Rules of dating

5.6K 528 5
                                    

'' Boya! Baek က မင်းရည်းစား ဟုတ်လား Yeol ''

သာမန်ထက် ကျယ်လောင်လာတဲ့ Appa အသံကြောင့် ဘေးနားက ဒူးထောက်လျက်သား Baek ကိုယ်လေး တွန့်ခနဲ ဖြစ်သွားတာ တွေ့တော့ လက်ကလေးကို အသာဖမ်းဆုပ်ထား ရင်း

Yeol '' Nae Appa Baek က ကျွန်တော့်ချစ်သူ arnyi ကျွန်တော် လက်ထပ် မယ့်သူပါ အဲဒါမို့ Na Na နဲ့ ကိစ္စကို ...''

Appa '' တော်စမ်း Yeol မင်းကို ပညာတွေ သင်ပေးပီး ဝါသနာပါရာကို လုပ်ပါစေတော့ ဆိုပီး လွှတ်ပေးထားတာ ခုလို အသိဥာဏ်မဲ့တဲ့ အလုပ်တွေ လုပ်လာဖို့ မဟုတ်ဘူး ''

Yeol '' ကျွန်တော် Baek ကို ချစ်တာ အသိဥာဏ်မရှိလို့ မဟုတ်တာလုပ်နေတာမှ မဟုတ်ဘဲ ''

Appa '' အော် ဒါဆို ချစ်သူပါ ဆိုပီး အိမ်ကို မိန်းကလေးမဟုတ်ပဲ ယောင်္ကျားလေး၁ယောက် ကို ခေါ်လာတာက ဟုတ်တာလုပ်နေတာလား Yeol ပြောစမ်းပါဦး ''

Yeol '' အချစ်မှာ မိန်းကလေး ယောင်္ကျား လေး ခွဲခြားမထားပါဘူး Appa ''

Yeol '' ဘာ အချစ် ဟုတ်လား မင်းအချစ်က ဟုတ်မှမဟုတ်ပဲ ယောင်္ကျားလေး အချင်းချင်းကိုကွာ လူကြားလို့မှ မကောင်း ဒီမှာ Yeol ငါ့ အသိုင်းအဝိုင်းထဲမှာ တခါမှ ဒီလို မရှိခဲ့ဘူးသလို ငါ့ကျမှ ဒီလိုအဖြစ်မခံနိုင်ဘူး အဲတော့ မင်း Na Na ကိုပဲ လက်ထပ်ရမယ် ''

Yeol '' ကျွန်တော် Na Na ကို လုံးဝ လက်ထပ်မှာ မဟုတ်ဘူး Appa.ကျွန်တော် တသက်လုံး Baek ကိုပဲ လက်တွဲသွားမှာ Appa တို့ ဒီလိုပဲ ပြောမယ်ဆိုတာ အစထဲက တွေးထားပီးသားပါ ဒီနေ့လာတာ Appa တို့ ကို သဘောတူဖို့လာတောင်းဆိုတာမဟုတ်ပါဘူး ကျွန်တော် လက်ထပ်မယ့်သူက Baek ဆိုတာကို လာအသိပေးတာပါ ''

Baek '' Yeol ya ဘာလို့အဲလို ပြောတာ လဲ Arnyi arjushi ကျွန်တော်တို့ကို သဘောတူလာတဲ့ထိ စောင့်ပါ့မယ် Yeol ပြန်တောင်းပန်လိုက်လေ ''

Appa '' အေး ကိုယ်လုပ်ချင်ရာလုပ်ပီး မိဘတွေ အစ်မတွေ အရှက်ရလောက်တဲ့အထိ မင်းအချစ်က တန်ဖိုးကြီးနေရင် ဒီနေ့ကစပီး မင်းနဲ့ ငါတို့နဲ့ ဘာမှ မသက်ဆိုင်တော့ဘူး ''

Appa စကားက ရင်ထဲမှာ မြှားတစ်စင်း စိုက်သွားသလိုပင်။ ခုချိန်ထိ စကားဝင်မပြောဖြစ် ပဲ Appa နဲ့ Yeol ကို အလန့်တကြား ကြည့်နေတဲ့ Omma က မျက်ရည်တွေ ဝဲလာပီး

Poisonous LoveWhere stories live. Discover now