Voice In My Ears { 14 }

1.9K 178 11
                                    

Unicode ❄️❄️❄️❄️❄️❄️❄️❄️❄️❄️

" သူဌေး သူ့နာမည်က LaLisa ပါ... Lisa သူဌေးနာမည်က Robbins တဲ့ "

" ကျွန်မနာမည် LaLisa ပါ သူဌေး "

‌ပြတင်း‌ပေါက်ကို မျက်နှာမူကာ Lisa တို့ကို ကျောပေးပြီး ထိုင်နေတဲ့ အမျိုးသားတစ်ယောက် ကို Lisa စူးစူးရဲရဲစိုက်ကြည့်နေလိုက်သည်။ မိတ်ဆက်ပေးတဲ့အသံကိုကြားတော့ Lisa တို့ဘက်ကို ပြန်လှည့်ကြည့်လာသည့် အမျိုးသားက Lisa ထင်ထားသလောက် အသက်မကြီးသေးသလို ခန့်ခန့်ညားညားရှိလှသည်။

" အလှလေးပါလား မြင်မြင်ချင်းတောင် ကြွေတယ် "

ပေ‌စောင်းစောင်းကြည့်နေသည့် Lisa ကို အပြုံးကာကြည့်ရင်း Robbins ပြောလိုက်သည်။ Robbins အတွက် တစ်စုံတစ်ယောက်ကို ချစ်မိဖို့ အချိန်ဒီလောက်ထိ ကြာလိမ့်မယ်တောင် မထင်ထားမိဘူး ... Lisa ကိုမတွေ့ခင်အထိ ... ဒီဂျစ်တီးဂျစ်ကန်အမူအယာလေးကို မြင်တော့မှ ကြားဖူးသမျှသေနတ်သံတိုင်းထက် ရင်ခုန်သံတွေက ကျယ်လောင်သွားရတာ ...

" ကျမမှာချစ်သူရှိတယ် သူကလွဲရင် ကျန်တဲ့သူစိတ်မဝင်စားတာမလို့ ‌စိတ်မကောင်းပါဘူး  "

" Lisa ဘယ်လိုပြောလိုက်တာလဲ ..... သူဌေး ကျွန်တော့တို့တောင်းပန်ပါတယ် သူကမသိသေးတာမလို့ ပြောလိုက်မိတာပါ "

ပြက်သားစွာပြောလိုက်သည့် စကားကို Robbins ဆိုသူက ခေါင်းညိမ့်ကာ နားထောင်နေပေမယ့် Robbins ကိုအရမ်းကြောက်ပုံရသည့် အကိုကြီး ဆိုသူကတော့ ခါးကျိုးမတက် ‌တောင်းပန်နေသည်။

" ငါကလည်း အဲလိုပုံစံမျိုးကိုမှသဘောကျတာ "

" မဆိုင်တာမပြောနဲ့ ...အခုကျမကိုဘာခိုင်းမလို့လဲ "

" ဒီည ငါခိုင်းတဲ့နေရာကို ပစ္စည်းသွားပို့ပေး မင်းတစ်ယောက်ထည်းတော့မသွားနဲ့ ကိုယ်စိတ်မချဘူး "

" အဲဒါပဲမလား ညနေကျတစ်ခေါက်ပြန်လာခဲ့မယ်
အခုတော့ သွားတော့မယ် "

" နေဦး ကိုယ်မင်းနဲ့ပါတ်သက်ပြီး သိချင်တာတွေကျန်သေးတယ် ကိုယ်နဲ့အတူ နေ့လည်စာလိုက်စားပါလား "

မလိုအပ်သည့် စကားတွေကို ပြောနေသည့် Robbins ကို စိတ်ကုန်လှပြီ ... စိတ်ကုန်လွန်းတာကြောင့် လေပူတွေကိုတစ်ချက်မှုတ်ထုတ်လိုက်သည်။ Robbins ဆိုသူကတော့ Lisa ကိုကြည့်ရင်း ပြုံးနေဆဲ ...

Voice In My EarsWhere stories live. Discover now