(30)ထွက်သွားပေး

3.5K 369 40
                                    

Unicode

ရှောင်ကျန့် ထိုနေရာကထွက်သွားပြီးနောက်မှာတော့

"မင်း ဘာလုပ်တာလဲ"

ရိပေါ်တစ်ယောက် ယနေ့တွင် ကျောင်းဆင်းဆင်းချင်း ရှောင်ကျန့်တိူ့ရှိရာ ကန်တင်းသို့သွားရန်ပြင်လိုက်သည်။သိူ့သော် သူ့ရှေ့မှရပ်ကာ စောင့်နေတဲ့ ယင်းလျန်ကြောင့် အနည်းငယ်စိတ်ပျက်သွားလေသည်။

ထို့ပြင် သူ့ခေါင်းတွင် အမှိုက်ကပ်သည်ဟုပြောကာ ခြေဖျားထောက်ပြီး ဖယ်ပေးလိုက်သေးသည်။တခနအကြာ သူ့အားလှမ်းဖက်လိုက်တာကြောင့် ရိပေါ် ရဲ့ အကြောတွေ တောင့်မိသွားလေသည်။

ထို့နောက် ယင်းလျန်သူ့ကို ဖက်ထားရာမှ တွန်းဖယ်လိုက်သည်။သူ့အသားကို ရှောင်ကျန့်ကလွဲပြီး အခြားသူထိတာ လူံးဝမကြိုက်။အထူးသဖြင့် မိန်းကလေးတွေ။ရှောင်ကျန့်ရဲ့ ကိုယ်သင်းရနံ့ သင်းသင်းလေးနဲ့မတူဘဲ ယင်းလျန်နားက ရတဲ့ရေမွှေးရနံ့ စူးစူးဟာ သူ့ကိုအတော်လေး အနှောင့်အယှက်ဖြစ်စေသည်။

"အာ တောင်းပန်ပါတယ် ရိပေါ်က ဖက်တာမကြိုက်ဘူးလား"

"ရှောင်ကျန့်က လွဲပြီး ငါ့အသားကို သူများထိတာမကြိုက်ဘူး နောက်တခါထပ်မထိပါနဲ့"

"ဟုတ်ပါပြီ ရိပေါ် ရဲ့ဟင်းဟင်း"

*ဘလိုလုပ်မလဲ ရိပေါ်ရဲ့ အချစ်လေးကခူဆို ဒိူ့နှစ်ယောက်ကို အထင်လွဲသွားလောက်ပြီ နောက်ဆုံးတော့လည်း ရှင်က ကျွန်မအပိုင်ပါဘဲ ကလေးမမွေးနိုင်တဲ့ ကောင်က သူ့နေရာသူဘဲရှိသင့်တယ် အနူလက်နဲ့ ရွှေခွက်မနှိုက်သင့်ဘူးဆိုတာ အချို့လူတွေ သိသွားအောင်ပြောရမယ်*

ထိူ့နောက် ရိပေါ်လည်း ယင်းလျန်ကိုထားခဲ့ကာ ရှောင်ကျန့်တို့စောင့်နေသော ကန်တင်းဆီသိူ့သွားလေသည်။သူ့ကောင်လေးက သူ့ကို မျှော်နေတော့မှာဘဲ။ ရိပေါ် တစ်ယောက် အပြုံးသေးသေးလေးပြုံးပြီး ထွက်သွားသော်လည်း နောက်က သူ့ကျောပြင်ကို ကောက်ကျစ်တပ်မက်စွာ စိုက်ကြည့်နေသော ယင်းလျန်ကိုတော့ မမြင်ခဲ့ချေ။

တဖက်က လျန်ဟွားတိူ့မှာလည်း တော်တော်နဲ့ ပြန်ရောက်မလာတဲ့ ရှောင်ကျန့်ကြောင့် စိုးရိမ်နေကြလေသည်။ထိုအချိန် ကန်တင်းဘက်သိူ့လာနေသည့် ရိပေါ် ကိုမြင်လိုက်ရတာကြောင့် ရှောင်ကျန့်ကိုပါ ပါလာမလားဆိုပြီး ရှာသော်လည်း မတွေ့ရချေ။

ဝမ်ရိပေါ် က ငါ့အပိုင် (Transmigration) [Completed]Where stories live. Discover now