(21) အမေးအဖြေ

4K 444 14
                                    

Unicode

6ယောက်သားကစားကွင်းထဲမှ ရှိသမျှကစားစရာအကုန် ပြောင်းဆန်အောင်ဆော့ပြီးသောအခါ ကစားကွင်းရှိကော်ဖီဆိုင်တစ်ဆိုင်တွင် အမောဖြေဝင်ထိုင်ကြပြန်သည်။

ထိုစဉ် ဆိုင်ထဲမှအသံထွက်လာသောကြောင့် အားလုံးကြည့်မိလိုက်ကြသည်။

''အားလုံးပဲ မင်္ဂလာပါ ဒီနေ့ကတော့ကျွန်မတို့ကော်ဖီဆိုင်လေးရဲ့ပိုင်ရှင် ဇနီးမောင်နှံရဲ့ တစ်နှစ်ပြည့် Anniversityနေ့လေးဖြစ်သလို ဒီဆိုင်လေးစဖွင့်တဲ့တစ်နှစ်ပြည့်နေ့လေးလည်းဖြစ်ပါတယ်။

ဒါကြောင့် တစ်နှစ်ပြည့် အထိန်းအမှတ်အနေနဲ့ ကျွန်မတို့ကလည်း ဒီဆိုင်လေးမှာ ပျော်ပျော်ရွှင်ရွှင်gameလေးတစ်ခုကစားဖို့စီစဉ်ထားပါတယ်။
gameလေးကလည်း ဒီဆိုင်မှာရှိနေတဲ့couple လေးတွေအတွက် အထူးသီးသန့်ပေါ့နော်။ဂေါ်မစွံသူများအနေနဲ့ကတော့ အခုတည်းကကြိုထွက်သွားချင်လည်းရသလို အားအကျခံပြီးဆက်ကြည့်လည်းရပါတယ်။

တကယ်မထင်ပါနဲ့ နောက်တာပါ ကဲ အခု ကျွန်မက gameအကြောင်းလေးကိုစရှင်းပြတော့မယ်နော်။

gameမှာ ပွဲစဉ်3ခုပါရှိပါမယ် ဒါပေမယ့်အရှေ့ကနှစ်ပွဲက ချစ်သူနှစ်ဦးအနေနဲ့ သံယောစဉ်ပိုတိုးလာစေဖို့အတွက်ပဲ ရည်ရွယ်တာဖြစ်ပြီး နောက်ဆုံးပွဲစဉ်ကသာ အနိုင်အရှုံးကိုဆုံးဖြတ်ပေးမဲ့ ပွဲစဉ်ဖြစ်ပါတယ် ဘာဆော့ရမလဲဆိုတာကတော့တစ်ဆင့်ချင်းစီပြောပြပေးသွားမှာဖြစ်ပါတယ်။

ဆုအနေနဲ့ကတော့ White Gold ringလေးဖြစ်တဲ့ coupleလက်စွပ်လေးကိုပေးမှာပါ အနိုင်မရတဲ့ပြိုင်ပွဲဝင်တွေအတွက်လည်း မေတ္တာလက်ဆောင်လေးတွေပါပေးသွားဦးမှာပါနော်။

ဆုအနေနဲ့ကတော့ White Gold ringလေးဖြစ်တဲ့ coupleလက်စွပ်လေးကိုပေးမှာပါ အနိုင်မရတဲ့ပြိုင်ပွဲဝင်တွေအတွက်လည်း မေတ္တာလက်ဆောင်လေးတွေပါပေးသွားဦးမှာပါနော်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ဝမ်ရိပေါ် က ငါ့အပိုင် (Transmigration) [Completed]Where stories live. Discover now