1

7.1K 174 4
                                    

ဇွန်လတစ်ရက်နေ့.....

ဒီနေ့မှ ရာသီဥတုက သာယာနေသလိုပဲ... ‌
ကျောင်းဝန်းထဲမှာ အဖြူအစိမ်းဆင်တူ ဝတ်စုံလေးတွေနဲ့ ကျောင်းသားကျောင်းသူလေးတွေ စာသင်နှစ်တစ်နှစ်ရဲ့ ပထမရက်လေးကို တက်ကြွလန်းဆန်းစွာတက်ရောက်လို့နေသည်...

ထိုကျောင်းသူတွေထဲမှာ 'ဆောင်းယွန်းသံဇဉ်'ဆိုတဲ့ နဝမတန်းကျောင်းသူလေးအပါအဝင်ပေါ့...
ဆောင်းက ဒီနှစ်ဆို (၉)တန်းရောက်ပြီပဲ ဆောင်းကျောင်းတက်ရတာကို ပျော်ပါသည်။ စာတွေလေ့လာနေရတာက ဆောင်းရဲ့ဝါသနာတစ်ခုလိုဖြစ်နေသည်။... အထက်တန်းစာကို ဆောင်းလေ့လာရတော့မှာဆိုတော့ ပိုပြီး ရင်ခုန်နေမိတယ် ဘာသာတွေက မတူတော့ဘူးဆိုတဲ့ ကိုယ့်ထက်ကြီးတဲ့စီနီယာတွေက ပြောထားတော့ ဆောင်းတစ်ယောက် ရင်ခုန်နေမိတာ အမှန်ပင်။
ဆောင်းက အတန်းထဲမှာဆို အမြဲ ပထမရပါသည်။ စာကြိုးစားလို့ဆိုပြီး စာကြမ်းပိုးကျောင်းသူတွေထဲမှာ ဆောင်းမပါဘူး စာလေ့လာချိန်စာလေ့လာတယ် အခြားအချိန်တွေမှာ ဆောင်းသူငယ်ချင်းတွေနဲ့ ပျော်လိုက်ပါးလိုက်ပဲ အတန်းထဲက သူငယ်ချင်းတွေနဲ့လဲ အားလုံးကို တူတူပဲပေါင်းတယ် စာမတော်လို့ တော်လို့ မရှိဘူး ဆောင်းရဲ့ အထူးသူငယ်ချင်းနှစ်ယောက်ကတော့ ဒါဒါနဲ့ မိုးတို့ပေါ့ သူတို့လေးတွေနဲ့က ဟိုးငယ်ငယ်လေးကတည်းက ခင်လာကြတာ မိဘတွေကလဲ မိတ်ဆွေတွေဆိုတော့ ဆောင်းတို့သူငယ်ချင်းသုံးယောက်က အမြဲ တတွဲတွဲပဲ သွားတူလာတူစားအတူ အာ့လို ဆောင်းက မောင်နှမသုံးယောက်ရှိတယ် ဆောင်းကအငယ်ဆုံးပဲ ဆောင်းအကိုကြီးက နိုင်ငံခြားမှာအလုပ်လုပ်နေတာပေါ့ ဆောင်း‌ကျောင်းစရိတ်သူပဲ ထောက်ပံ့ပေးတာပါ အကိုငယ်ကတော့ သူ့အိမ်ထောင်နဲ့သူဆိုတော့ အိမ်ခွဲနေတာပေါ့ ဆောင်းမေမေက အိမ်မှာပဲ အိမ်ရှင်မလုပ်နေရတာပေါ့ ဆောင်းတို့က မုံရွာစာတိပါ မုံရွာမြို့မှာဆောင်းတို့နေတယ် ဆောင်းဖေဖေက ကုန်သည်တစ်ယောက်ပါ သူရှာတာနဲ့ သူသုံးတာ မကာမိအောင် ဆောင်းဖေဖေက အသုံးအစွဲကြီးတယ် မသောက်မစားပေမယ့် လူတကာနဲ့ပေါင်းသင်းဆက်ဆံရတဲ့ ဖေဖေက အပျော်အပါးမက်သလို မိန်းမလည်းရှုပ်တယ် ဒါတွေကို ဆောင်းတို့တွေ သိနေပေမယ့် ဖေဖေ့ကို မပြောရဲမဆူရဲဘူး ခုလိုပြောလိုက်ရင် ဆောင်းမေမေကို ‌ဖေဖေက ရိုက်လိမ့်မယ်...ဆောင်းတို့က ဆွေကြီးမျိုးကြီးပါ ဖေဖေ့မောင်နှမတွေ လေးယောက်ရှိတယ် ဆောင်းမေမေက ပခုက္ကူက ဖေဖေနဲ့ဖူးစာဆုံပြီး မုံရွာရောက်လာတာ...

အချစ်စစ်Where stories live. Discover now