(7)ငါ့ကောင်လေးကိုလွှတ်

5.5K 590 18
                                    

Unicode

နောက်တစ်နေ့မနက်တွင် ရှောင်ကျန့်တစ်ယောက် မျက်ကွင်းကြီးဖြင့်နိုးလာလေသည်။ထို့နောက် နံနက်စာစားရန် အောက်အဆင်း ရှောင်မားမှ

"သား ရန်ဖြစ်လာတာလား မျက်လုံးတဝိုက်ကညိုနေတယ်"

"မဟုတ်ပါဘူးမားကလည်း အိပ်ရေးမဝတာနေမှာပါ ဟီးဟီး"

"အင်းလာ ကျောင်းမသွားခင် မားလုပ်ပေးထားတာလေး စားသွား"

"ဟုတ်"

ထို့နောက် လွယ်အိတ်လွယ်ကာ ကျောင်းသို့ သွားလေသည်။ကျောင်းပေါက်ဝတွင်လည်း ရှောင်ကျန့်နည်းတူ Pandaမျက်လူံးဖြင့် ချင်းစီဟွာတစ်ယောက် စောင့်နေလေသည်။

"ရှောင်ကျန့် ငါမင်းကိုစောင့်နေတာ မင်းမျက်လူံးနားကညိုနေတယ်ရော ဟားဟား"

"မင်းလည်းဘာထူးလဲ မှန်ရောကြည့်ခဲ့လား"

"ဟင့်အင်း ငါလည်း အိပ်ချင်မူးတူး ထလာတာဘဲ"

"သောက်ကျိုးနည်း🤣"
နှစ်ယောက်သား ရီမောကာ ကျောင်းခန်းထဲသို့ဝင်လာကြလေသည်။အတန်းသားတွေမှာလည်း Pandaမျက်လူံးဖြစ်နေတဲ့ နှစ်ယောက်ကို ကြည့်ကာ တိုးတိုးတိတ်တိတ်ခွီနေကြလေသည်။ထိူ့နောက် ထူံးစံအတိုင်း ကျောင်းPageတွင်

"Pandaမျက်လုံးနဲ့တောင် ငါ့ကောင်လေးကအချောဆူံးဘဲ"ဟူသော Captionနှင့် နောက်တဖန် ခေတ်စားသွားလေသည်။Postအောက်တွင်လည်း

Cmt 1- အား အဲ့ဒါငါ့ရဲ့နတ်သားလေးဘဲ+35

Cmt 2 - ဟိဟိ မျက်ကွင်းညိုတာတောင် စောက်ရမ်းချောတယ်+65

Cmt 3 - အပေါ် ကတစ်ယောက်ပြောတာ ငါထောက်ခံတယ်+13

Cmt 4 -ချင်းစီဟွာကလည်း ချစ်စရာလေးငါတော့ Ukeလို့ဘဲ မြင်တယ် +75

Cmt 5 -ရှောင်ကျန့် လည်း Ukeရုပ်လေးပါနော်+153

ရှောင်ကျန့်နဲ့ချင်းစီဟွာကတော့ ကိုယ့်နေရာကိုယ်ထိုင်လိုက်ကြကာ အတွေးကိုယ်စီဖြင့် တွေးနေကြလေသည်။

[Host ဇာတ်လိုက်မင်းသမီးက ကျောင်းဖွင့်တာနဲ့ ရောက်လာတော့မှာပါ]

[အွန်းငါ့မှာ ပိတ်ရက်၂ရက်ဘဲကျန်တော့တာပေါ့]

[ဟုတ်ပါတယ် Host]

ဝမ်ရိပေါ် က ငါ့အပိုင် (Transmigration) [Completed]Where stories live. Discover now