3

2.1K 124 0
                                    

အတန်းချိန်အားလုံးပြီးသောအခါ ဆောင်းတို့အားလုံးအိမ်ကို ပြန်လာခဲ့ကြတယ် လမ်းတွင်

'လေးနာရီခွဲကြ အိမ်ကို လာခဲ့နော် ကျူရှင်တူတူသွားမယ်'

'အေးပါ ဆောင်းရဲ့ ငါတို့ အဲ့အချိန်အရောက်လာခဲ့မယ်'

'see you မိုးနဲ့ဒါဒါ'

'ဟုတ်ကဲ့ပါ see you' ဆိုပြီး မိုးရတီနဲ့ ယုနန္ဒာဝင်းတို့ ပြိုင်တူပြုံးလျှတ်နှုတ်ဆက်ကာ စက်ဘီးလေးစီးပြီး ထွက်သွားလေတယ် ဆောင်းကတော့ အိမ်တံခါးကို ဖွင့်ပြီး ထုံးစံအတိုင်း

'မေမေရေ ‌‌သမီးပြန်ရောက်ပြီနော်'
လူအရင် မမြင်ရဘဲ အသံအရင်ကြားရတဲ့ သမီးလေးကို ဒေါ်ယဉ်နွယ် စဖိုချောင်ထဲကနေ ပြုံးနေမိတယ်

ဆောင်း မေမေ့အနားသွားပြီး

'မေမေ ဘာချက်နေတာလဲ အိမ်ရှေ့ကတည်းက မွှေးနေတာပဲ'

'သမီးအကြိုက် ပင်လယ်စာတုန်ယမ်းချက်ထားတယ် ဒီနေ့ သမီးဖေဖေပြန်လာမှာလေ'

'ဟုတ် ညက မေမေတို့ ဖုန်းပြောသံ သမီးကြားတယ် မေမေ သမီးရေချိုးအုံးမယ် ကျူရှင်သွားရအုံးမှာမို့နောက်ကျမယ်စိုးလို့'

'အေးပါကွယ် သွားသွား မြန်မြန်ချိုးနော် အအေးပတ်မယ်'

'ဟုတ်မေမေ' ဆောင်း လေးပင်တဲ့ခြေလှမ်းတွေနဲ့ အိမ်အပေါ်ထပ်ကို တက်လာခဲ့တယ် ဆောင်း‌ဖေဖေ့မျက်နှာမမြင်ချင်ပါ ဆောင်းငယ်ငယ်က ဖေဖေ့အကြောင်းမသိခင်က ဆောင်းဖေဖေ့ကို အရမ်းချစ်တာ ဒါမယ့် အကြောင်းစုံသိပြီးနောက်ပိုင်း ဆောင်းဖေဖေကိုမြင်ရင်ကို စိတ်ထဲမွန်းကြပ်နေတာ ဆောင်းကို ချစ်တယ်ဆိုပေမယ့် သူ့စရိုက်ကို နည်းနည်းလေးမှ မပြင်ပေ။ ရေချိုးပြီး တိုနာလေး ပါးပါးလေးလိမ်းပြီး နာရီကြည့်လိုက်တော့ ၄နာရီပဲရှိသေးတာမို့ ဆောင်း ဘာမှမတွေးချင်လို့ ကျောင်းကပေးလိုက်တဲ့ အိမ်စာတွေကို ကြည့်နေသည်။ခနအကြာတော့ အခန်းတံခါးဖွင့်သံကြားလို့ လှည့်ကြည့်တော့

'ရောက်လာတော့တာလား ဘယ်အချိန်ရှိသွားပြီလဲ'

'နာရီကြည့် အမယ်မ ၄နာရီခွဲနေပြီ'ဒါဒါပြောမှ ဆောင်းလဲ နာရီကိုကြည့်လိုက်တော့ ၄နာရီခွဲတာ တစ်မိနစ်တောက်စွန်းသွားပြီပဲ စာထဲ စိတ်နှစ်ထားလို့ အချိန်ကုန်လို့ ကုန်သွားတာကိုပင် မသိ။ ကျူရှင်သွားရမယ်ဆိုတော့ ဆောင်း သိပ်ချစ်တဲ့လူနဲ့ နီးနီးကပ်ကပ် နေရမယ်ဆိုတော့ စိတ်ကပျော်နေပြီ ရင်တွေ ခုန်နေတာကိုတော့ ဆောင်းအသိပေ။

အချစ်စစ်Where stories live. Discover now