Is it Love ?

6.6K 578 4
                                    

အနမ်းတွေပိုသိပ်သည်းလာတာကို Kyungsoo အလိုက်သင့် တုံ့ပြန်ရင်း ရုတ်တရပ် သတိဝင်လာကာ Kyungsoo Kai ကို တွန်းထုတ်လိုက်တယ်။ ပထမတော့ Kai အတင်းဆွဲဖက်ထားတာကြောင့် တွန်းလို့မရ ဒုတိယတစ်ခါ အားနဲ့ပြင်းပြင်း တွန်းလိုက်မှ မျက်နှာနှစ်ခုခွာသွားတယ်။ သူတို့နှစ်ယောက်က ဒီလို မဖြစ်သင့်ဘူးလေ ။


ရုတ်တရပ်ဆောင့်တွန်းလိုက်တဲ့ Kyungsoo ကြောင့် Kai နားမလည်တဲ့ ပုံစံနဲ့ Kyungsoo ဆီ တိုးလာခဲ့တယ်။

Kyungsoo နောက်ပြန်ဆုတ်ရင်း Kai ကိုနောက်ကျောပေးလိုက်တယ်။


Soo " Kai နေကောင်းသေးတာလဲ မဟုတ်ဘူး အရှေ့က ဆိုဖာပေါ်သွားထိုင်နေ Hyung

ဆန်ပြုတ်ယူခဲ့မယ်"

Soo စကားလမ်းကြောင်း လွှဲလိုက်တော့

Kai " Hyung စိတ်မပါရင် ကျွန်တော်ဘာမှ အတင်းလုပ်ယူချင်စိတ် မရှိပါဘူး Hyung "

Kai ပြောပီး တာနဲ့ အိပ်ခန်းထဲ ပြန်ဝင်လာခဲ့တယ်


Kai တံခါးပိတ်သံကြားတာနဲ့ Kyungsoo ငုတ်တုတ်ထိုင်ချလိုက်ကာ ရင်ဘတ်ကို ဆုပ်ကိုင်ထားမိတယ်။ ရင်ဘတ်က နာကျင်မှုက အသက်ရှုရပ်မတတ်ဖြစ်လာတော့ မျက်ရည်ထပ်ကျရပြန်ပီ ။Kai က သူ့ကို နမ်းတယ်တဲ့ သူနှစ်ပေါင်းများစွာ ကြိတ်ပီး သံယောဇဉ်ဖြစ်ခဲ့ရတဲ့သူကလေ ဘာလို့လဲ Kai ရင်ဘတ်တနေရာမှာသူရှိနေလို့လား

ဒါမှမဟုတ် အပျော်သဘောလား ?

သူပုံမှန်ဆို အပျော်လွန်နေမိမှာ ဒါပေမယ့် ခုတော့ သူနဲ့ ကျွန်တော်နဲ့က မဖြစ်သင့်ဘူးလေ။

သူကျွန်တော်ဘယ်သူဆိုတာ သိရင် မုန်းသွားမှာလေ။ အဲကျရင် ကျွန်တော်ဆိုတဲ့သူက သူ့အနားက အပြီးပျောက်ကွယ်သွားပေးရမယ့်သူမဟုတ်လား။ ရှေ့ဆက်တိုးရင် နှစ်

ယောက်လုံးပိုနာကျင်ရမှာ။


Soo '' Jongin ya miyanae "

တစ်ယောက်တည်း တီးတိုးရေရွတ်မိတယ်


****************************************************************************


Kai တစ်ယောက် အခန်းပြင်ကနေ အပြင်မထွက်လာတော့။ ဒါပေမယ့် တံခါးတော့ စေ့ထားတယ် Hyung ၀င်လာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။ တံခါးခေါက်ပီး အခန်းရှေ့က စားပွဲလေးပေါ် ဆန်ပြုတ်တင်ပေးပီးထဲက ညနေစောင်း Hun ပြန်ရောက်တဲ့ထိ Hyung အခန်းရှေ့ကတောင်ဖြတ်မလျှောက်တော့ဘူး။

Poisonous LoveWhere stories live. Discover now