ့သူကိုတော့ မသိရသေးတာကြောင့် အရာအားလုံးကို ရပ်နားလို့မရသေးချေ။

တစ်ခါတစ်ရံ Jennie နဲ့အဆက်အသွယ်မရသည်ကလွဲရင် Lisa ကမ္ဘာဟာ ပုံမှန်အတိုင်းလည်ပတ်လို့နေသည်။ Jennie ကလည်းအရင်ကအတိုင်းကလေး တစ်ယောက်လိုဆိုးမြဲဆိုးဆဲ ... စိတ်ကောက်တတ်လိုက်တာဆိုသည်မှာလည်း Jennie အပြင်နှစ်‌ယာက် မရှိနိုင်သည်အထိ ...

" Lisa ဒီညနင်တစ်ယောက်ထည်း သွားမှာလား "

" ဟုတ်တယ် တစ်ယောက်ထည်းလုပ်တာပိုပြီး အဆင်ပြေလိမ့်မယ် "

အရေးကြီးသည့်တာဝန်ဖြစ်တာကြောင့် နှစ်ယောက်ဆို မဖြစ်သင့်တဲ့လွဲချော်မှုတွေဖြစ်သွားမည်ဆိုးတာကြောင့် Lisa တစ်ဦးတည်းလုပ်ရန်သာဆုံးဖြတ်လိုက်သည်။ အအေးဒဏ်ကိုခံနိုင်ရည်ရှိနိုင်ရန်အတွက် ဂျာကင်တစ်ထည်ကို ဝတ်လိုက်ကာ အိမ်ကထွက်ရန်တံခါးဖွင့်ခါနီး Chaeyoung ကဆိုဖာပေါ်မှထကာ ပြောလာသည်။

" သတိတော့ထားနော် "

" အေးပါ "

ခေါင်းတစ်ချက်ငြိမ့်ပြလိုက်ကာ ချိန်းထားသည့် တရားမဝင် ကလပ်ကို အချိန်မှီအောင်ထွက်လာခဲ့သည်။ နည်းနည်းလေးလောက်နောက်ကျရင် အရာအားလုံးကအလွဲလွဲအချော်ချော်ဖြစ်ကုန်တော့မှာ ...

❄️❄️❄️

" ဆေးပါတယ်မလား "

" အင်း ဒီမှာ စစ်ကြည့်လိုက်ဦး "

မှောင်ခိုဂိုဏ်းက ဖွင့်ထား‌သည်မို့ Lisa အခုရောက်နေသောနေရာမှာ တရားမဝင်သည့်ကလပ် တစ်ခုဖြစ်သည်။ အပြင်ပန်းသာ ကလပ်တစ်ခုအသွင်ယူထားပေမယ့် နောက်ကွယ်မှာ မူးယစ်ဆေးရောင်းဝယ်နေတာမို့ တရားမဝင်သည့် အရောင်းအဝယ်ကိစ္စများကို ဒီမှာပဲ လုပ်ကြသည်။ တည်နေရာနှင့်အချိန်ကို Gang Ji Sok ဆိုသည့် ရဲထံပို့ထားပြီးသည်မို့ ဒီညတော့ ဒီကလပ်ရဲ့နောက်ဆုံးညတစ်ညသာဖြစ်သည်။

Voice In My EarsWhere stories live. Discover now