20

2.8K 121 6
                                    

"မ မေမေတို့ကို ပြောပြထားတာ ဆောင်းကို ဘာလို့မပြောတာလဲ ဆောင်းဖြင့် ချွေးတွေကို ပြန်နေတာပဲ မေမေတို့က သဘောမတူမှာစိုးလို့"
ဆောင်း အခန်းထဲရောက်တော့ မကို အပြစ်တင်နေမိသည်။
"မက ပြောပြဖို့ပဲ ဖေဖေနဲ့မေမေက ဆောင်းလေးပြောပြမယ့်အချိန်ကို စောင့်ချင်တယ်တဲ့ အာ့မို့ ကျွန်မ မပြောပြတာပါရှင့် ဂျစ်စိန်လေးရဲ့"

"ဟွန့်"

ဆောင်းတို့ တစ်ပတ်လောက်နေပြီး ရန်ကုန်ကို ပြန်တက်လာခဲ့သည်။

"မ ဆေးရုံကို လာခဲ့"ဆိုပြီး ဆောင်း မဆီ စာပို့လိုက်သည်။
ခနနေတော့ မ ရောက်လာခဲ့ပါသည်။ မက မြန်မာဝမ်းဆက်လေးနဲ့ အရမ်းကို ကျက်သရေရှိလို့နေပါသည်။

"ကလေး မကို ဘာကိစ္စခေါ်တာ အိမ်ပြန်ရောက်ရင်လဲ တွေ့နေရတာကို"

"မနဲ့ သွားစရာရှိလို့ပေါ့"

"ဘယ်သွားမှာလဲ"

"မလိုပဲ ရောက်ရင် သိလိမ့်မယ် မပြောဘူး"

"ဟာ ကလေးကကွာ"

"သွားမယ် လာ မ"

"အွင်း"ဆိုပြီး ဆောင်းဆွဲခေါ်ရာ လိုက်လာတဲ့ ဆောင်းရဲ့ ချစ်သူလေး

ကော်ဖီဆိုင်လေးတစ်ခုအတွင်း ဆောင်းတို့ ဝင်လိုက်ကြသည်။

"ကလေး ကော်ဖီသောက်မို့လား ဆိုင်က customer လဲ တစ်ယောက်မှမရှိဘူး သောက်လို့အဆင်ပြေပါ့မလား" ဟိုကြည့်ဒီကြည့်ဖြင့် ပြောနေသော မကိုကြည့်ပြီး

"ရန်ကုန်တစ်မြို့လုံးမှာ ဒီဆိုင်အကောင်းဆုံးပဲ"
ဆောင်း ထိုသို့ပြောတော့ မရဲ့ မျက်စောင်းလှလှလေးက ဆောင်းဘက်ရောက်လာသည်။

"မယုံတာလား မရဲ့"

"ယုံပါတယ်"

"အာ့ဆို မ ဘာသောက်မလဲ"
ပတ်ဝန်းကျင်ကို လျှောက်ကြည့်၍

"ကလေး ဘယ်သူမှ မရှိဘဲနဲ့ မတို့က ဘယ်သူ့ဆီမှာရမှာလဲ"

"ဆောင်းဆီပေါ့ မရဲ့ ဆောင်းမကို ဖျော်ပေးမှာပေါ့"ဆိုပြီး ပြောရင်းဖြင့် ဆောင်း ဖျော်စက်တွေရှိရာဆီ လျှောက်သွားတော့

"ကလေး ဘယ်သွားမို့လဲ လာ သူများဆိုင်ကြီးကို"

"ဘာမှမဖြစ်ပါဘူးမရဲ့ ပိုင်ရှင်မှ မရှိတာ မရဲ့"

အချစ်စစ်Where stories live. Discover now