6

1.9K 158 10
                                    

ဒီနေ့အတွက် ပန်းချီအရမ်းပျော်ပါသည်။ ဒီကလေးလေး လူကို ဒီလောက်ထိ စိတ်ချမ်းသာအောင် လုပ်နိုင်လိမ့်မယ် မတွေးမိဘူး...
-----------------------------------------------------------
အတန်းထဲတွင်.....
''နောက်အပတ်ထဲ စာမေးပွဲရှိတယ်နော် ကလေးတွေ စာကိုဂရုစိုက်ပါ ပထမရတဲ့လူကို ဆရာမက ဆုချပါမယ်'' ဒေါ်မေပန်းချီ သူမရဲ့ အတန်းကကလေးတွေကို ‌ပြောပါတယ်...
''ဟုတ်ကဲ့ပါ''
''ကဲ အဲ့ဒါဆို သင်ခန်းစာအသစ်တက်မယ်နော်''
''ဟုတ်ကဲ့ပါ ဆရာမ'' တစ်တန်းလုံးပြိုင်တူဆိုကြတယ်
_________________________________________
စာမေးပွဲတွေဖြေပြီးလို့ အမှတ်စာရင်းတွေ ကြေညာမယ့်နေ့မှာ.....
''မင်္ဂလာပါ ကလေးတို့ရေ...''
ပါဆယ်ဘူးလေးကိုလက်မှာပိုက်လို့ အတန်းထဲ ဝင်လာတဲ့ သူမ
''ဆောင်း အမှတ်စာရင်းတွေ ထွက်ပြီထင်တယ် ဆရာမ ပါဆယ်ဘူးယူလာပုံထောက်‌ရင်''
မိုးကပြောတော့
''အေး ဟုတ်မှာပေါ့''
ဆောင်းတို့ တိုးတိုးနဲ့ စကားပြောနေစဉ်
''စကားသံလေးတွေတိတ်မယ်နော် ဆရာမ အမှတ်စာရင်း ကြေညာတော့မယ်''
အားလုံးရဲ့ရက်ထဲမှာ ရင်ခုန်သံတွေနဲ့ဆိုတာ ပြောမနေနဲ့တော့
''ကျတဲ့လူတွေကို ဆရာမ ပြစ်ဒဏ်ပေးမှာနော်''
''ဟုတ်''😔
''စတာပါ ဆရာမ ကလေးတွေက အကုန်တော်ကြတယ် တစ်ယောက်မှ မကျကြဘူး'' ပန်းချီ ချီးမွမ်းတယ်ဆိုရင်ပဲ
''ရေး" အားလုံးပျော်နေကြတယ်
"ပထမ ရတဲ့လူကို ဆုချမယ်လို့ ပြောထားတယ်နော် မှန်မိကြလား"
"ဟုတ်ကဲ့ မှတ်မိပါတယ်"
"ဆောင်းယွန်းသံဇဉ် ရှေ့ကို ကြွခဲ့ပါ"
ကြိုတွေးပြီးသားဆိုပေမယ့် ‌သူမရှေ့မှာဆိုတော့ ဆောင်း ရင်ခုန်မိတာက အတိုင်းထက်အလွန်ပဲ
"ပထမရတဲ့အတွက် ဂုဏ်ပြုပါတယ်နော် သမီးလေးဆောင်း" ‌ဆရာမက ဆောင်းကို ပါဆယ်ဘူးလေးနဲ့ ဂုဏ်ပြုလိုက်တယ်
"ဟုတ်ကဲ့ ဆရာမ"
ဆောင်းနေရာတွင်ပြန်ဝင်ထိုင်လိုက်သည်။
"အားလုံး ကြိုးစားကြမယ်နော် ၉တန်းက ၁၀တန်းရဲ့ အခြေခံဆိုတာ သိတယ်မလား"
"ဟုတ်ကဲ့ သိပါတယ်"
"အာ့ဆို နောက်ထပ် အဆင့်တွေကို ပြောပြမယ်နော်"
ဆရာမက အဆင့်တွေအားလုံးပြောပြတယ်
ဆောင်းတို့သူငယ်ချင်းတွေ အဆင့်၁၀အတွင်းဝင်ကြပါသည်။
မိုးက အဆင့်၃ရတယ် ဒါဒါက အဆင့်၇ရတယ်
မုန့်စားဆင်ချိန်ရောက်တော့
"ဆောင်း ပါဆယ်ဘူး ဖွင့်ရအောင်"
ဒါဒါက ပြောတော့
"Noပါ ကျွန်မတစ်ယောက်ထဲ အိမ်မှ ဖွင့်မှာပါ ရှင်တို့ကို ပြဖို့ စိတ်ကူးမရှိပါဘူး"
ဆောင်းက ငြင်းလိုက်တယ်ဆိုရင်ပဲ
"ဆောင်းရယ် ပြပါနော် ငါတို့လည်း ဘာလဲဆိုတာ ကြည့်ချင်တာပေါ့"
မိုးကပါ ဝင်ပြောလာသည်။
"ည ကျူရှင်မှ ပြောပြမယ် ခုတော့ လုံးဝမရပါဘူးနော်"
မိုးတို့နှစ်ယောက်လဲ ဆောင်းက မပြဘူးဆိုတာ အဆုံးစွန်ထိ သေချာနေတာမို့ ဆက်ပြီး မတောင်းဆိုတော့ဘူး။

အချစ်စစ်Where stories live. Discover now