ဒီနေ့ တစ်နေကုန် ဆောင်းမေမေ့အနားကနေ တစ်ဖဝါးမှ မခွာဖြစ်ပါ။ ပုံမှန်ဆို ပိတ်ရက်တိုင်း စာအုပ်ဆိုင်တွေ ရောက်ဖြစ်ပေမယ့် ဒီနေ့တော့ ဆောင်းအိမ်မှာပဲ နေဖြစ်ခဲ့ပါသည်။
၃နာရီလောက်ကြ'သမီး ကျူရှင်သွားရအုံးမှာမလား ရေချိုးသွားတော့နော် သမီး'
'ဟုတ်ကဲ့ မေမေ' ဆောင်း မေမေ့ကို နှုတ်ဆက်ပြီး အိမ်အပေါ်ထပ်ကို တက်လာခဲ့သည်။
ဒီနေ့တော့ မိုးတို့က အရင်နေ့ကထက် စော၍ရောက်လာခဲ့သည်။
ဆောင်း ရေချိုးခန်းထဲမှ ထွက်လာသောအခါ သူမအခန်းထဲတွင် စောင့်နေသော မိုးတို့ကို မြင်ရသည်။ မိုးတို့ဆိုတာ ငယ်ကတည်းက ပေါင်းလာတဲ့သူငယ်ချင်းတွေဖြစ်တဲ့အတွက် ဆောင်းအိမ်ကို ဝင်ထွက်သွားလာတတ်ပါသည်။
'ရောက်နေကြပြီလား ဘာကိစ္စအစောကြီးလာတာလဲ'
ဆောင်းသူမတို့ကို မေးလိုက်သည်။'ပျင်းနေတာနဲ့ လာလိုက်တာပါ ဆောင်းရယ် ဒါနဲ့ ဆောင်း နင့်မျက်ခွံတွေမို့နေတာပဲ ပြီးတော့ မျက်လုံးတွေလဲရဲလို့ နင်ငိုထားတာလား ဘာဖြစ်ထားတာလဲ ဆောင်းရဲ့ ' မိုးက ဂရုဏာ အကြည့်တွေနဲ့မေးလေသည်။
'ဘာမှမဖြစ်ပါဘူး မိုးရဲ့ မျက်လုံးထဲ အမှိုက်ဝင်လို့ပါ'
ဆောင်းမုသားသုံးလိုက်မိသည်။'ငယ်ကတည်းက ပေါင်းလာတာပါ ဆောင်းရယ် နင့်မျက်နှာကိုကြည့်ရင် ငါတို့ သိတယ် ဘာဖြစ်တာလဲ အောက်ထပ်မှာ တွေ့ခဲ့တဲ့ အန်တီမျက်နှာလဲ မကောင်းဘူး'
ဆောင်းအကြောင်းအားလုံးသိတဲ့ သူတို့ကို မိုးလဲ အကြောင်းစုံရှင်းပြလိုက်တယ်'တအားစိတ်ညစ်မနေနဲ့နော် ဆောင်း ငါတို့ အမြဲနင့်ဘေးနားမှာရှိတယ်' ဒါဒါက ဆောင်းကို ကြည့်၍ပြောလိုက်သည်။
'ငါ့အတွက်က ဘာမှမဖြစ်ပါဘူး မေမေ့ကို သနားတယ်' ဆောင်းမျက်ရည်လေးနဲ့ ဆိုလိုက်တယ်ဆိုရင်ပဲ
'မငိုတော့နဲ့ဆောင်းရဲ့ အဝတ်အစားဝတ်တော့ အအေးပတ်လိမ့်မယ် နင် ရေချိုးခန်းထဲမှာလဲ ငိုထားတာမလား'
ခေါင်းလေးငြိမ့်ပြီး အဝတ်ဗီရိုထဲက ပန်းနုရောင် ဂါဝန်အရှည်လေးကို ထုတ်ခါ ဝတ်လိုက်သည်။ထို့နောက် မိုးတို့ဘက်လှည့်၍