(23)ငါရှောင်ကျန့်ကို မကြိုက်ဘူး

4.5K 418 27
                                    

Unicode

နောက်တစ်နေ့တွင်တော့ ရှောင်ကျန့်တို့ရဲ့ ကစားကွင်းမှာ ကစားခဲ့တဲ့ အမေးအဖြေ Videoဟာ Weiboတွင်နာမည်ကြီးနေပြီး ထိပ်ဆူံး Hot searchပါဖြစ်နေလေသည်။တင်တဲ့သူကတော့ ဆိုင်ကဝန်ထမ်းလေးပါဘဲ။

'အလိုက်ဖက်ဆူံး စုံတွဲလေး'ဆိုတဲ့ Captionနဲ့ ဆိုင်Pageမှာတင်ထားတာဖြစ်သည်။အောက်မှ Cmtတွေကလည်း Fujoshiများနှင့်ပြည့်နှက်ကာ သဘော်ရွက်လွှင့်ရန်ပြင်နေကြလေသည်။

Cmt -"အား အား Semeကြီးက ချစ်တတ်ချက်ဘဲ"+37

Cmt- "အပေါ်ကတစ်ယောက် ရေ Ukeလေးက လည်း အကုန်သိ သွက်သွက်လက်လက်လေးပါနော်"+25

Cmt- "နှစ်ယောက်လူံးအသာနေ တကယ်တော့ Semeကြီးရော Ukeလေးရောက နေတဲ့ ရွှေနဲ့မြဘဲ"+26357

Cmt - "ဒီနေ့ကစပြီး ငါကသူတို့ရဲ့ဖန်ဘဲ အဟိ"+265

Cmt - "ဟဲ့ဟဲ့ ဘသူလဲ သေချာကြည့်တယ် ငါတိူ့ကျောင်းက နတ်ဆိုးလေးနဲ့ နတ်သားလေးဘဲ အားးးး"+965

Cmt - "အပေါ်ကတစ်ယောက် ကျောင်းနာမည်ပြောပါ ငါလာချောင်းမို့" +2827

Cmt - "အောက်ကတစ်ယောက်ရေ $^@%%#&"&"+27567

ထိုသိူ့နာမည်ကြီးနေတာကိုတော့ ကာယကံရှင်နှစ်ယောက် မသိလိုက်ချေ။ရှောင်ကျန့်ကတော့ အိပ်ကောင်းနေတာကြောင့် မသိတာဖြစ်ပြီး ဝမ်ရိပေါ်ကတော့ Weiboကို မသုံးဖြစ်တာမို့ မသိတာဖြစ်သည်။တကယ်လို့ ရှောင်ကျန့်သာ သိသွားလျှင်လည်း ရှောင်ကျန့်ကတော့ ပျော်ပျော်ကြီး ဝမ်ရိပေါ်နဲ့ ခွေးစာပတ်ကျွေးမှာဖြစ်သည်။

တဖက်မှ ပိုင်လျန်ဟွားကလည်း သူEdit ထားတဲ့ပုံတွေကို တင်လိုက်လေသည်။ရှောင်ကျန့်နဲ့ ရိပေါ် ကရည်းစားဖြစ်သွားပြီဆိုတော့ သူ့ရဲ့ သဘော်ကို ပေါ်ပေါ်ထင်ထင် လွှင့်လို့ရပြီဖြစ်သည်။သူမျှော်နေတဲ့နေ့လေး နောက်ဆုံးတော့ရောက်လာပြီဖြစ်သည်။

Boo booကလည်းအကြောင်း အားလုံးကိုသိပေမဲ့ သူ့Hostကို စပရိုက်ဆိုပြီး သိစေချင်တာကြောင့် ဘာမှမပြောဘဲသာနေလေသည်။ရှောင်ကျန့်တစ်ယောက် နေဖင်ထိုးမှ ထလာပြီး ကျောင်းနောက်ကျနေပြီဖြစ်တာကြောင့် အစားကိုလက်တဖက်ကကိုင် အဝတ်ကောက်စွပ်ကာ ကျောင်းသိူ့ ​ပြေးရလေသည်။

ဝမ်ရိပေါ် က ငါ့အပိုင် (Transmigration) [Completed]Where stories live. Discover now