16

2.4K 108 3
                                    

ဂျူတီက နေ့လည်မှ ဖြစ်တဲ့အတွက် ဆောင်း မနက်ပိုင်း အိမ်မှာပဲ နေဖြစ်ပါသည်။ ရုပ်ရှင်ကြည့်နေစဉ် ခြံရှေ့မှ ကားဟွန်းသံကြောင့် ဆောင်းထွက်ကြည့်ရာ မ ဖြစ်နေသည်။
"ဟင် မပဲ ဘာဒုက္ခတွေများ ပေးအုံးမို့ ဆောင်းကို လာရှာတာလဲ မရယ်"
ဆောင်း တစ်ယောက်ထဲ ပြောနေမိသည်။ မကိုတော့ ဆောင်း ထွက်မတွေ့ဖြစ်ပါ။ အချိန်အတော်ကြာသည်ထိ မက ဆောင်းရဲ့အိမ်ထဲကို ကြည့်နေပါသည်။ ဆောင်းကို မျှော်ကြည့်နေသည့်ပုံစံက ဆောင်းရင်ကို နာကျင်စေပါသည်။ မကို နှလုံးသားက ထွက်တွေ့ရန် တွန်အားပေးနေပေမယ့် ဦးဏှောက်ကတော့ ခွင့်မပြုပါ။ ဆောင်း အများကြီးနာကျင်ခဲ့ရပြီးပြီ။ နောက်ထပ်နာကျင်ရမှာကို ကြောက်ပါသည်။ ဒဏ်ရာက ခုထိ မကျက်သေးပါပဲ နောက်ထပ်ဒဏ်ရာမလိုချင်တော့ပါ။ မလဲ သူ့မိသားစုနဲ့သူ ဖြစ်နေပြီပဲကို ဆောင်းကို ဘာအတွက်ကြောင့်နဲ့များလာရှာနေသေးလဲ မရယ်။ အခုချိန်ထိ မက မပြန်သေးပါ။ ခနနေ မိုးရွာတော့မည်။ မိုးဦးကျစဖြစ်တာမို့ အခန့်မသင့်ရင် မ ဖျားနိုင်ပါသည်။ 'ပြန်ပါတော့ မရယ်'ဆောင်း စိတ်ထဲက ပြောနေပေမယ့် မ မကြားသလို ပြန်လဲ မပြန်ပါ။

ခနနေတော့ မိုးတွေက တအားရွာလာပါသည်။ မက မပြန်ဘဲ မိုးရေထဲမှာ ဆောင်းကို ရပ်စောင့်နေသည်။ လေတွေကလဲ တအားတိုက်နဲ့ ကြာရင် မ ဖျားမည်ကို ဆောင်းစိုးရိမ်မိသည်။‌ နောက်ဆုံးတော့ မနေနိုင်သည့်ဆောင်းကပဲ ဦးဏှောက်ကို အလျော့ပေးက နှလုံးသားအလိုလိုက် လိုက်ရပါသည်။

