(25)ပိတ်ရက်ကာလများ (1)

3.5K 375 15
                                    

Unicode

အထက်တန်းနောက်ဆုံးနှစ်ပြီးဆုံး၍ uniတွေမတက်ခင် ကျောင်းပိတ်ရက်ရှည် ကာလများသို့ ရောက်ရှိလာပြီဖြစ်သည်။ရှောင်ကျန့်တို့သူငယ်ချင်းတစ်သိုက်လည်း ကျောင်းစပိတ်တည်းက အပြင်မှာသေသေချာချာမတွေ့ဖြစ်ဘဲ gp chatထဲမှာပဲ စကားပြောဖြစ်တာက ပိုများသည်။

ကျောင်းစပိတ်ခြင်းပထမတစ်ပတ်မှာတော့ ကျောင်းသားအများစုကအိမ်တွင်းအောင်းရတာကို နှစ်သက်ကြသလို ရှောင်ကျန့်လည်းအတူတူပဲဖြစ်သည်။အတန်အသင့်အိမ်တွင်းအောင်းပြီးနောက်တွင်တော့ ပူပူနွေးနွေးချစ်သူနှစ်ဦးဖြစ်ကြသည့် ဝမ်ရိပေါ်နဲ့ရှောင်ကျန့်ကတော့ ကမ်းခြေကိုခရီးထွက်ရန်ပြင်ဆင်ကြသည်။

ဟိုတစ်ခေါက်ကမ်းခြေသွားတုန်းက ဆရာတွေရော ကျောင်းသားတွေပါ ပါတဲ့လေ့လာရေးခရီးဖြစ်ပေမယ့် ဒီတစ်ခေါက်ကတော့ နှစ်ယောက်တည်းသက်သက်သွားမှာဖြစ်ပြီး မတွေ့ရတာလည်းကြာ သူငယ်ချင်းတွေကိုလည်း မပြောထားတာကြောင့် နှစ်ယောက်လုံး စိတ်လှုပ်ရှားနေကြသည်မှာတော့ အမှန်။

အခုကတော့ ကမ်းခြေသွားမည့်ကားလက်မှတ်ဂိတ်တွင် နှစ်ယောက်ဆုံရန်ချိန်းထားသောကြောင့် စိတ်လှုပ်ရှားကာစောစောထွက်လာမိတဲ့ ရှောင်ကျန့်က ရိပေါ်ကိုစောင့်နေတာ ဖြစ်သည်။အထုပ်တစ်ခုနဲ့ ကားဂိတ်မှာစောင့်နေတဲ့ ရှောင်ကျန့်က မသိရင် ယောကျ်ားနောက်လိုက်ပြေးဖို့အတွက် စောင့်နေသလိုလို။ရှောင်ကျန့်ကားဂိတ်အတွင်း ဟိုဟိုဒီဒီလိုက်ကြည့်နေတုန်း အနောက်မှအသံထွက်ပေါ်လာသည်။

''ကျန့်''

''ရိပေါ် ရောက်ပြီလ...အင့်''

ရှောင်ကျန့်ရဲ့စကားတောင်မဆုံးသေး ဝမ်ရိပေါ်ကပြေးဖက်လိုက်တာဖြစ်သည်။ဘယ်လောက်တောင်အရှိန်ပြင်းလဲမသိ ရှောင်ကျန့်မှာအင့်ခနဲမြည်ပြီး ခန္တာကိုယ်ပါအနောက်ယိုင်သွားသည်အထိ။

''ကျန့်... ကိုယ်အရမ်းလွမ်းနေတာ ကျန့်ကိုအရမ်းအရမ်းလွမ်းနေတာ ကျန့်ရဲ့ကိုယ်သင်းနံ့လေးတွေ အခုလိုအထိအတွေ့လေးတွေ ပြောမပြတတ်အောင်ပဲ အင်း...မွှေးလိုက်တာကျန့်က''

ဝမ်ရိပေါ် က ငါ့အပိုင် (Transmigration) [Completed]Where stories live. Discover now