7

1.9K 102 2
                                    

နောက်တစ်နေ့တွင်...
ပန်းချီအတန်းဝင်တော့ လေးလုံးလေးကို မတွေ့ပါ။
ဒီကောင်မလေး အတန်းဝင်များနောက်ကျနေလေသလားဆိုပြီး တွေးမိပေမယ့် စားပွဲပေါ်မှာ စာလေးတစ်စောင် ထိုသူမလေး နေမကောင်းလို့တဲ့ ခွင့်တိုင်ထားတဲ့ စာလေးတစ်စောင်ပေါ့။
"မိုးရတီ သမီး ဆောင်းလေးက ဘာဖြစ်တာလဲ"
မိုး ထိုင်နေရမှ မတ်တပ်ရပ်လိုက်ပြီး
"အဖျားတတ်တာရှင့် ညက အအေးမိသွားတယ်ထင်တယ်"
မိုးပြန်ဖြေတော့
"အေးပါကွယ်"ဆိုပြီး သူမလဲ သင်ခန်းစာများကို ဆက်သင်နေလိုက်တယ်။ တစ်ချက်တစ်ချက်တော့ လေးလုံးလေးကို စိတ်ထဲတွေးပူနေမိတယ်
..........................
အိမ်ရှေ့တွင် ခေါင်းလောင်းတီးသံကြားတော့
"ဆောင်းလေး မေမေ အိမ်ရှေ့တံခါးသွားဖွင့်လိုက်အုံးမယ် ဘယ်သူလာတာလဲ မသိဘူး"
ဆောင်းလေးကို ရေဝတ်တိုက်နေရင်းဖြင့် ခနထားခါ ဆောင်းလေးမေမေ ခြံတံခါးရှိရာဆီထွက်လာခဲ့သည်။
"သမီးဆောင်းဆရာမပါ့လား လာလာအထဲဝင်ဆရာမရယ် ဘာလို ေရာက်လာတာလဲ"
"ဆောင်းယွန်းသံဇဉ်နေမကောင်းဘူးဆိုလို့ လမ်းကြုံတာနဲ့ အိမ်မေးပြီးဝင်လာလိုက်တာ"
တကယ်တော့ ဆောင်းလေးဆီ တည့်တည့်လာချင်းဖြစ်ပါသည်။ ညကလဲ မျက်နှာငြိုးနေသေးသည်မို့ ကျောင်းဆင်းပြီးချင်း ရေချိုး၍ လာခဲ့ခြင်းဖြစ်ပါသည်။
"အားနာစရာ ဆရာမရယ် ဆရာမ တပည့်မက အတော်လေး သက်သာနေပါပြီ"
စကားပြောရင်းနဲ့ ဧည့်ခန်းထဲသို့ ရောက်လာခဲ့ပါသည်။
"ဆောင်းလေးက အခန်းထဲမှာ ချွေးစေးပြန်နေလို့ ရေဝတ်တိုက်ပေးနေတာ ဆရာမ အခန်းထဲဝင်သွားလိုက်လေ ကျွန်မ စားစရာယူပြီး လိုက်လာခဲ့မယ်"
"ဘာမှ လုပ်မနေပါနဲ့ ကျွန်မ အပြင်ကစားခဲ့တယ်"
"အပြင်က အပြင်စာပေါ့ဆရာမရယ်"
ပန်းချီလည်း ပြောမရလောက်ဘူးဆိုတာ သေချာနေတော့ ဆောင်းလေးအခန်းကိုဘဲ မေးပြီး ဝင်လာခဲ့တော့သည်။
အခန်းထဲရောက်တော့ ဒေါ်ဆောင်းယွန်းသံဇဉ်က အိပ်ပျော်နေလေပြီ နံဖူးလေးကို စမ်းကြည့်တော့ အဖျားက နွေးနွေးလေးပဲကျန်တော့တယ် လက်လေးတွေကိုင်ကြည့်တော့ ချွေးလေးတွေစို့နေတာနဲ့ ဘေးနားမှာ တိုက်လက်စရှိတဲ့ ရေစလုံနဲ့ သဘတ်လေးကို ရေစင်အောင်ခါပြီး လက်လေးတွေ သုတ်ပေးနေမိတယ်။ လည်တိုင်လေးတွေကို သုတ်ပေးနေတုန်း နိုးလာပါပြီ လေးလုံးလေးက
