Voice in my ears { 28 } 🔞

3.7K 247 25
                                    

Unicode ❄️❄️❄️❄️❄️❄️❄️❄️❄️❄️

" Ban!!!!! "

ခေါ်သံနဲ့အတူ ကျောပြင်ပေါ်ထိကပ်လာတဲ့ အထိအတွေ့ ခါးမှာယှက်တွယ်လာတဲ့ လက်ချောင်းလေးတွေကြောင့် နှလုံးသားက စောင့်နေခဲ့ရသူ ရောက်လာပြီဆိုတာ သိလိုက်သည်။ နှုတ်ခမ်းသားတွေဟာလည်း အလိုလိုပြုံးမိသွားသလို နှလုံးသားဟာလည်း နွေးထွေးသွားသည်။ မျက်ဝန်းတွေက မျက်ရည်တွေဟာလည ကျလုနီးနီးရယ် သို့ပေမယ့် ဒီမျက်ရည်တွေကို မမြင်စေချင်တာမို့ မကျဖို့ အမိန့်ပေးထားရသည်။

" လွမ်းနေတာ ဘာလို့အခုမှပြန်လာတာလဲ ... ဘာလို့အဆက်အသွယ်မလုပ်တာလဲ လူယုတ်မာကြီးရဲ့ "

အငိုသန်တဲ့ Jennie လေးက Lisa ကိုတွေ့တွေ့ချင်းမှာလည်းငို‌နေပြန်သည်။ ဒီအသံလေးကို သေမတတ်လွမ်းနေခဲ့တာ ... အခုလိုလေးသေမတတ် အချွဲခံချင်နေခဲ့တာ ... ပြီးတော့ ထူထဲနေတဲ့ coat အင်္ကျီကြောင့် သေချာမခံမိသည့် ဒီအထိ‌အတွေ့လေးကိုရောပေါ့ ...

" တစ်ယောက်ထဲ အကြာကြီးပြစ်ထားသေးတယ်
မကောင်းတဲ့လူကြီး ... အရူးကြီး "

ခါးမှာဖက်တွယ်ထားသည့် လက်ကလေးတွေကိုဖြုတ်ကာ နောက်က်ို ဖြည်းဖြည်းချင်းလှည့်ရင်းမျက်နှာချင်းဆိုင်ကာ ပခုံး‌သေးသေးလေးတွေကို ဆုပ်ကိုင်ပေးထားရင်း ပြုံးကာပြလိုက်သည်။

" သူများငိုနေတာတောင်ပြုံးနိုင်သေးတယ်
တော်တော်ဆိုးတဲ့ လူကြီး "

ကလေးတစ်ယောက်လိုငိုရင်းပြောနေတဲ့ Jeennie ဟာ ကလေးထက်ပိုချစ်စရာကောင်းနေသည်။ အရမ်းလွမ်းနေတဲ့ ချစ်ရသူရဲ့ မျက်ခွံပေါ်ကမှည့်လေးကို  နမ်းလိုက်တော့ မျက်ရည်တွေဟာ ချက်ချင်းပျောက်ကွယ်သွားသည်။ အရင်ကတိုင်း ...

" အရင်လိုမပြောင်းမလဲရှိနေတာပဲ "

" လူကိုအပြောင်းအလဲမြန်တယ်များထင်နေလား
မကောင်းတဲ့လူကြီးရဲ့ "

" အရမ်းလွမ်းနေခဲ့တာ ... သေမတတ်လေ "

ရင်ခွင်ထဲထည့်ကာဖက်ထား‌လိုက်တော့ Lisa ခါးကို ဖတ်တွယ်လာတဲ့ Jennie ရဲ့ လက်တွေဟာ Lisa ကိုဘယ်လောက်တောင်လွမ်းနေရတဲ့ အရာလဲ

Voice In My EarsWhere stories live. Discover now