End

4.3K 164 4
                                    

မ ကလေးမွေးဖွားမည့်ရက်ရောက်ခါနီးလေ ဆောင်း ပို၍ မကို ဂရုစိုက်ပေးမိသည်။ ကလေးလေးက သားလေးဖြစ်မလား သမီးလေးဖြစ်မလားဟူ၍လဲ အရမ်းသိချင်မိပါသည်။

"မ"

"ရှင့်"

"ကလေးလေးကို ဘာလေးလိုချင်လဲ"

"မက သမီးလေး ဆောင်းလေးကရော"

"ဆောင်းကတော့ မ မွေးပေးတဲ့ကလေးလေးက ဘာလေးပဲဖြစ်ဖြစ် ချစ်တယ်"

"ဟုတ်ပါပြီရှင့်"

"မ နေရထိုင်ရ အဆင်ပြေရဲ့လားဟင် ဘာလိုနေနေသေးလဲ"

"အဆင်ပြေပါတယ်သဲလေးရဲ့ ဘေးမှာ သဲလေးရှိနေတာကို"

"အင်းပါ ဆောင်းက ကလေးလိုချင်တယ်ပြောလို့ ခုတော့ မ ပင်ပမ်းနေရပြီ တောင်းပန်ပါတယ်နော် မ မကို ပင်ပမ်းစေလို့" မ ပင်ပမ်းတာမြင်ပြီး ဆောင်း မကို အားနာမိပြန်သည်။ မ အရမ်းပင်ပမ်းမှာပဲဆိုပြီးလဲ တွေးမိတော့ ကိုယ့်ကိုကိုယ် အပြစ်တင်မိပြန်သည်။

မက အသက်ကြီးမှ ကလေးယူရတော့ ကိုယ်ဝန်ဆိပ်ကြောင့် မ မျက်နှာ ချောင်ကျသွားသည်။

"ဟောဗျာ ဖြစ်ရ မပင်ပမ်းပါဘူးရှင် ကျွန်မက ရှင်လေးရဲ့ မိန်းမပဲ ရှင်လေးက လိုချင်ရင် မွေးပေးရမှာပေါ့ ဟုတ်ဘူးလား"

"ဟုတ်ပါဘူး ဆောင်းက ဘာပဲတောင်းဆိုတောင်းဆို မ ပင်ပမ်းမယ့်အရာတွေဆို လုပ်မပေးနဲ့ ဆောင်းက ဆိုးဖို့ပဲသိတာ အမှားအမှန် မသိဘူးရှင့်"

"မ သဲလေးကို ဘယ်သူပြောလဲ သဲလေးက အလိမ်မာဆုံးပါနော်"
ထိုသို့ပြောပြီးတော့ မက ဆောင်းရဲ့ပါးလေးက ရွတ်ခနဲ နမ်းလိုက်ပါသည်။

"မက ဆောင်းနဲ့ပတ်သတ်လာရင် အမြဲပဲ အကောင်းမြင်နေတာပဲနော်"

"ဟုတ်ပါ့ ရှင်လေးက ကျွန်မ ချစ်ရသူကို''

ဆောင်း ပြီးပြီးပဲ မကို ဖက်ထားမိသည်။

ဒီလိုနဲ့ မ မွေဖွားမည့်ရက်ရောက်တော့ မ နာကျင်သည့်ဒဏ်ကို မက အမူးအလဲ ခံစားနေရသည်ကို မြင်၍ ဆောင်း မျက်ရည်ကျမိသည်။ မက ဆောင်းကို သမီးလေးတစ်ယောက်မွေးပေးပါသည်။

"မ ပင်ပမ်းသွားပြီ နောက်အခါ မကို မတောင်းဆိုတော့ဘူးနော်" ဆောင်း မ လက်လေးကို ကိုင်၍ နှစ်သိပ့်ပေးမိသည်။

"မ အဆင်ပြေပါတယ် သဲလေးရဲ့ ဒီသဲလေးရယ် ခုမှ လောကထဲကိုစရောက်လာတဲ့ ဘေ‌ဘီလေးရယ် ကြည့်ပြီး မက မမောပါဘူးလို့"

"ဟုတ်ပါပြီ မရယ် မက မမောဘူးတာပြောတယ် မျက်နှာလေးကို ညှိုးလို့ပဲ"

"ဒါကတော့ ရှင်လေးရယ် ဟွန်း"ဆိုပြီး မက မျက်စောင်းလေးထိုးရှာပါသည်။

ဘေဘီလေးရဲ့ နာမည်ကို ဆောင်းအကြိုက်ပေးဖြစ်လိုက်ပါသည်။

"မေယွန်းပန်းချီ"တဲ့ နှစ်ဖက်မိဘတွေရဲ့ အသည်းစွဲလေး ဖြစ်လာတဲ့ ဆောင်းတို့ရဲ့ ကလေးလေး

အချိန်တွေကြာလာတော့ မရဲ့ မိဘတွေကလဲ စီးပွားရေးကို လက်လွှဲပေးခဲ့ပြီး နယ်မြို့လေးဖြစ်တဲ့ မုံရွာမှာပဲ ပြန်အခြေချ နေထိုင်ခဲ့တယ်။ ဆောင်းလည်း ကိုယ်ပိုင်ဆေးခန်းလေးဖွင့်ပြီး မုံရွာမှာပဲ မိသားစုနဲ့အတူ နေဖြစ်ခဲ့တယ်။

"မ"

"ရှင့်"

"ဘေဘီလေးကို မေမေတို့နဲ့ ခနထားခဲ့ပြီး ခရီးသွားရအောင်လေ"

"ခလေးက ခရီးသွားချင်လို့လား"

"ဟုတ်တယ် မရဲ့ ဆောင်း မနဲ့ နှစ်ယောက်ထဲ သွားချင်လို့"

"ဟုတ်ပါပြီ အာ့ဆို သွားကြမယ်လေ"

"ဒါမှ ဆောင်းရဲ့ မ" ဆိုပြီး ဆောင်းမကို ပြေးဖက်လိုက်ပါသည်။

------------------------------------------------------------

ဇာတ်သိမ်းပါပြီနော် သည်းခံပြီး ဖတ်ပေးကြသည့် တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင့် ဖုန်းပျက်နေလို့ ကြာသွားသည့်အတွက် တောင်းပန်ပါတယ်ရှင့် လိုအပ်တာတွေရှိရင် ဖြည့်ဖက်ပေးဖို့ တောင်းဆိုပါရစေရှင့် ❤️❤️❤️

အချစ်စစ်Where stories live. Discover now