'ဟင် ဆရာမ ငါနေမကောင်းလို့ မြင်ချင်ရာတွေ မြင်နေတာလားမသိ'ဆောင်းစိတ်ထဲ တွေးနေမိတယ် မျက်လုံးကို သေချာပွတ်သတ်ကြည့်နေမိပါသည်။
"‌လေးလုံးလေး ဘာတွေ သေချာကြည့်နေတာလဲ ဆရာမကို မမြင်ဖူးဘူးလား"
"ဟင် တကယ်ဆရာမပဲ" ဆောင်းပြောလည်းပြော ရုတ်တရက် ထထိုင်လိုက်တော့ ‌
"အား"ခေါင်းထဲရိတ်ခနမူးသွား၍ ဆောင်းလေး အော်လိုက်မိပါသည်။
"သမီးလေး ဘာဖြစ်တာလဲ ဘယ်နားက နာသွားလို့လဲ" ဆရာမက ဆောင်းကို စိုးရိမ်တကြီးမေးနေသည်ကို မြင်ရတော့ ဝေဒနာတောင် တစ်ဝက်သက်သာရပါသည်။
"ရုတ်တရက်ထလိုက်တာမို့ မူးသွားတာ ဆရာမက ဘယ်လို့လာတာလဲ"
"လမ်းကြုံလို့ ဝင်လာလိုက်တာ ရှင်လေးနေမကောင်းဘူးဆိုလို့ ဒီမှာ ရှင်လေးကြိုက်လောက်မယ့် မုန့်တွေ ဝယ်လာပေးတယ်"
လက်ထဲမှ မုန့်ထုပ်တွေကို မြှောက်ပြသောသူမ
"အားနာစရာကြီး ဆရာမကလဲ ကောင်းကောင်းမွန်မွန်စားပါ့မယ်ရှင့်" ပြောင်စပ်စပ်ဖြင့် ပြောလိုက်တော့
"ဟွန့် ရုပ်ကိုက"
'မျက်စောင်းလေးဖြင့် ပြောတော့ ဒီက နှလုံးသားကြီးက အပြင်ကို ပေါက်ထွက်တော့မယ်' ဆောင်းတွေးနေမိပါသည်။
"ဘယ်လိုဖြစ်တာလဲ ပြောပါ့အုံး ညကလဲ မိုးတို့ရောက်လာတယ်ဆို မျက်နှာက ငြိုးသွားသေးတယ်နော် ခုလဲ ကောင်းလေးပူမိပြီး ဖျားရတာလား ပြောပါ့အုံး"
"မဟုတ်ရပါဘူး ဆရာမရယ် သမီးမှာ ကောင်လေး မရှိပါဘူး"
"ပြောတာပဲ ပြီးမှ ဘာသံညာသံမကြားချင်ဘူးနော်"
"ဟုတ်ကဲ့ပါ ဆရာမရဲ့ သမီးကို စိတ်ပူတယ်ပေါ့"
ဘယ်လိုဖြေမလဲဆိုတာ သိချင်၍ ဆောင်း အရဲစွန့်ပြီး မေးလိုက်မိပါသည်။
"ပူတာပေါ့ ကိုယ့်တပည့်ပဲ ပြီးတော့ ရှင်လေးက ကျွန်မ ညီမဆိုလဲဟုတ်တယ် ကိုယ့်ညီမကို စိတ်ပူတာပေါ့လို့"
"ဪ"ဆိုပြီးပဲ ဆောင်းအသံထွက်နိုင်ပါတယ် အာ့လိုစည်းတွေနဲ့ ဘယ်လိုရှေ့ဆက်ရမလဲ ဆရာမရယ်ဆိုပြီး ဆောင်းတွေးနေမိပါသည်။
"ဘာလဲ မျက်နှာက ဘာဖြစ်ရတာလဲစိတ်မပူရဘူးလား"
ဆရာမက ဆောင်းကို စိတ်ဆိုးတော့မယ့်ပုံ မေးနေ၍
"မဟုတ်ပါဘူး ဆရာမရယ် ဆောင်းက ဒီတိုင်းပဲ စိတ်ထဲ ပျော်လို့ပါ" ဆောင်းမုသားသုံးလိုက်မိသည်။ 'ဆောင်းက အဲ့ဒီလို အချစ်ခံချင်တာ မဟုတ်ဘူးလေ ဆောင်းက.....'ဆောင်း တွေးရင်းဖြင့် ငိုချင်လာ၍ အတွေးတွေကို ဖျောက်၍
