(34)ကိုမာဝင်ခြင်း

3.8K 359 22
                                    

Unicode

''ရိပေါ်လား မဟုတ်လောက်ပါဘူးနော် ရိ ရိပေါ်မဟုတ်ပါစေနဲ့''

ထိုမြင်ကွင်းကြောင့် ကျောက်ရုပ်ဖြစ်သွားသလို နေရာမှာပဲတောက်လျှောက်ရပ်နေခဲ့တဲ့ ရှောင်းကျန့်က အခုမှအသိဝင်လာသလို သွေးတွေနဲ့လဲနေတဲ့လူနားကို တုန်ယင်ကာလျှောက်သွားရင်း နှုတ်မှလည်း ဆုတောင်းတစ်ခုကိုသာ ထပ်ခါတလဲလဲတောင်းဆိုနေမိသည်။သို့ပေမယ့်လည်း သူ့ဆုတောင်းဟာ မပြည့်တော့ဘူးဆိုတာ သွေးအိုင်ထဲမှာလဲနေခဲ့တဲ့ လူကသက်သေပြနေခဲ့သည်။

ဆက်ရပ်ဖို့တောင်အားမရှိတော့တဲ့​​ ခြေထောက်တွေက ခွေယိုင်ကျသွားပြီးနောက် ဝမ်ရိပေါ်ကိုသာဖက်ထားရင်း အရူးတစ်ယောက်လိုအော်ငိုမိသည်။

''ကျန့် ကျန့် သိပ်မငို..နဲ့လေကွာ....ကျန့်မောနေမှာပေါ့....''

''ဟင့်အင်း မဟုတ်ဘူး! ရိပေါ်  ရိပေါ်ဘာမှမဖြစ်ရဘူး ဒီလိုမလုပ်ပါနဲ့ ဘာလို့ဝင်ခံလိုက်တာလဲ!!
ဘာလို့လဲ!!!''

ရှောင်ကျန့်ကငိုနေရင်းနဲ့လည်းဒီမေးခွန်းကိုပဲ ထပ်ခါထပ်ခါမေးကာ ယူကြုံးမရဖြစ်နေခဲ့သည်။

''ကိုယ်ဝင်မခံရင်...ကျန့်ကို ထိ...ထိသွားမှာပေါ့ ကိုယ်ကအဲ့လိုအဖြစ်ခံမယ်ထင်လို့လား..''

''ဘာဖြစ်လဲ ငါ့ကိုတိုက်သွားလည်းဘာဖြစ်လဲလို့ မင်းကိုငါဝင်ခံခိုင်းလို့လား မင်းကိုယ့်အသက်ကိုအဲ့လောက်တောင်တန်ဖိုးမထားဘူးလား ငါ့အတွက်နဲ့ဘာလို့အဲ့လိုလုပ်ရတာလဲ...''

''ကျန့်က ကိုယ့်အသက်ပဲလေ...အကယ်၍ ကိုယ့်နေရာမှာကျန့်ဖြစ်သွားမယ်ဆိုရင်...အဟွတ် အဟွတ်''

သွေးတွေအန်သွားတဲ့ ဝမ်ရိပေါ်ကြောင့် ရှောင်ကျန့်ကအလွန်စိုးရိမ်ထိတ်လန့်သွားသည်။ပိုပိုပြီးလည်း အငိုသည်းလာကာ

''ရိ ရိပေါ် ဆက်မပြောပါနဲ့တော့နော် ခဏနေရင် လူနာတင်ကားလာလိမ့်မယ် နော်''

ရှောင်ကျန့်ရဲ့ရင်ခွင်ထဲကဝမ်ရိပေါ်က ပြုံးပြုံးလေးသာခေါင်းခါပြရင်း တုန်ရင်နေတဲ့ဝမ်ရိပေါ်ရဲ့လက်တွေက ငိုနေခဲ့တဲ့ရှောင်ကျန့်ရဲ့ မျက်နှာပေါ်ကပါးနုနုကိုကိုင်ရင်း မျက်ရည်ဥတို့ကို ကြင်နာစွာသုတ်ပေးမိသည်။

ဝမ်ရိပေါ် က ငါ့အပိုင် (Transmigration) [Completed]Where stories live. Discover now