ဆောင်း ထီးတစ်ချောင်းကို ယူကာ ခြံရှေ့ဆီသို့ ထွက်လာလိုက်သည်။ မက ဆောင်းထွက်လာတာကို မြင်တော့ လွမ်းမောနေတဲ့အကြည့်တွေနဲ့ ဆောင်းကို ကြည့်နေပါသည်။
"မိုးရွာနေတယ် အထဲဝင်လာခဲ့ပါ ဆရာမ"
"အွင်း"ဆိုပြီး မက လိုက်လာပါသည်။ သက်‌ဆိုင်သူရှိတဲ့ မကို ဆောင်း မ ဆိုပြီး မခေါ်ခဲ့ပါဘူး။
"အဝတ်အစားတွေလဲလိုက်အုံး မိုးတွေရွာနေတာကို ဘာလို့ မပြန်ဘဲ ရပ်နေတာလဲ"
"ဆောင်းကမှ ထွက်လာမတွေ့တာ"
"......"
"ဆောင်း မကို ဘာဖြစ်လို့များ ရှောင်သွားတာလဲ မမှာ ဘာအပြစ်ရှိလို့လဲ ကလေးရယ်"
"အအေးမိမယ် အဝတ်အစားသွားလဲတော့"
"မ မေးတာ ဖြေအုံးလေ ဆောင်းရဲ့"
"ပြီးခဲ့တာတွေလဲ ပြီးပါပြီ ဆောင်းဘာမှမပြောချင်တော့ဘူး ဘာမှပြောင်းလဲလို့ရတော့တာမှမဟုတ်တာ"
"မကို ပြောပြအုံးလေ မ ဘာအပြစ်ရှိလို့လဲဆိုတာ မ ဘာလောက်တွေးတွေး မ တွေးလို့မရဘူး မကို ထားခဲ့တာ စိတ်မဆိုးနိုင်ဘူး တစ်ချိန်လုံး ဆောင်းကိုလွမ်းတဲ့စိတ်နဲ့ မ ဆောင်းကိုပဲ တမ်းတနေမိတာ"
"ဒါတွေ မပြောပါနဲ့တော့ဗျာ ခုချိန်မှာ ဘာက ပြောင်းလဲပေးနိုင်မှာလဲလို့" ဆောင်း စိတ်တွေထဲ တအားမွန်းကြပ်လာသဖြင့် မ ရှေ့မှာပဲ ဆေးလိပ်တစ်လိပ်ကို ယူကာ မီးညှီလိုက်သည်။ အရင်တစ်ခါလို မက ဆွဲမလုတော့ပါ။
"အဝတ်အစားသွားလဲပါတော့နော် ဆရာမ တအားအေးနေပြီ"
"ဆောင်းလေး မကို အရင်ပြောပါ့အုံး ဘာလို့ မ မကြိုက်တဲ့ဆေးလိပ်တွေလဲ ဆက်သောက်နေတာလဲ ဆောင်းရယ်"
"......."ဆောင်း မကိုဘာမှမပြောဘဲ ဆေးလိပ်ကို ဖွာလိုက်သည်။
"မ ဆောင်းကို ရှာခဲ့သေးတယ် ဆောင်းလေးက မကိုရှောင်နေတော့ နောက်ဆုံး ဆောင်း မကိုလက်လွှတ်လိုက်တာပါ"
"ကလေးက ဆရာမနဲ့ မတူဘူးနော် သူ့အဖေနဲ့ တအားတူတာပဲ" ဆောင်း စကားစတွေပြတ်ရန်အတွက် စကားလမ်းကြောင်းလွှဲလိုက်ပါသည်။
"ဆောင်းက ဘယ်ကလေးကို ပြောနေတာလဲ ဘာလို့ မနဲ့တူရမှာလဲ"
"ဆရာမနဲ့ကိုမင်းသီဟကလေးကို ပြောတာပေါ့ ဆရာမရဲ့"
မက ထရယ်ပါသည်။ ဆောင်း‌အတွေးထဲ မ အဲ့လောက်တောင် သဘောကျရလားဆိုပြီး တွေးနေမိသည်။
"ကလေးကို ဘယ်သူပြောလဲ မ ကလေးပါလို့ မက အပျိုကြီးနော် ရှင်လေးကျွန်မကို ကလေးအမေ မလုပ်ခိုင်းနဲ့ ကျွန်မမှာ စောင့်နေတဲ့လူရှိတယ်"
"ဟင် ဘာပြောတာ"ဆောင်း အရမ်း အံ့ဩပါသည်။ ဆောင်းနားကို ဆောင်း မယုံနိုင်ဖြစ်ရပါသည်။
