14

2K 107 2
                                    

ဆောင်း မနက်အိပ်ယာနိုးတော့ မကတော့ မနိုးသေးပေ။ ဆောင်း မရဲ့မျက်နှာလေးကို ငေးကြည့်နေမိသည်။ မနဲ့ခွဲရတော့မည်ကို တွေးရရင် မျက်ရည်တို့ကကျလာသည်။ 'မရယ် အရင်နေ့ရပဲ ချစ်သူဖြစ်တယ် ဒီနေ့ကြ ခွဲရမှာပါ့လား မရယ်' ဆောင်းရဲ့မျက်ရည်တို့က အဆက်မပျက်ကျလာပါသည်။ သူမလေး မနိုးအောင် အသံတိတ်ငိုနေရတဲ့ ဆောင်းအဖြစ်ပါ။ ခနနေတော့ မ နိုးလာပါပြီ။
" ဆောင်းလေး နိုးနေပြီလား ဟင် ဆောင်းလေး ငိုနေတယ်" မက ဆောင်းငိုနေတာကို မြင်တော့ ဆောင်းမကို လိမ်လိုက်ပါသည်။
"မငိုပါဘူး မရဲ့" ဆောင်း မကို လိမ်နေပေမယ့် ရှိုက်သံတို့က ဆောင်း လိမ်တာကို လက်မခံပေ။
"မငိုပါနဲ့တော့ ကလေးရယ် မ ကလေးကို အရမ်းချစ်တယ်နော် မတို့ အမြဲတမ်းဖုန်းပြောကြမယ်နော် မလဲ ကလေးနဲ့ မခွဲချင်ပါဘူး ခုက မေမေနေမကောင်းတော့...."
"ဘာမှမဖြစ်ပါဘူး မရဲ့ ဆောင်း ခန‌ပါပဲ ပြီးရင် ဆောင်းနေသားကျသွားမှာပါ မ အေးဆေးသွားပါ"
"အွင်း မငိုနဲ့တော့နော် ကလေး လာပါ့အုံး မမဆီ"ဆိုပြီး မက ဆောင်းကို တင်းကျပ်စွာဖတ်ထားပါသည်။

မ ပြန်သည်ထိဆောင်း မအနားမှ တစ်ဖဝါးမှ မခွာပါ။  မ ကားထွက်သွားတော့ ဆောင်းလည်း အိမ်ကို ပြန်လာလိုက်သည်။

"မေမေ့ သမီးလေး ပြန်လာပြီလား"
"ဟုတ်မေမေ ဆရာမက ပြန်သွားပြီ"
"အေးပါကွယ် သမီးလေး ရွာကို အလည်သွားချင်သွားလေ ရွာက လူတွေက သမီးလေး စာမေးပွဲဖြေပြီးရင် အလည်လွှတ်လိုက်ပါ့အုံးတဲ့"
"ခု လောလောဆယ် သမီးမသွားချင်‌သေးဘူး"
"အေးပါ သမီးသွားချင်မှသွားပါ"
"ဟုတ် မေမေ"
"သမီးဖေဖေ ညကြရန်ကုန်ကို အလုပ်ကိစ္စသွားစရာရှိတယ်တဲ့ သမီးပျင်းရင် လိုက်သွားလေ"
"မလိုက်တော့ပါဘူး မေမေရယ် ဆောင်းမပျင်းပါဘူး"

ဒီနေ့တစ်နေကုန် ဆောင်းအခန်းထဲတွင် တစ်ယောက်ထဲ ရှိနေခဲ့ပါသည်။ မအကြောင်းတွေးမိတိုင်း မျက်ရည်တို့က အဆက်မပျက်ကျလာသည်။ မဆီဖုန်းခေါ်ချင်ပေမယ့်မကိုယ်တိုင် ကားမောင်းပြန်သည်ဖြစ်သည့်အတွက် ဖုန်းပြောရင်း ကားမောင်းရင် အန္တယ်ရယ်များသည်မို့ ‌မဆက်ဖြစ်ပါ။ မ ဖုန်းဆက်အလာကိုပဲ စောင့်နေမိသည်။
ဆောင်း လိုင်းဖွင့်ပြီး စာလေးရေးတင်မိသည်။
'ကျန်ခဲ့ရသူက အလွမ်းတွေနဲ့'
ဆိုပြီး ရေးတင်းလိုက်သည်။

အချစ်စစ်Where stories live. Discover now