"ညက ကျူရှင်ကပြန်လာမှ ရေထပ်ချိုးလိုက်လို့ အအေးပတ်သွားတာ ဆရာမရဲ့" ညက စိတ်ရှုပ်၍ ခေါင်းကနေစပြီးရေလောင်းချိုးလိုက်ခြင်းဖြစ်ပါသည်။ ဆောင်းမှာ အဲ့ဒီအကျင့်ရှိပါသည်။ စိတ်ရှုပ်ပြီးဆိုရင် ခေါင်းလျှော်လိုက်ရမှ ပေါ့သွားသလို ခံစားရ၍ ဖြစ်ပါသည်။
"ဖြစ်ရမယ် သမီးလေးရယ် နောက်အခါ မချိုးနဲ့တော့နော် လိမ်မာတယ် ဆရာမ သမီးလေးက" ဆိုပြီး ခေါင်းလေးကို လာကိုင်ပေးပါသည်။
အပြင်မှာလဲ မိုးတွေက တအားသည်းထန်စွာရွာနေပါသည်။
"ဆရာမရေ မိုးတွေကလဲ တအားသည်းနေတယ် ဒီည ဒီမှာပဲ ထမင်းစားပြီး အိပ်သွားပါ့လား ခနနေလဲ မှောင်တော့မယ်"ဆောင်းမေမေ အခန်းထဲသို့ ရေနွေးကြမ်းအိုးနှင့် လက်ဖက်ဗန်း မ လာ၍ ဝင်လာပြီး ပြောလိုက်ခြင်းဖြစ်ပါသည်။
"မအိပ်တော့ပါဘူး အန်တီရယ် ခနနေ မိုးစဲမှာပါ မိုးရတီတို့လဲ ကျူရှင်လာအုံးမယ်ထင်တယ် အာ့မို့ မိုးစဲရင် ပြန်မှ ရမယ်"
"မိုးစဲရင်တော့ ပြန်ပေါ့ ဆရာမရယ် ဒီနေ့ မုန်တိုင်းလည်းရှိတယ်‌ဆိုတော့ လွယ်လွယ်တော့ မစဲလောက်ဘူး"
"နေလိုက်ပါနော် တစ်လေတစ်ညပဲကို ဆရာမကလဲ"
ဆောင်းကပါဝင်ပြောလိုက်ပါသည်။
"ဟုတ်ကဲ့ပါ အန်တီ အဲ့ဒါဆို အခြေအနေစောင့်ကြည့်ပါ့အုံးမယ်"
"အေးပါကွယ် အေးပါ"ဆောင်းမေမေလဲ ပြောပြီးသည်နှင့် ထမင်းဟင်းချက်ရမည်ဖြစ်၍ ချက်ချင်းပြန်ဆင်းလာခဲ့သည်။
'မုန်တိုင်းရှိတယ်ဆိုတော့ မိုးရတီတို့ကို အတန်းပိတ်မှ ရမယ်ထင်တယ် မဟုတ်ရင် ည ပြန်ချိန်ကြ မိုးရွာနေရင် ကလေးတွေ ဒုက္ခဆိုပြီး' တွေးနေလေသည်။
"ဆောင်းလေး မိုးရတီတို့ဖုန်းနံပါတ်ပေးပါ့လား ဆရာမ အတန်းပိတ်ချင်လို့"
"ရတယ် ဆရာမ သမီးဆက်ပေးမယ်"ဆောင်း သူတို့ဖုန်းနံပါတ်ကို ဆရာမသိသွားမှာ မလိုလားပါ ဆောင်းဖုန်းနံပါတ်ကို ပထမဆုံးသိစေချင်တာ အရင်တစ်ခါဖုန်းဆက်တာလဲ မကိုင်ပါ အာ့မို့ ဆောင်းဖုန်းနံပါတ်ကို ဆရာမသိမယ်မဟုတ်ပါ။
'ဒီကလေးဘာဖြစ်တာလဲ ဇွတ်'ဆိုပြီး တွေးနေမိသည်။
ဆောင်းလည်း ထိုဟာလေး နှစ်ယောက်ဆီ ဖုန်းဆက်လိုက်ပါသည်။ ဖုန်းထဲမှ အဲ့နှစ်ကောင်သည် သိလိုစိတ်များပြင်းပျနေမည်ဆိုတာကိုတော့ ဆောင်းအတတ်သိပါသည်။ ဆောင်းလည်း ဖုန်းကို ချက်ချင်းချလိုက်ပါသည်။ သူတော်ကောင်းမလေးတွေက ပေါက်ကရပြောမည်စိုး၍ ဖြစ်ပါသည်။