"မမှာ စောင့်နေတဲ့လူ ရှိတယ်လို့"
"ဒါဆို ဟိုနေ့က"
"ကိုမင်းက မအားလို့တဲ့ မကို ကူညီခိုင်းလို့ မက လိုက်ပို့ပေးရတာပါရှင့်
"ဪ..."
"ဘယ်အချိန်ထိ မ မကြိုက်တဲ့ဆေးလိပ်တွေက သောက်နေအုံးမှာလဲ"
"ဆောင်းကြိုက်တယ်လေ"
"ဆရာဝန်ဖြစ်နေပြီး လူတွေကို ရှောင်ခိုင်းရမယ့်အစား ကိုယ်တိုင်က သောက်ရသလား ဆောင်းရဲ့"
"ဆောင်း အိမ်မှာပဲ သောက်တာပါ"
"မသောက်နဲ့ မ မကြိုက်ဘူး"
"အဝတ်အစားသွားလဲတော့ နားတွေလဲ ရဲနေပြီး"
"မလဲဘူး မကို ဘာလို့ထားပြီးထွက်သွားလဲဆိုတာ မပြောရသေးဘူး"
"လဲပြီးရင် ပြောပြမယ် ဆောင်းကိုယ်တိုင် နားမလည်တာတွေလဲရှိတယ် သွားလဲတော့နော်" ဆောင်း နောက်ကနေ အတင်းတွန်းပို့တော့မှ မက သွားလဲတော့သည်။
ဆောင်း တွေးနေမိသည်။ မက အိမ်ထောင်မရှိဘူးပဲ။ မက စောင့်နေတာတဲ့ မက ဘယ်သူ့ကို စောင့်နေတာလဲ အတွေးများစေတဲ့ဆောင်းအတွက် အများကြီး ပိုတွေးနေမိသည်။ ဒီနှစ်တွေအတွင်း မ ဘာတွေများလုပ်နေခဲ့တာလဲ မရယ်။
"ကလေးဘာတွေတွေးနေတာလဲ မ လာတာတောင် မသိ"
"ဪ ပြီးပြီလား ဘာမှမတွေးပါဘူး"
"အွင်း မကို မဆက်သွယ်ဘဲ နေနိုင်လိုက်တာ ကလေးရယ်"
"နေနိုင်တယ်လို့တော့ မဟုတ်ပါဘူး ဒီတိုင်းပါပဲ"
"ဟုတ်ပါပြီ မကို ဘာလို့ ထားခဲ့တာလဲ မမှာ ပြန်သွားတဲ့နေ့ကတည်းက ဆောင်းနဲ့မတွေ့ရတာ မ ဆောင်းကို လိုက်ရှာသေးတယ် မတွေ့ချင်သူက တမင်ပုန်းနေခဲ့တာဆိုတော့"
"ဆောင်း မတွေ့ချင်လို့မဟုတ်ပါဘူး မ ပြန်သွားတဲ့နေ့က မဆီဖုန်းဆက်မရတာနဲ့ ဆောင်းညတွင်းချင်း မဆီလိုက်လာခဲ့တာ မနက်ပိုင်း မ အိမ်‌ရှေ့ရောက်တော့ မနဲ့ ဟိုလူကြီးက လက်ချင်းတွဲပြီး ထွက်လာတာကို ဆောင်းတွေ့တယ်လေ"
"အဲ့ဒါနဲ့ပဲ ခုလိုအဝေးကြီးရှောင်သွားရတာသလား မကို ဘာလို့ဘာမှမမေးဘဲ ရှောင်နေတာလဲ ဟင်"
မက ငိုသံထွက်လာပါသည်။ ပြီးတော့
"မ ကိုမင်းကို မကြိုက်ခဲ့ဖူးဘူး အဲ့တုန်းကလဲ လူကြီးတွေရှေ့မို့ မ ရှောင်လွှဲမရခဲ့လို့ပါ ဆောင်းလေးရဲ့"မ က ငိုတယ်ရော ပြောတယ်ရောဖြင့် ဆောင်းကို ပြောပြနေပါသည်။
"မငိုပါနဲ့တော့ မရယ် ပြီးခဲ့တာတွေ ပြီးခဲ့ပြီပဲ ထားလိုက်တော့နော် ဆောင်း ဘာမှမသိချင်တော့ဘူး"
"........"ငိုမြဲငိုနေဆဲပါပဲ။

အချစ်စစ်Where stories live. Discover now