Voice In My Ears { 10 }

2.3K 220 10
                                    

Unicode ❄️❄️❄️❄️❄️❄️❄️❄️❄️❄️

" Jane ဝင်တော့လေ အန်တီနောက်ကျလို့စိတ်ပူနေလိမ့်မယ် "

" အင်းပါ "

မခွဲချင်‌သေးသည့် Jennie ရဲ့ မျက်နှာလေးက ဆူပုပ်ပုပ်ကလေးရယ် ... ဖြစ်နိုင်ရင်လေ ဒီဆူပုပ်ပုပ်လုပ်နေသည့် အမျိုးသမီးလေးကို သွားလေရာသာယူဆောင်သွားလိုက်ချင်ရဲ့ ...

ရုတ်တရက်ပါးလေးကို ထိ‌ရုံသာနမ်းလိုက်ပြီး အိမ်ထဲကိုပြေးဝင်သွားတဲ့ Jennie ကြောင့် Lisa ဟာ စက်ဘီးပေါ်မှာ ကျောက်ရုပ်ကဲ့သို့ကျန်ရစ်ခဲ့သည်။ အိမ်တံခါးလေးကို ဖွင့်ကာ အထဲဝင်သွားသည့် Jennie က တံခါးမပိတ်ခင် စပ်ဖြီးဖြီးမျက်နှာလေးဖြင့် ခေါင်းလေးပြူထွက်ကာ ပြောလာလေးသည်။

" ညကျဖုန်းဆက်ဖို့မမေ့နဲ့နော် "

Jennie ချက်ချင်းတံခါးကိုပိတ်ပြီး ဝင်သွားသည်။ Lisa မှာတော့ အခုထိကျောက်ရုပ်အတိုင်း ရှိနေဆဲ ... Jennie နမ်းခဲ့သည့် ပါးလေးကို ပြန်ကိုင်ကြည့်ရင်း အိမ်ပြန်လမ်းတွေဟာ ကြည်နူးခြင်းအပြည့်ဖြင့် အပြုံးတစ်ခုက လိုက်ပါလာသည်။

Jane နဲ့သာဆို အချိန်မရွေး၊ နေရာမရွေးပေါ့ပေါ့ပါးပါးပြုံးနိုင်လိမ့်မယ်ထင်ပါရဲ့ ...

❄️❄️❄️

Chaeyoung ရောက်လာတဲ့နောက်ပိုင်းကစလို့ ညတိုင်း ညစာကို Chaeyoung နှင့်အတူစားဖြစ်သည်။ အထီကျန်မှုလေးတော့ အနည်းငယ် လျော့ကျသွားရတယ်မလား ...

Jennie နဲ့ချစ်သူ ဖြစ်ပြီးနောက်ပိုင်းနောက်ပိုင်းကစလို့ Lisa ဟာဖုန်းကို ကုယ်နှင်မကွာ ယူဆောင်ထားလေ့ရှိသည်။ အားရင်အားသလို စာပို့တတ်သည့် ချစ်သူလေးကို ချက်ချင်းစာပြန်ချင်မ်ိတာကြောင့် ...

' Ban ဘာလုပ်နေတာလဲ '

ညစာစားနေရင်းပဲ Jennie ဆီကဝင်လာတဲ့ စာလေးကြောင့် ဖုန်းကို Chaeyoung ထံထိုးပေးလိုက်သည်။

" Chaeyoung အခု ငါ့ပုံစံကို ဓါတ်ပုံရိုတ်ပေး "

" ဘာလုပ်မလို့လဲ "

" ဓါတ်ပုံပို့ပေးချင်လို့ "

Chaeyoung ဖုန်းကိုယူကာ ကင်မရာကို ချိန်လျက် Lisa ကိုမေးလိုက်သည်။

Voice In My EarsWhere stories live. Discover now