15

2.1K 110 2
                                    

9နှစ်ခန့်ကြာပြီးနောက်....

အဖြူရောင် ဂျူတီကုတ်ကို လက်ပေါ်မှာတင်ပြီး ဂျင်းဘောင်းဘီအနက်နဲ့ အင်္ကျီအနက်လေးကို ဝတ်ဆင်ပြီး ‌နောက်မှာ ဆရာဝန်သူနာပြုများစွာနဲ့ လျှောက်လှမ်းလာတဲ့ သူမ၊ မြင်သူတကာငေးလောက်တဲ့ အလှအပနဲ့ ‌လူနာများကို roundလှည့်နေတဲ့သူမ၊
"ဝါး...အရမ်းချောတာပဲကွာ ဒီရန်ကုန်ဆေးရုံကြီးကို ရောက်လာတာကံကောင်းတာပဲ"
"ဘာဖြစ်လို့လဲ တစ်ခြားဆေးရုံထက် ဘာထူးခြားလို့"
"ဟိုမှာလေကွာ ကြည့်ပါ့လား ငါ့တစ်သတ် ဒီလောက်လှတာ မမြင်ဖူးဘူးကွာ အရမ်းလှတာပဲ"
"ဪ မင်းက ဟိုကဒေါက်တာကို ပြောနေတာကို"
"အေးကွ မင်းကသိလို့လား သိရင်ပြောပါ့အုံး အဲ့ဒီဒေါက်တာ ချောချောလေးအကြောင်း"
"သူ့နာမည်က ဒေါက်တာဆောင်းယွန်းသံဇဉ်တဲ့ နာမည်ကြီးပဲ ‌နှလုံးနဲ့ရင်ခေါင်းခွဲစိတ်အထူးကု သူခွဲစိတ်တာမှန်သမျှ အောင်မြင်တာကြီးပဲ ဆေးကျောင်းကတည်းက နာမည်ကြီးတာ တစ်နေ့တစ်နေ့ သူနဲ့လာပြတဲ့ လူနာတွေဆိုတာ ပေါ သူနဲ့ကျန်းမာရေးဆွေးနွေးဖို့ရာအရေး တစ်ပတ်လောက်ကတည်းက ကြိုတင်စားရင်းပေးထားရတယ်အရယ်အပြုံးလုံးဝမရှိဘူးနော် ရယ်တတ်သလား မေးယူရမယ့် လူမျိုးကွ အလှအပမှာဆိုလဲ နာမည်ကြီး ပိုးပန်းတဲ့လူတွေဆို ရာနဲ့ချီလို့ တစ်ယောက်မှ ပြန်မကြိုက်ခဲ့ဘူးနော် ဆိုရှယ်မီဒီယာလည်းမသုံးဘူးနော် သူ့fbအကောင့်ဟောင်းလေးကိုတောင် ဝင်ပြီးfollowလုပ်တဲ့လူက သန်းကျော်နေပြီ သူနောက်ဆုံးတင်ထားတဲ့ postကို ဖတ်ကြည့်မိတယ်  လွန်ခဲ့တဲ့ဆယ်နှစ်လောက်က တင်ထားတာကွ ကျန်ခဲ့ရသူက အလွမ်းတွေနဲ့တဲ့ သူနောက်ဆုံးအဲ့စာတင်ပြီးကတည်းက ဘာမှ မသုံးတော့တာပဲ"
"အဲ့ဒါဆို သူက အဲ့လူကိုစောင့်နေလို့များ နောက်ထပ်လူမထားတာလားပဲ ဒါမှမဟုတ် ငါနဲ့ဆုံဖို့များလား"
"ဆုတောင်းလေ သူက မင်းလိုကောင်ကို ဖုတ်လေတဲ့ငပိ ရှိတယ်တောင်ထင်မှာမဟုတ်ဘူး....ဟားဟား"
Receptionမှာ အလုပ်သင်ဆရာဝန်လေးနှစ်ယောက် ဆောင်းကို ကြည့်ပြီး တီးတိုးပြောနေကြသည်။

"ဒေါက်တာ ဒီနေ့ကြည့်ရမယ်လူနာက မွေးရာပါနှလုံးရောဂါနဲ့အသက်၃နှစ်ကောင်လေးတစ်ယောက်ရယ်၊ လွန်ခဲ့တဲ့လက ခွဲစိတ်ထားတဲ့ လူနာဟောင်းတွေရယ်ကြည့်ရမယ် ဒီနေ့တော့ အသစ်တစ်ယောက်ပဲလက်ခံထားတယ်" ဆောင်းရဲ့နောက်မှပါလာတဲ့ သူနာပြုမလေးက ဒီနေ့ ဆောင်းကြည့်ရမယ့်လူနာစာရင်းကို ဖတ်ပြလေသည်။
"အွင်း"

အချစ်စစ်Where stories live. Discover now