(22)ကိုယ်မင်းကို ချစ်တယ်

4.3K 426 10
                                    

Unicode

ညနေလည်းစောင်းနေပြီဖြစ်တာကြောင့် ရှောင်ကျန့်တို့အဖွဲ့လည်း ကမျင်း​ကြောထတာ ရပ်သွားကြလေပြီ။ထို့ကြောင့်မပြန်ခင် နောက်ဆူံးအနေနဲ့ ရဟတ်စီးပြီး နေဝင်ချ်န်ဆည်းဆာအလှကို အပေါ် စီးကကြည့်ရန်ဆူံးဖြတ်လိုက်လေသည်။

လက်မှတ်ဖြတ်ရုံ ရောက်ချိန်တွင်တော့ လူပြည့်နေသလို ခုံမှာလည်း နှစ်ခုံသာ လွတ်တော့တာကြောင့်လျန်ဟွားတိူ့ကဘဲ ရှောင်ကျန့်တို့ နှစ်ယောက်အတွက် ရှောင်ပေးကာ သူတိူ့နှစ်ဦးအား တတွဲထိုင်စေလိုက်လေသည်။

လျန်ဟွား ချင်းစီဟွာ ဖူန်းစီချန်နဲ့ သိူက်ရှုဟန်တို့ 4ယောက်ကတော့ နောက်တတွဲတွင်သာ 4ယောက်သားထိုင်လိုက်ကြလေသည်။တကယ်တော့ ရဟတ်ဟာ လူမပြည့်ချေ။သေချာကို နှစ်ယောက်သားအား ထိုင်စေချင်တာကြောင့် ချင်းစီဟွာနဲ့ပိုင်လျန်ဟွား ပေါင်းကြံထားတာဖြစ်သည်။

တကယ်တော့ ချားရဟတ်ကြီးတခုလုံးတွင် သူတိူ့6ဦးသာရှိလေသည်။ ဟိုနှစ်ယောက်ကတော့ ဂျင်းကျွေးခံလိုက်ရတာပေါ့။ထို့နောက် ချားရဟတ်ကလည တဖြည်းဖြည်း အပေါ်သိူ့ တက်လာလေသည်။

ရှောင်ကျန့်နဲ့ ရိပေါ်မှာလည်း မျက်နှာချင်းဆိုင်ထိုင်ကာ အသံတိတ်နေကြလေသည်။အလယ်လောက် ရောက်ချိန်တွင် မြို့ကို အပေါ်စီးမှ စမြင်ရလေသည်။ညနေနေဝင် ဆည်းဆာကို ချားရဟတ် ပေါ် မှကြည့်ရတာဟာ တကယ်ကိုလှသည်။

ရှောင်ကျန့်ငေးနေရင်းဘဲ အပေါ်ဆုံးရောက်သွားလေသည်။ထိုအချိန်ဆိုခိုက် ကစားကွင်းရှိ မီးအားပေးစက်မှ ချို့ယွင်းသွားတာကြောင့် အပေါ်တည့်တည့်တွင် ရဟတ်ဟာ မလည်တော့ဘဲ ရပ်နေလေသည်။ခုန်ဆင်းလို့လည်းမရ။

ဆင်းရင် အရိုးတခြား အသားတခြား အမေနဲ့ အဖေတောင် မမှတ်မိနိုင် ဖြစ်သွားနိုင်တာကြောင့် ငြိမ်ငြိမ်လေး ထိုင်နေရန်သာ ဆုံးဖြတ်လိုက်လေသည်။မကြာခင် မီးကပြန်ရမှာပါ။

ရှောင်ကျန့်လည်း မြို့ကိုသာ ဆက်ငေးနေလေသည်။ဘေးက ရိပေါ်ကတော့ လက်ကို ပွတ်လိုက် ချလိုက်လုပ်ကာ စိတ်လွန်ဆွဲနေလေသည်။ နေဝင်ဆည်းဆာချိန်မှာ ရှောင်ကျန့်ရဲ့အလှဟာ ပိုသွားသလို။

ဝမ်ရိပေါ် က ငါ့အပိုင် (Transmigration) [Completed]Where stories live. Discover now