(28)သုံးပွင့်ဆိုင်

3.3K 353 8
                                    

Unicode

နေ့လည်ဘက်အချိန်ရောက်သောအခါ ထုံးစံအတိုင်းရှောင်ကျန့်တို့အဖွဲ့က လူစုကြသည်။ထို့နောက်အဖွဲ့လိုက်ကန်တင်းစုထိုင်ကြပြီး ရောက်တက်ရာရာအကြောင်းများ ထိုင်ပြောကြသည်။

ခုံဝိုင်းလေးမှာ ဝမ်ရိပေါ်နဲ့ရှောင်ကျန့်ကတူတူထိုင်ပြီး မျက်နှာချင်းဆိုင်မှာတော့ ဖုန်းစီချန်နဲ့ချင်းစီဟွာတို့ကထိုင်ကြသည်။ဘေးတစ်ဖက်တစ်ချက်ဆီမှာတော့ သိုက်ရှူဟန်နဲ့ ပိုင်လျန်ဟွားကရှိနေသည်။ပြီးပြည့်စုံပြီးဘာမှန်းမသိတဲ့အရှိန်အဝါတစ်ချို့ တောက်ပနေတဲ့သူတို့ဝိုင်းက ကန်တင်းကကျောင်းသားအားလုံးရဲ့အကြည့်တို့ရပ်တည်ရာဖြစ်နေခဲ့သည်။ဟိုဟိုဒီဒီပြောဆိုရီမောကြရင်း ကျောင်းပိတ်ရက်တွေအတွင်းက ပြုလုပ်ခဲ့သမျှတွေကိုပါ အလုပ်မရှိ ကြောင်ရေချိုးကာပြောဆိုပြီး ရီမောကြပြန်သည်။

''ဒါဆိုမင်းတို့ငါတို့မပါဘဲ ကမ်းခြေကိုတိတ်တိတ်လေးသွားပြီးတော်တော်ပျော်ခဲ့ကြတယ်ပေါ့လေ''

''ဒါပေါ့''

''ကြည့်စမ်း ဘယ်လိုတောင်ကျေးဇူးမသိတတ်တဲ့နှစ်ကောင်လဲ''

''ချင်းစီဟွာရယ် နင်ကပဲစိတ်လျှော့လိုက်ပါ သူတို့လင်လင်နှစ်ယောက်​သူတို့ဘာသာသွားတာသွားပါစေ''

ကြားထဲကဝင်ထောက်လိုက်တဲ့ပိုင်လျန်ဟွားရဲ့စကားကြောင့် ရှောင်ကျန့်ကရှက်သွားသလို နားရွက်လေးတွေရော ဂုတ်လေးတွေပါနီရဲသွားသည်။ဒါကိုရှောင်ကျန့်ကိုပဲအမြဲတစ်စိမ့်စိမ့်ကြည့်နေတဲ့ဝမ်ရိပေါ်က မြင်ဖြစ်အောင်မြင်လိုက်ပါသည်။ထို့ကြောင့်ပြုံးလိုက်သည်။ဝမ်ရိပေါ်ရဲ့အပြုံးကိုမြင်လိုက်ရတဲ့ ကန်တင်းကတစ်ခြားကျောင်းသားတွေခမျာ မျက်လုံးလေးတွေပြူးလို့ပေါ့။

အရာအားလုံးအေးအေးချမ်းချမ်းနဲ့ ပျော်ပျော်ရွှင်ရွှင်ရီမောနေကြတဲ့ သူတို့ရဲ့ဝိုင်းလေးဟာ မြင်ရသူတွေအဖို့ပျော်ရွှင်မှုတွေကူး စက်စေဖို့ လုံလောက်ပါသည်။ဒါပေမယ့်တစ်စုံတစ်ယောက်ရောက်လာပြီးနောက် ရီသံတွေတိတ်ကျသွားခဲ့ကာ ကျောင်းသားတွေဟာလည်း အစောနကထက်ပိုပြီး စိတ်ဝင်စားလာကာ လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။

ဝမ်ရိပေါ် က ငါ့အပိုင် (Transmigration) [Completed]Where stories live. Discover now