(16)ချစ်တော့ ချစ်ချင်စရာလေး

4.6K 476 28
                                    

Unicode

နောက်တစ်နေ့ ဝမ်ရိပေါ် တစ်ယောက် နိုးလာချိန်တွင် လက်မောင်းထဲတွင် ဖက်လုံးအရာတခုကို ဖက်ထားမှန်းသိလိုက်လေသည်။သူဖက်လုံးလိုအရာကို ညစ်ကြည့်သည် ကိုင်ကြည့်သည်။

*အင်းးး မာပေမဲ့ အိသလိုဘဲ*

ထို့နောက်တဖန် လက်ကိုမြှောက်ကာ ပွတ်ကြည့်ပြန်သည်။ထိုအချိန် အမွှေးများကို ကိုင်လိုက်လေသည်။

(A/N - ဆံပင်မွှေးပြောတာပါ)

*ဟင် ဖက်လုံးမှာ ဆံပင်ပါလို့လား*

ထို့နောက် အိပ်မှုန်စုတ်ဖွားဖြင့် မျက်လုံးဖွင့်ပြည့်လိုက်ချိန်တွင် သူ့ရင်ဘတ်ထဲ ကွေးကွေးလေးရောက်နေသော ယူန်ပေါက်ကိုတွေ့လိုက်ရသည်။ယူန်ပေါက်ဆိုလို့ ယူန်မဟုတ်ပါဘူး ယုန်လိုအကောင်ပေါက် အရူးပေါက်စလေး။

ထိုအကောင်ပေါက် ရှောင်ကျန့်မှာ သူလှုပ်လိုက်တာကြောင့် ထင်ရလောက်အောင် တအင်းအင်းလုပ်ကာ သူ့ရင်ခွင်ကို ခေါင်းလေးဖြင့် ပွတ်ကာ လက်တဖက်ကခါးကိုလာဖက်ပြီး ပြန်အိပ်သွားလေသည်။ငါတညလူံး ယုန်ပေါက်စကို ဖက်ထားမိတာလား။

*ဟက် ချစ်တော့ ချစ်ချင်စရာလေး*

ဝမ်ရိပေါ်လည်း အချိန်မစောတော့တာကြောင့် ခနငြိမ်ပေးကာ ရှောင်ကျန့်အား စောင့်ခြုံပေးလိုက်ပြီး ရွက်ဖျင်တဲအပြင်သိူ့ ထွက်လာလိုက်လေသည်။လူအများကြီး မရှိပေမဲ့ စောစောနိုးနေတဲ့သူ ၇ယောက်လောက်တော့ ရှိနေလေသည်။

ရှောင်ကျန့်လို ကာလနဂါးမျိုးစုကတော့ စက်တော် ခေါ် လို့ကောင်းတုန်းပေါ့။ဝမ်ရိပေါ် လည်း ပြင်စရာရှိတာပြင်ကာ ရှောင်ကျန့်ကိုနှိုးဖို့ ပြန်ဝင်လာလေသည်။

"အဟမ်း ရှောင်ကျန့် ထတော့"

"..."

"ထတော့"

"..."

"ရှောင်ကျန့်"

"ဟင်... အင်းထပြီ"

Boo Boo - *Hostတို့များ တရားကျချက် လင်နှိုးတော့ကျ သုံးခါမပြည့်သေးဘူး ထလာတယ် ငါနှိုးရင်ကျ အသက်ထွက်သေတောင် ထမဲ့ပုံ မပေါ်ဘူး*

ဝမ်ရိပေါ် က ငါ့အပိုင် (Transmigration) [Completed]Where stories live. Discover now