Voice In My Ears { 6 }

2.4K 253 12
                                    

Unicode ❄️❄️❄️❄️❄️❄️❄️❄️❄️❄️

မျက်ခွံလေးပေါ် ခပ်နွေးနွေးထိတွေ့သွားတဲ့ အနမ်းလေးကြောင့် ရင်ခုန်နှုန်းတွေဟာအတိုင်းအဆမဲ့လျက်ရှိရသည်။ ‌နေရာမှာတင်ကျောက်ရုပ်ဖြစ်နေရသည်က အချိန်ဘယ်လောက်ထိကြာမြင့်နေရသည်ဆိုတာ သတိမထားမိတော့သည်အထိ ရင်ခုန်နေမိသည်။

နမ်းပြီးပြီးချင်း ချက်ချင်းဆိုသလို မျက်စိရှေ့‌ကပျောက်ကွယ်သွားရသည်က ဘာကြောင့်ဆိုတာ Jennie တွေးမရနိုင်အောင်ရှိနေသည်။ တွေးမိတိုင်း Lisa နှုတ်ခမ်းသားနှင့်ထိတွေ့ဖူးသည့် မျက်ခွံလေးကို အသာထိကိုင်မိတော့ လူဟာအလိုလျောက်ပြုံးမိတာ သိပ်ကိုထူးဆန်းသည်မလား ...

" Jen နင်ဘာဖြစ်နေတာ ခုနကပဲ ဆရာမန်လို့ငိုနေတဲ့သူက အခုတော့ ပြုံးနေလိုက်တာ "

ဘယ်အချိန်ဘေးရောက်လာမှန်းမသိသည့် NaEun လက်ဖြင့်တို့လိုက်မှာ စိတ်နဲ့ခန္ဓာဟာပြန်စုစည်းမိသည်။

" ဘာမှမဖြစ်ပါဘူး ဒီအတိုင်း .... နေစမ်းပါဦး နင်ကရော ဘယ်တွေသွားနေတာ "

" ဒီအတိုင်းကိစ္စလေးရှိလို့ "

‌ကျောင်းဆင်းသည်အထိ Lisa အရိပ်အယောင်လေးတောင်မတွေ့ရသလို ညဘက်တွေမှာလည်း ဖုန်းဆက်မလာတာကြောင့် Jennie အနည်းငယ်တော့ စိတ်ကောက်မိသည်။

ထိုင်နေကျ အပင်လေးအောက် သွားကြည့်မိတော့လည်း မရှိ ဘက်စကက်ဘောကွင်းမှာလည်း‌မတွေ့ လူများသည့် ကျောင်းကန်တင်းမှာဆို ပိုလို့တောင်ဆိုးသေးသည်။ မသိရင် အမှားလုပ်ထားတဲ့ တရားခံက ရဲလက်ကနေ ရှောင်ပြေးနေသလို

နောက်ဆုံး ကျောင်းစာကြည့်တိုက်ထဲ ဝင်တော့ စာအုပ်စင်ကို မှီထားပြီးစာဖတ်နေတဲ့ Lisa  ကိုတွေ့လိုက်တာကြောင့် အနားကိုသွားပြီး ‌လက်တို့ကာခေါ်မည်ပြုလုပ်မှ Jennie ကိုတစ်ချက်လေးတောင် လှည့်မကြည့်ပဲထွက်သွားတဲ့ Lisa  ကြောင့် ဒေါသထွက်မိတာမှ အရမ်းကိုပေါ့ ...

စိတ်ဆိုးတာကြောင့် Lisa  နောက်ကမလိုက်တော့ပဲ ထိုနေရာမှလှည့်ထွက်လာလိုက်သည်။ အတန်းထဲပြန်ရောက်တော့မှ ‌နောင်တတွေဟာ တသီတသန်းကြီး ဝင်လာရသည်။ တကယ်ဆို မတွေ့ရ စကားမပြောရသည့် တစ်ပါတ်အတွင်း သိပ်ကိုလွမ်းနေခဲ့ရသည်မလား ...

Voice In My EarsWhere stories live. Discover now