(31)လမ်းခွဲ ပြတ်စဲခြင်း

3.9K 379 54
                                    

Unicode

ဝမ်ရိပေါ်ရှောင်ကျန့်ရဲ့လက်ကိုပြန်လည် ဆုပ်ကိုင်ကာ မေးမြန်းဖို့လုပ်ပေမယ့် လုံးဝအထိမခံတော့တဲ့ရှောင်ကျန့်က ဝမ်ရိပေါ်ကို ခါးခါးသီးသီးငြင်းဆန်ကာ ထွက်သွားဖို့ကို သာအော်ဟစ်နေခဲ့သည်။

ဘာတွေ ဘယ်လိုဖြစ်သွားမှန်း နားမလည်လိုက်တဲ့ဝမ်ရိပေါ်ကတော့ ဘယ်သူ့ကိုအပြစ်တင်ရမယ်မှန်းလည်းမသိ။ဒါတွေအားလုံးကို မသိခဲ့ဘဲ ဒီလိုသတင်းတွေထွက်စေခဲ့တဲ့ သူ့ကိုယ်သူလား။ဒီသတင်းတွေလောက်နဲ့ သူ့ကိုအယုံအကြည်ပျက်ကာ စိမ်းကားသွားခဲ့တဲ့ရှောင်ကျန့်ကိုလား။သေချာတာကတော့ ဘယ်သူ့ကို ဘယ်လိုပဲအပြစ်တင်တင် အရာအားလုံးကနောက်ကျသွားခဲ့ပြီ။

သူဘယ်လိုပဲရှင်းပြဖို့လုပ်နေပါစေ ငြင်းဆန်နေတဲ့ရှောင်ကျန့်ကြောင့် ဘာမှမတတ်သာတော့တဲ့ဝမ်ရိပေါ်က လေးလံနေတဲ့ခြေလှမ်းတွေနဲ့သာ ထိုဆေးရုံခန်းထဲမှစွန့်ခွာခဲ့ရသည်။ရှောင်ကျန့်စိတ်တည်ငြိမ်သွားချိန်မှ ပြန်ရှင်းပြတော့မယ်ဆိုတဲ့ စိတ်ကူးလေးနဲ့ပေါ့။

သို့သော်လည်း ထို့နေ့နောက်ပိုင်းကစတင်၍ ရှောင်ကျန့်ဟာဝမ်ရိပေါ်ကိုအတွေ့မခံခဲ့။ဝမ်ရိပေါ်စကားပြောမည်လုပ်တိုင်းလည်း အကြောင်းတစ်ခုခုပြကာရှောင်ထွက်သွားခဲ့သည်။ကျောင်းကိစ္စကြောင့်ဆိုပြီး သူ့ရဲ့နားအချိန်တိုင်းကပ်နေတဲ့ ယင်းလျန်ကိုလည်း ဝမ်ရိပေါ်ဟာဖယ်ထုတ်ဖို့မဖြစ်နိုင်ခဲ့။အချိန်တွေကြာလာသည်နှင့်အမျှ နှစ်ယောက်လုံးရဲ့အခြေအနေဟာ အေးစက်လာပြီး ရင်ထဲကအစိုင်အခဲတွေလည်းကြီးထွားလာခဲ့သည်။

ဒါပေမယ့် ဝမ်ရိပေါ်မျှော်နေခဲ့တဲ့နေ့ဟာ မထင်မှတ်ဘဲရောက်ရှိလာသည်။ရှောင်ကျန့်ကစတင်ပြီး ဝမ်ရိပေါ်ကိုချိန်းဆိုခဲ့သည်။နောက်ဆုံးတော့ သူ့ရဲ့စကားတွေကို နားထောင်ပေးတော့မယ်လို့ထင်ကာ အလွန်ပျော်နေခဲ့တဲ့ဝမ်ရိပေါ်က ရှောင်ကျန့်ရဲ့စကားတစ်ခွန်းမှာပဲ သူထွေးပိုက်ထားချင်မိတဲ့ ကြယ်လေးဟာ အမှောင်ထုနဲ့အတူ ပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။

''ရိပေါ် ငါတို့လမ်းခွဲကြရအောင်''

''ကျန့် ဘာ ဘာလို့လဲ ကျန့်ရဲ့ ရုတ်တရက်ကြီးဘာလို့လဲ''

ဝမ်ရိပေါ် က ငါ့အပိုင် (Transmigration) [Completed]Where stories live. Discover now