(40)ပြန်လည်တွေ့ဆုံခြင်း (Final)

4.7K 388 26
                                    

Unicode

ရှောင်ကျန့် နောက်ဘက်မှ ကြားလိုက်ရတဲ့ စကားကြောင့် အံ့သြပြီး ပါးစပ်ကလေးပွင့်ဟသွားကာ မျက်ရည်စအချို့ဖြင့် နောက်သို့ ပြန်လှည့်ကြည့်လိုက်လေသည်။

"သည်းငယ် ကိုယ့်ကိုမလွမ်းဘူးလား"

"ရိ ရိပေါ်"

ရှောင်ကျန့်တစ်ယောက် Boo booပြောတဲ့ Suprise ဟာ ဒါများဖြစ်မလားဟု တွေးမိကာ ဝမ်းနည်းဝမ်းသာ ဖြစ်ပြီး မျက်ရည်များကျလာ၍ ရိပေါ်အား ပြေးဖက်လိုက်လေသည်။တဖက်က ရိပေါ်ကလည်း နှုတ်ခမ်းထောင့်စွန်းလေး မြင့်ရုံမျှ ပြုံးလိုက်ကာ သူကိုယ်တိုင်လည်း လွမ်းနေခဲ့ရတဲ့ ရှောင်ကျန့်အား ပြန်ဖက်လိုက်လေသည်။

(A/N - ဟဲ့ နင်တို့မတွေ့ရတာ တရက်ဘဲရှိသေးတယ်ဟ)

"ဘလို ဘလိုဖြစ်လို့ ခင်ဗျားက အပြင်မှာရှိနေရတာလဲ"

"ကိုယ်အားလုံး ရှင်းပြပေးမယ် အရင်ဆူံး တနေရာရာ သွားရအောင် လမ်းကြီးမှာ ရပ်နေလို့ပါ"

ရိပေါ်အပြောကြောင့် ရှောင်ကျန့် ဘေးပတ်ပတ်လည်ကိုကြည့်လိုက်တော့ လမ်းရှိလူအချို့ဟာ သူတိူ့နှစ်ယောက်ကို ကြောင်တောင်တောင်နှင့် ကြည့်နေကြလေသည်။ထိုအချိန်မှ ရှောင်ကျန့်တစ်ယောက် ရှက်ရမှန်းသိပြီး ရိပေါ်ရင်ခွင်ထဲ မျက်နှာဖွက်ထားလိုက်လေသည်။

(A/N- အကိုက အားတိုင်းအထဲဝင်နာဘဲနော် ရင်ခွင်ထဲပြောတာ ရင်ခွင်!!!)

ထို့နောက် ရိပေါ်လည်း ရှောင်ကျန့်အား သူ့ပိုင်တဲ့ Villaတခုစီသို့ ခေါ်သွားလိုက်လေသည်။ထိူ့နောက် တစုံတယောက်ဆီ Ph ဆက်လိူက်ကာ Villaသိူ့ အခုချက်ချင်း လာရန် ပြောလိုက်သသည်။

အချိန်အတော်ကြာပြီးနောက် ရှေ့တံခါးက Bellတီးသံကြားရတာကြောင့် ရှောင်ကျန့် ဖွင့်လိုက်စဥ် မြင်လိုက်ရတဲ့ မျက်နှာများကြောင့် အံသြကာ ကြောင်အသွားလေသည်။ထိုသူတွေကတော့ ချင်းစီဟွာ၊ပိုင်လျန်ဟွား၊ဖုန်းစီချန်နဲ့၊သိူက်ရှုဟန်တို့ဘဲ ဖြစ်လေသည်။

သူတိူ့အားလူံးလည်း ကြောင်အနေတဲ့ ရှောင်ကျန့်ကို အထဲ အရင်ဆွဲခေါ် ကာ ထိုင်ခိုင်းလိုက်လေသည်။ထိူ့နောက် အားလူံးလည်း ဝင်ထိုင်ကြကာ အဖြစ်မှန်အစအဆူံးအားပြောပြလိုက်လေသည်။

ဝမ်ရိပေါ် က ငါ့အပိုင် (Transmigration) [Completed]Where stories live. Discover now