Voice In My Ears { 18 }

1.7K 194 12
                                    

Unicode ❄️❄️❄️❄️❄️❄️❄️❄️❄️❄️

" အဒေါ်ကြီး ခြေထောက်စိမ်ယုံလောက်ပဲ ပူတဲ့ရေ‌နွေး‌ယူလာပေးပါ.... ခဏ ... ပုဝါတစ်ထည်ကို အရင်ပေးပြီးမှ ရေနွေးယူလာပေး "

" ဟုတ်ကဲ့မမလေး "

ကားပေါ်ကနေ အိမ်ထဲအထိ Lisa ရင်ခွင်ထဲမှာ ငြိမ်လျက်လိုက်ပါလာတဲ့ အမျိုးသမီးလေးကို ဧည့်ခန်းထဲက ခုံမှာ ချပေးလိုက်သည်။ အိမ်အကူအခေါ်ကြီး ယူလာပေးတဲ့ ပုဝါ‌ကို ယူလိုက်ပြီး နှင်းစက်တွေ ရှိနေတဲ့ Jennie ရဲ့ ခြေဖဝါးလေးကို တယုတယသုတ်ပေးလိုက်သည်။

" Ban ဘာလုပ်တာလဲ "

" ငြိမ်ငြိမ်လေးနေ ဘာမှမပြောနဲ့ "

ခြေထောက်ကိုအတင်းရုန်းရင်းပြောလာတာကြောင့် ထိုခြေထောက်တွေကို ခပ်ဖွဖွဆုပ်ကိုင်လိုက်ကာ ထိုင်နေတဲ့ အမျိုးသမီးလေးရဲ့ မျက်နှာကို ကြည့်ရင်း ပြောလိုက်တော့ ငြိမ်ကျသွားသည်။

" အရမ်းနာနေလား "

" နည်းနည်းတော့နာတယ် "

" တွေ့ချင်တာနဲ့ပဲ ခြေဗလာနဲ့ပြေးလာရလား Jane ရဲ့ "

" နည်နည်းလောက်နောက်ကျလို့ Ban ကပျောက်သွားရင် နောက်ထပ်ဘယ်နှရက်လောက် ထပ်ပြီး လွမ်းရဦးမယ်မှ မသိနိုင်တာ "

Lisa ဘာမပြောပဲ ခေါင်းကိုငုံ့လို့တိတ်ဆိတ်နေသည်။ အကြိမ်ကြိမ် ဒီအမျိုးသမီးလေးရှေ့ကနေပျောက်သွားမိလို့ စိတ်မချခြင်းကို ခံစားနေရတာမလို့ Lisa ကိုယ့်ကိုကိုပဲ အပြစ်တင်နေမိသည်။

" မမလေးရပါပြီ "

" ထားခဲ့ပြီး လုပ်စရာရှိတာသွားလုပ်တော့ .... Chaeyoung ရော "

" အပေါ်ထပ်မှာရှိပါတယ်မမလေး "

" အော် ရပြီ လုပ်စရာရှိတာ သွားလုပ်တော့ ... ထပ်ခိုင်းစရာရှိမှ ခေါ်လိုက်မယ် "

ရေနွေးတွေစိမ်ထားတဲ့ ဇလားလေးတစ်ခုကို လီဆာ လှမ်းယူလိုက်ပြီး Jennie ရဲ့ခြေရင်းမှာ ချထားလိုက်သည်။ ခပ်နွေးနွေးရေထဲသို့ Jennieရဲ့ ခြေထောက်လေးကို ထည့်ကာ စိမ်ထားကာ ခပ်ဖွဖွလေးနှိပ်ပေးလိုက်သည်။ ရေနွေးက နာကျင်မှုကို အနည်းငယ်တော့ သက်သာစေတယ်လေ ...

Voice In My EarsWhere stories live. Discover now