Our Dreams in Korea

9.4K 721 1
                                    

စာရွက်နဲ့ ခဲတံတွေ ပြန့်ကျဲနေတဲ့ စားပွဲပေါ်မှာ အလုပ်ရှုပ်နေတဲ့ ကောင်လေးနဲ့ ဘေးနားမှာ မတ်တပ်ရပ်နေတဲ့ ချစ်စရာကောင်မလေး တစ်ယောက်

''Oppa ဒီအပတ် Joy ပါတီတစ်ပွဲ တက်ရမယ် ဒါပဲနော် Oppa design နဲ့ မှတက်မှာ ''

''Joy ရာ Oppa ကိုလဲကြည့်ဦး အခုတောင် အလုပ်စားပွဲကမထရသေးဘူး ဒီအပတ် show ရှိလို့ပါကွာ အခြားသူနဲ့   လုပ်လိုက်ပါကွာနော် နောက်တစ်ခါကျ၇င် Oppa အလှဆုံးဆွဲပေးမယ်လေနော် ''

''မရပါဘူး ကိုယ့် Oppa တစ်ယောက်လုံးရှိနေတာ ဘာအခြားသူလဲ အခြားသူတွေလဲမကြိုက်ပါဘူး Oppa     မဆွဲပေးရင် အန်တီနဲ့ အန်ကယ်ကို လှမ်းတိုင်မယ် ''

Luhan ဆွဲလက်စ စာရွက်ကို လုံးချေလိုက်ပီး အမှိုက်ပုံးထဲ ထည့်လိုက်တယ်။လက်ထဲက ခဲတံကို စားပွဲပေါ်ချပီး Joy ကို စကားပြောဖို့ မော့ကြည့်လိုက်တယ်။သေချာတယ် ဒီလိုသာ ဆက်ဂျီကျနေရင် ဒီနေ့ design ဆွဲရမယ်မထင်။

'' Joy လှမ်းတိုင်လို့ တကယ်ချက်ချင်း ရောက်ချလာမှ Joy ပါ Oppa design မ၀တ်ရဖြစ်နေမယ်နော် ''

အဲလိုပြောတော့ Joy တစ်ယောက် မျက်နှာငယ်လေးနဲ့

''​ အဲဒါမို့ လုပ်ပါ Oppa နော် Joy ဆိုင် ကောင်းကောင်းမှာ လိုက်ကျွေးပါမယ်နော် Oppa design နဲ့ဆို    

   Joy လူကြားထဲမှာထင်းနေမှာ ပီးတော့ ငါ့ Oppa design ကွဆိုပီးကြွားချင်သေးတာ ''

'' OK ဗျာ ဆွဲပေးမယ် ကျေနပ်ပီလား ''

အဲတော့မှ ကလေးမက မှိုရတဲ့ မျက်နှာနဲ့ ထွက်သွားလေရဲ့ ။ Korea မှာ ညီမလေးတစ်ဝမ်းကွဲ တစ်ယောက် ရှိပါတယ်တဲ့ နှိပ်စက်ဖို့ပဲ ချောင်းနေလေရဲ့။ ဒီအပတ်တော့ Luhan အတွက် design စားပွဲက အိပ်ရာဖြစ်ပီ။

Luhan တိုးတိုးလေး ငြီးငြူလိုက်ပေမယ့် မျက်နှာကတော့  အပြုံးမပျက်။ design ဆွဲနေရရင် ပင်ပန်းမှန်းတောင် မသိလိုက်။ designer တစ်ယောက်ဖြစ်ချင်လွန်းလို့  မိဘတွေတားနေရဲ့ကြားက  အမီမြေ China ကနေ  Korea ကို ပညာတော်သင် လာခဲ့တာ။ company  မှာ  Papa အစား ဝင်လုပ်ဖို့ တိုက်တွန်းကြပေမယ့် စိတ်မဝင်စား။ စာရွက်နဲ့ ခဲတံထိလိုက်တာနဲ့ design ပဲထွက်လာတဲ့ သူ့ဦးနှောက်အတွက်  company က စာရင်းဇယား ၊ အမြတ် ၊ အရှုံး တွေက လားလားမျှ မသက်ဆိုင်နိုင်။ သူ့ဝါသနာအရ Korea မှာ ခြေချခဲ့ တာ ငါးနှစ်တာ ကာလတောင် ကြာမြင့်ခဲ့ပီ။

Poisonous LoveWhere stories live. Discover now