"ခများလေး ဘယ်လိုတွေ ဖြစ် ဖုန်းကို ချက်ချင်းချတာပဲနော် ဘာတွေများ ပြောလိုက်မှာ စိတ်ပူနေလဲ"
"မဟုတ်ရပါဘူး ဆရာမရယ် ဆရာမရှေ့မှာ သူတို့က ဆဲမယ်စိုးလို့ပါ"
"ပြောသလိုပဲပေါ့"
"ဟာ အမှန်ပြောနေတာကို ဆရာမကလဲ"
ဆောင်း ငိုမလိုလို ပြောလိုက်တော့
"ဟုတ်ပါပြီ စတာပါ ယုံပါတယ် ဟွန်း" မျက်စောင်းလေးတစ်ချက် ထိုးပြန်ပြီ နှလုံးသားလေးက ခုန်ရပြန်ပြီ ဆောင်းနှလုံးသားလေးကို ဖိထားလိုက်မိတော့
"ဘာဖြစ်တာလဲ ရင်ဘက်က"
"ဘာမှ မဖြစ်ပါဘူး ဆရာမရဲ့"
‌"ဟုတ်ပါပြီ မိုးကလဲ မစဲသေးဘူး'
"အာ့မို့ မပြန်နဲ့တော့နော်လို့"
"စောင့်ကြည့်ပါ့အုံးမယ်ဆို အိမ်က ဒီနားတင်ပဲကို"
"မရဘူး မပြန်ရဘူး မဟုတ်ရင် သမီးနေမကောင်းထပ်ဖြစ်လိုက်မှာနော်"
"အမလေး လူကို ချိန်းခြောက်တယ်ပေါ့"
"ဟုတ်တယ်လို့"
"မနိုင်စိန်လေး"ဆိုပြီး ပြုံးနေမိတယ်
မှောင်လာပေမယ့် မိုးက မစဲသွားပါ။
နောက်ဆုံး ပန်းချီ ဒီမှာပဲ အိပ်ဖို့ဖြစ်လာပါသည်။
"ဆရာမ ထမင်းစားရအောင် ဆရာတပည့်တွေ ထမင်းစားပြီးမှ စကားဆက်ပြောကြပေါ့"
ဆောင်းလေး မေမေမှ လာခေါ်၍ ပန်းချီနဲ့ ဆောင်းလဲ ထမင်းစားခန်းထဲသို့ ဝင်လာခဲ့ပါသည်။
"ဆရာမ အားမနာနဲ့နော် ဝအောင်စား ဆောင်းကတော့ စွတ်ပြုတ်သောက်ချင်တယ်ဆိုလို့ ပြုတ်ထားပေးလိုက်တယ်"
"ဟုတ်ကဲ့"
ဆောင်းမေမေက ဆရာမထမင်းပန်းကန်ထဲကို ဟင်းများခက်ထည့်ပေးနေပါသည်။
"ရပါတယ် အန်တီ ကျွန်မဘာသာထည့်စားပါ့မယ် အန်တီဘာသာ အေးဆေးစားပါနော် ကျွန်မကြောင့် ထမင်းစားပျက်နေအုံးမယ်"
"မပျက်ပါဘူး ဆရာမရယ် ကျွန်မမှာ တစ်ခါတစ်ခါခလေးကြီးကိုလဲ ထမင်းခွင့်ကျွေး အရိုးနွှင်ကျွေးရသေးတာ"
"ဟုတ်လား အဲ့ဒါဆို ခုတော့ အေးဆေးစားပါ ကျွန်မ အရိုးနွှင်ပေးလိုက်မယ်"ဆရာမကပြောလဲ ပြော ဆောင်းရဲ့ စွတ်ပြုတ်ထဲမှ ကြက်ပေါင်များကို ယူ၍ အသားများနွှင်ခါ ပန်းကန်လေးထဲ ထည့်ပေးထားသည်။
ထမင်းစားပြီးတော့ ဆောင်းကတော့ ဆေးသောက်ပြီး အိပ်နှင့်လေပြီ ပန်းချီလည်း အန်တီ့ကို ကူသိမ်းပြီး ဧည့်ခန်းမှာ အတန်ကြာအောင် စကားပြောနေမိသည်။
"ဆရာမ ဆောင်းလေးအခန်းထဲမှာ အိပ်လို့အဆင်ပြေရဲ့လား အခန်းလွတ်ရှိတယ် အဲ့မှာပဲ အိပ်မလား"
"မအိပ်တော့ပါဘူး ဆရာမရယ် ဆောင်းလေးနဲ့ပဲ အိပ်လိုက်မယ် အဆင်ပြေမှာပါ သူကလဲ လူကောင်သေးသေးလေးပဲကို"
"ဟုတ်ကဲ့ပါ အဆင်ပြေတယ်ဆိုရင်လဲ"
"ဟုတ်ကဲ့"
စကားပြောပြီး ပန်းချီအခန်းထဲ ဝင်လာခဲ့လိုက်သည်။
ဆေးရှိန်ကြောင့်ထင်ပါသည် အိပ်ပျော်နေလေပြီ။
သူမလေး အလိုက်သိရှာသည်။ ညအိပ် ဝတ်စုံလေး ထုတ်ထားပေးသည်။ ပန်းချီ မြန်မာဝတ်စုံ ဝတ်လာ၍ အိပ်ရမှာ အရမ်းမွန်းကျပ်နေတာနှင့်အလိုက်တတိထုတ်ထားပေးတော့ အိပ်နေသည့် သူမလေးကို ပြုံးပြီး ကြည့်နေမိသည်။
အဝတ်အစားလဲ၍ တစ်ဖက်တွင် တိုးအိပ်နေသော သူမလေးဘေးကို ဝင်အိပ်လိုက်သည်။ အိပ်ရေးဆက်တော့ နိုးသွားသည်ထင်သည် လှုပ်လာသည့်သူမ
"Sorryပါ သမီးလေး ဆရာမကြောင့် နိုးသွားပြီ"
"ရပါတယ် ဆရာမရဲ့ "
ဆောင်း‌လည်းပြောလည်းပြော ဆရာမဘက်ကို ကိုယ်လေးစောင်းပြီး ပြန်အိပ်လိုက်သည်။
ဆရာမကလဲ ဆောင်းဘက်ကို လှည့်၍ ဆောင်းရဲ့ ခေါင်းလေးကို အသာပွတ်၍ မျက်လုံးမှိတ်ပြီးအိပ်လိုက်သည်။
.......................................................................
ဆောင်းမနက် အိပ်ယာနိုးတော့ ဆရာမ မရှိတော့ပါ။
မျက်နှာသစ်ပြီး မေမေရှိရာကို ထွက်လာခဲ့လိုက်သည်။
"မေမေ ဆရာမ အစောကြီးကတည်းက ပြန်သွားတာလား ဒီနေ့ ကျောင်းပိတ်တာကို"
"ဟုတ်တယ် သမီးလေးရဲ့ သမီးလေးဆရာမက အပြင်သွားစရာရှိလို့တဲ့ သမီးလေး သက်သာပြီလား"
"ဪ သက်သာပြီ မေမေရဲ့"ဆိုပြီး ခေါင်းလေးငြိမ့်၍ ဆောင်းလည်း အခန်းထဲ ပြန်ဝင်လာလိုက်သည်။
'ပိတ်ရက်ဆိုတော့ ဟိုလူကြီးနဲ့များ ချိန်းတွေ့သွားတာလား' ဆောင်းတွေးရင်း အ‌တွေးတွေက သတ်နေသည်မို့ ရေချိုး၍ ထမင်းစားရန် အောက်ကို ဆင်းလာခဲ့ပါသည်။
ထမင်းစားနေရင်းဖြင့် လာပါပြီဗျာ စပ်စုစိန်နှစ်ယောက်
"သမီးတို့ ထမင်းက်ြောလာစားလေ စောစောစီးစီးပ့"
"ဟုတ်တယ်အန်တီရဲ့ ညက မိုးရွာနေလို့ ဆောင်းဆီ မလာရလို့ ခု စောစောလာလိုက်တာ ‌သမီးတို့အိမ်က မနက်စာစားခဲ့ပြီ အန်တီတို့တာ အေးဆေးစား သမီးတို့ ဆောင်းအခန်းထဲက စောင့်နေမယ်" ဒါဒါကပြောတော့
"‌အေး ငါကလဲ မကျွေးချင်ပါဘူး သွားစောင့်နေ ပြီးရင် လာခဲ့မယ်"
ဆောင်း သူမ သူငယ်ချင်းတွေကို ဘုကလန်ပြန်ပြောလိုက်သည်။
______________________________________


အချစ်စစ်Where stories live. Discover now